Tuesday, 16 February 2016

iPhone 5SE ကို ပန်းရောင်နှင့် အခြားရောင်စုံလည်းရမည်

iPhone 5SE ကို ပန်းရောင်နှင့် အခြားရောင်စုံလည်းရမည်

ဂျပန်အခြေဆိုက် နာမည်ကြီး ဘလောဂ် တစ်ခုမှ Apple ရဲ့ iPhone 5SE ဟာ ပန်းရောင်နဲ့ အခြားသော အရောင်စုံများလည်း လာမှာ ဖြစ်ကြောင်း ရေးသား ပြောဆိုခဲ့ ပါတယ်။

၎ လက်မ အရွယ်အဖြစ် ထွက်ရှိမယ့် ယင်း အိုင်ဖုန်းဟာ အသေးစား ဗားရှင်း ဖြစ်ပြီး iPhone 5S ကို ထပ်မြင့်ထားတဲ့ ဗားရှင်းအဖြစ် မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ Feature များက ယနေ့ iPhone နောက်ဆုံးပေါ်မှားနဲ့ သိပ်မကွာ ပါဘူး။ 3D touch မပါဝင်တာမျိုးလောက်ပဲ ရှိပါတယ်။ A9 Chip ကို အသုံးပြုပြီး မြန်ဆန်မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ Storage လည်း များမှာ ဖြစ်ပြီး ဘယ်ကနေ စမယ်ဆိုတာတော့ မပြောဆိုသေး ပါဘူး။ iPhone 7 မှာတော့ အားသွင်းကြိုး၊ နားကြပ်ပေါက်တို့ မပါဝင်တော့ပေမယ့် iPhone 5SE မှာတော့ ပါဝင်နေပါလိမ့်မယ်။
SE ရဲ့ အဓိပ္ဗါယ်ကတော့ Special Edition ဖြစ်ပါတယ်။ ပန်းရောင်၊ Space Grey, ရွှေရောင်၊ အနက်ရောင်၊ အဖြူရောင်၊ Rose Gold အစရှိသဖြင့် စုံလင်စွာ ထွက်ရှိမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။ လာမယ့် ဧပြီလဆန်းမှာ ထွက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: dailymail
Credit  Myanmar Mobile App

ကျေးဇူးတင်ပါတယ်။
Be Positive!

No comments:

Post a Comment