Pokemon GO က သင့်ဖုန်းရဲ့ဘက်ထရီသက်တမ်းနဲ့ ဒေတာအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

@http://www.myanmarmobileapp.com/

Pokemon GO ဟာ ဘက်ထရီအစားကြမ်းလွန်းတဲ့ ဂိမ်းတစ်ခုပါ။ ဒါကလည်း သိပ်တော့ အံ့သြစရာ မရှိပါဘူး။ Nintendo ရဲ့ နာမည်ကျော်လူကြိုက်များနေတဲ့ ဒီမိုဘိုင်းလ်ဂိမ်းဟာ သင့်ဖုန်းရဲ့ GPS ၊ graphic processor ၊ cellular radio နဲ့  ကင်မရာကို သုံးရုံတင်မကဘဲ တစ်ချိန်လုံးအပြင်ဘက် outdoor ထွက်ပြီးလိုက်ကြည့်ရဖို့ ကိုယ့်ရဲ့ screen ကို အလင်းတောက်နေဖို့ ဖွင့်ထားဖို့ လည်း လိုတာဖြစ်ပါတယ်။


ဒါပေမယ့်လည်း Pokemon GOမှာ ဘက်ထရီက တကယ်တမ်း ဘယ်လောက်ထိပြီး ဒေတာ ဘယ်လောက် စားသွားလဲဆိုတာကို စမ်းကြည့်ရအောင်။
apple ဖုန်းအချင်းချင်းသုံးပြီးလုပ်ဖို့ အချက်အလက်တွေ အများကြီးကို ထိန်းချုပ်ဖို့ လိုပါတယ်။ ဥပမာ-
  • screen brightness (တောက်ပမှုနှုန်းမြင့်လေ ဘက်ထရီစားလေ)
  • Cell Strength (ရေဒီယိုသုံးမှုနည်းခြင်း- ဖုန်းမှာ လိုင်းတက်အောင်လုပ်ရလေ ဘက်ထရီိပိုစားလေ)
  • Background applications (Pokemon GO app ကိုရည်ရွယ်တာပါ )
  • စမတ်ဖုန်း processors အမျိုးမျိုး (တစ်ချို့  processor တွေက ပိုပြီးထိရောက်မှုရှိတယ်။)
  • ဘက်ထရီအရွယ်အစား အမျိုးမျိုး
စမယ်ဆို iPhone 6S ဖုန်းတစ်လုံးတည်းနဲ့  စမ်းကြည့်ရအောင်။
auto brightness setting ကို ပိတ်လိုက်မယ်။ နောက်ခံ background apps အားလုံးကို အကြမ်းအားဖြင့် ၈၀ ရာခိုင်နှုန်း အထိ brightness ကို disable လုပ်လျှော့ထားပြီး Google ရဲ့ San Francisco ရုံးနားတစ်ဝိုက်က လမ်းကြောင်းကနေ ဆယ်လူလာလိုင်းသုံးတာကို ထိန်းချုပ်ဖို့ San Francisco ပတ်ပတ်လည်က လမ်းကြောင်းအတိုင်းပဲ လမ်းလျှောက်ပါ။

