Saturday, 5 March 2016

♪ “Sony က Xperia Ear ကိုမိတ်ဆက်” ♫

Sony က MWC မှာXperia Ear လို့ အမည်ပေးထားတဲ့ နားကြပ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ဥာဏ် ရည်တုနည်းပညာပါရှိပြီးစမတ်ဖုန်းနဲ့ ဆက်သွယ်အလုပ်လုပ်နိုင်ပါတယ်။ စမတ်ဖုန်းထံဖုန်း ၀င်လာရင် နားကြပ်က သင့်ကိုအသိပေးနိုင်ပါတယ်။

ဒါ့အပြင် စမတ်ဖုန်း Apps များမှ ရာသီဥတု အခြေအနေများ၊ လူမှု ကွန်ရက်မှ ပို့စ်များ၊ Missed Calls များ၊ Messages များကိုနားကြပ်ကသင့်ကိုအသိပေးပြောကြားပေးမှာ ဖြစ်ပါ တယ်။ Google Now လိုဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်မျိုးကိုနားကြပ်မှာထည့်သွင်း ပေးထားတာဖြစ်ပါတယ်။ လမ်းတည်နေရာ များကို ရှာဖွေခိုင်းနိုင်ပြီး Message များကိုလည်းအသံဖြင့် ပြောကြားရုံနဲ့ ပေးပို့နိုင်ပါတယ်။ Sony ရဲ့ နားကြပ်ဟာ KitKatနဲ့ သူ့အထက် ထည့်သွင်းထားတဲ့ Android Device များနဲ့ တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။

 ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ဘက်ထရီသက်တမ်းကတော့ ၃ နာရီခွဲသာခံတဲ့အတွက် နည်းပါးပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Be Positive!

No comments:

Post a Comment