Thursday, 3 March 2016

♪ Marshmallow မှာပါဝင်လာတဲ့ Feature အသစ်ငါးခု ♫

နှစ်တိုင်းနှစ်တိုင်းမှာ Android ဟာ သူတို့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ OS တွေကို ထုတ်ပြန်ပေးလေ့ရှိပါတယ်။ အဲ့ဒီအထဲက ယခုအခါမှာလည်း နောက်ဆုံးထွက်ထားတဲ့ Android Version 6.0 Marshmallow ထဲက လုပ်ဆောင်ချက်အသစ် ၆မျိုးကိုမိတ်ဆက်ပေးချင်ပါတယ်။
 
၁) စွမ်းအင်ထိန်းချုပ်မှု
စမ်းသပ်ချက်တွေအရ Nexus 5 စမတ်ဖုန်းကို Android 6.0 နဲ့ အလုပ်လုပ်စေလိုက်တဲ့အခါမှာ ဘက်ထရီသက်တမ်းမှာ ပြဿနာတစ်စုံတစ်ရာမရှိတာကို တွေ့ရပါတယ်။ အချက်အလက်တွေအရ ဒီ Version ဟာ ဘက်ထရီသက်တမ်းကို အတော်လေးတိုးတက်လာစေပြီး တခြားပစ္စည်းတွေကိုလည်း အကျိုးများစေမှာ သေချာပါတယ်။
 
၂) Now On Tap
New Marshmallow Features 2
ဒီ Feature ကတော့ Android အသုံးပြုသူတွေကို နောက်ထပ်အဆင့်တစ်ဆင့် တက်ရောက်သွားစေမှာ အသေအချာပါပဲ။ သင့်သူငယ်ချင်းတွေနဲ့ ချိန်းတွေ့မယ့်အကြောင်းပြောမယ်၊ ရုပ်ရှင်ကားတွေအကြောင်းကြည့်မယ် ဆိုရင် သင့်အတွက် Google Now On ကသတင်းအချက်အလက်တွေယူဆောင်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် သင့်သူငယ်ချင်းတွေနဲ့ ညစာစားဖို့အကြောင်းရိုက်လိုက်ရင် အဲ့ဒါလေးကသင့်ကို ဖုန်းခေါ်တဲ့ အိုင်ကွန်လေးပြပြီး အဲ့ဒီဆိုင်ကိုဖုန်းဆက် Booking လုပ်ထားဖို့အကြံပေးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ရုပ်ရှင်အကြောင်းတွေရှာချင်သလား ရပါတယ်။ Now On Tap က သင့်ကို အဲ့ဒီရုပ်ရှင်ဇာတ်ကားရဲ့ IMDb ဒါမှမဟုတ် Rotten Tomatoes က Rating သတ်မှတ်ချက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ထပ်ပြီးသိချင်သေးရင် အောက်ဖက်မှာ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ စတားတွေကိုလည်း ဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ Now On Tap ကို သင့်ဖုန်းမှာ တကူးတက မရှာချင်ဘူးဆိုရင်လည်း သင့်အနေနဲ့ Home Button ကိုဖိထားလိုက်တာနဲ့ ကျလာမှာဖြစ်ပါတယ်။
 
၃) App ခွင့်ပြုချက်
Android 6.0 မှာ အသုံးပြုသူတွေအနေနဲ့ ဘယ် App က ဘယ်လို ဝန်ဆောင်မှုတွေအတွက် ခွင့်ပြုချက်တွေရှိတယ်ဆိုတာကို ကိုယ်တိုင်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။
 
၎) Copy / Paste
ဒါကတော့ တိုးတက်မှုအသေးစားလေးတစ်ခုပါပဲ၊ တချို့မူလပိုင်ရှင်တွေ ကြိုက်မှာမဟုတ်ပေမယ့် Marshmallow မှာ သင့်အနေနဲ့ ဘယ်လိုစကားလုံးကိုမဆို အရှည်အတိုမဆို၊ ရွေးချယ် မှတ်သားပြီး Cut/Copy/Paste လုပ်နိုင်ပြီဖြစ်ပါတယ်။
 
၅) ပိုမိုကောင်းမွန်တဲ့ အသံထိန်းချုပ်မှု
နောက်ထပ်ပါလာတဲ့ တိုးတက်မှုတစ်ခုကတော့ အသံထိန်းချုပ်မှုပါပဲ။ ယခုအခါသင့်အနေနဲ့ အသံကို သုညအထိချလိုက်ရင် ဖုန်းဟာ အလိုအလျောက် Silent Mode ဖြစ်သွားမှာ ဖြစ်ပြီး ထပ်ပြီးအောက်ချလိုက်ဦးမယ်ဆိုရင် Do Not Disturb Mode ကိုအလိုအလျောက် ဖြစ်သွားမှာဖြစ်ပါတယ်။

Ref: Guiding Tech
Credit to  ==> Myanmar Digital Life Journal
 
 
Be Positive!

No comments:

Post a Comment