အဲဒီနောက် ဒီလမ်းအတိုင်း နောက်ထပ်နှစ်ကြိမ်လုပ်ရပါမယ်။ တစ်ခုက Pokemon GO ကို ဆော့မယ့်အစား Facebook ကို browse တဲ့နေရာကနေသွားပြီ။ နောက်တစ်ခုက အိတ်ထဲက ဖုန်းနဲ့ အတူ Spotify နားထောင်တဲ့နေရာက သွားရပါမယ်။ ပြီးတာနဲ့  ကျွန်တော်တို့ တကယ်သိချင်တာက Pokemon GO ဟာ တစ်ခြား အက်ပ်တွေနဲ့ ယှဉ်ကြည့်ရင် ဘယ်လိုနေမလဲ သိရပါမယ်။ နောက်ဆုံးတော့ Pokemon GO ကစား နေတုန်း Spotify နားထောင်လို့ ဒီနှစ်ခုပေါင်းပြီး သုံးလိုက်တဲ့အတွက် ဘယ်လို သက်ရောက်မှုရှိမလဲ သိသွားပါ မယ်။
အက်ပလီကေးရှင်းတစ်ခုစီကို မိနစ်သုံးဆယ်သုံးသွားမယ်။ တစ်ခုသုံးပြီးတာနဲ့ နောက်တစ်ခုအကြား ဖုန်းကို အားအပြည့်ပြန်သွင်းမယ်။
အိုင်ဖုန်းမှာဆို Pokemon GO ဟာ တကယ့်ကို ဘက်ထရီစားတယ်ဆိုပေမယ့် ဒေတာတော့ မသုံးပါဘူး။နာရီဝက်လောက်ဆော့တာမှ ဒေတာက 10MB ပဲ ကုန်တယ်ဆိုတာ တွေ့ ရပါတယ်။ ဒါဟာ video မကြည့်ဘဲ Gmail သီးသန့် သုံးတာထက် တစ်နာရီစာ လျော့ပါတယ်။ ( Verizon မှ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ Pokemon GO ဟာ လိုင်းအကြပ်ဆုံး အက်ပလီကေးရှင်း ၂၀ထဲမှာ ပါနေတာတောင်မှ Verizon ရဲ့ နက်ဝါ့ခ် မှာ သုံးတဲ့ storage စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းထက်ကို နည်းတယ်လို့ ဆိုပါတယ်။)
ဘက်ထရီပိုင်း ရလဒ်ကတော့ သိပ်မမိုက်ပါဘူး။
  • Pokemon Go = ကစားချိန် မိနစ် 30 အတွက် ဘက်ထရီ 15 %စားပါတယ်။
  • Facebook = မိနစ် 30 အတွက် 5%
  • Spotify (offline playback) = မိနစ်30 မှာ 0%
  • Pokemon GO & Spotify တွဲသုံးမယ်ဆို မိနစ် 30 မှာ 17 % ဘက်ထရီသုံးပါတယ်။
ဒီနှုန်းတွေနဲ့  iPhone 6S မှာ Pokemon GO ကို ၇ နာရီပဲ ဆော့လို့ ရမယ်မှန်းရပါတယ်။ ဒါတောင် ကိုယ့်ဖုန်းမှာ Pokemon ပဲ သီးသန့် သုံးထားမှလို့  ယူဆထားတာပါ။ တစ်ခုတော့ရှိတယ် ။ ကျွန်တော့် အသိထဲ က တစ်ယောက်ကတော့ နောက်ခံအက်ပလီကေးတွေအမျိုးမျိုးကို ရောပြီးသုံးလိုက်တာ မိနစ် ၃၀ အတွင်း iPhone 6S ဘက်ထရီရဲ့ ၄၅ ရာခိုင်နှုန်းထိ စားသွားပါတယ်။ Pokemon ပဲကစားလိုက်တာ ကျွန်တော့် Galaxy S7 ရဲ့ဘက်ထရီဟာ တစ်နေ့ တောင် မခံပါဘူး။
အခုဆို Pokemon ပဲ စွဲဆော့ရင် ဘက်ထရီဘယ်လောက်ခမ်းတယ်ဆိုတာ သိသွားပြီ။ ဂိမ်းမှာတော့ battery saver mode တစ်ခု အသေ ပါလာပါတယ်။
 


ဘက်ထရီသက်တမ်းအကောင်းဆုံး ဖုန်းငါးမျိုးနဲ့ စမ်းပြီး လှည့်သုံးကြည့်ချင်ကြည့် ဒါမှမဟုတ် ကိုယ့်ဖုန်းမှာ အပို ဘက်ထရီတစ်ခုခုပဲ ဝယ်ချင်ဝယ် ဒါပဲ လုပ်လို့ ရမှာပါ။


Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment