Monday, 1 August 2016

စက်တင်ဘာ ၉ ရက်နေ့ မှ စတင်ပြီး iPhone 7 နှင့် 7 Plus ကို ကြိုတင်မှာယူနိုင်ပြီ

@http://www.myanmarmobileapp.com/
ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က နာမည်ကျော်မိုဘိုင်းလ်ဖုန်းသတင်းပေးတစ်ဦးဖြစ်တဲ့ Evan Blass မှ iPhone 7 နှင့်  7 Plus တို့ ကို စက်တင်ဘာ ၁၂ ရက်နေ့ မှာ စတင်ဖြန့် ချိသွားမယ်လို့ ခန့် မှန်းခဲ့ပါတယ်။ သိပ် မကြာခင်မှာပဲ စက်တင်ဘာလ ၁၆ ရက် သောကြာနေ့ မှာ ဖြန့် ချိသွားမယ်လို့ ခန့် မှန်းခဲ့ပါသေးတယ်။ ဒီနေ့ မှာတော့ နောက်ဆက်တွဲသတင်းအနေနဲ့  Blass မှသတင်းပေးပို့ ရာမှာ ကြိုတင်အမှာစာတွေကို စက်တင်ဘာလ ၉ ရက်နေ့  သောကြာနေ့ မှ စတင်လက်ခံသွားမယ်လို့ ဆိုပါတယ်။
အက်ပဲလ်ဟာ ထုံးစံအားဖြင့်တော့ အော်ဒါအမှာစာတွေကို လက်ခံမှု မစတင်ခင် ရက်အတန်ကြာကပင်  အိုင်ဖုန်းအသစ်နဲ့ ပတ်သတ်လို့  ကြေငြာမှုတွေ လုပ်လေ့ရှိပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ ဟာ အလုပ်သမားနေ့ ဖြစ်ပြီး အင်္ဂါနေ့ လည်း ဖြစ်ပါတယ်။ ဒီတော့ စက်တင်ဘာ ၆ ရက်နေ့ ပဲ Apple ရဲ့ iPhone 7 ကို ကြေငြာမယ့်နေ့ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် အက်ပဲလ်ဟာ စက်တင်ဘာ ၉ ရက်နေ့ မှာ iPhone ကို ကြေငြာခဲ့  ပြီး စက်တင်ဘာ ၁၂ ရက်နေ့ မှာ အမှာစာအော်ဒါတွေကို စပြီး လက်ခံခဲ့ပြီ စက်တင်ဘာ ၂၅ ရက်နေ့ မှာ ဖြန့် ချိ  ရောင်းချခဲ့တာပါ။
Blass ဟာ အန်းဒရိုက် စမတ်ဖုန်းတွေကို တရားဝင်အတည်ပြုမှုတွေ မလုပ်ခင်မှာ ယင်းတို့ နဲ့ ပတ်သတ် သည့် အသေးစိတ်အချက်အလက်များနှင့် ပုံရိပ်များကို သတင်းထုတ်ပေးမှုအတွက် နာမည်ကျော်ပါတယ်။ iPhone 7 နှင့် 7 Plus ကို ဖြန့် ချိမယ့် သီတင်းပတ်ကို မခန့် မှန်းမီ ရက်အတန်ကြာကပင် Blass ဟာ အက်ပဲလ် ရဲ့ စမတ်ဖုန်းအသစ်အတွက် ကုဒ်နာမည်တွေကို Sonora နဲ့  Dos Palos တို့ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
Confirmed: Pre-orders start on the 9th. You can extrapolate the launch event date from there. https://twitter.com/evleaks/status/756708040150249472 

ယခုနှစ် iPhone မော်ဒယ်သစ်တွေဟာ နားကြပ်ပေါက်မပါတာကလွဲရင် ဒီဇိုင်းပိုင်းဆိုင်ရာ သိသာသည့် အပြောင်းအလဲရယ်လို့  ပါဝင်လာမယ်ရယ်လို့ မမျှော်လင့်ထားပါဘူး။


အဲဒီအစား Apple ဟာ ၁၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် iPhone 8 မှာပဲ အဓိက သွင်ပြင်လက္ခဏာတွေကို ထည့်သွင်းမိတ်ဆက်သွားမယ်လို့  ဆိုပါတယ်။ မျက်နှာပြင် 4.7 လက်မရှိသည့် iPhone 7 မှာ ပိုမိုအဆင့်မြင့်ကောင်းမွန်သည့် ကင်မရာနှင့် ပုံရိပ်ငြိမ် ဖမ်းနိုင်စွမ်းလည်း ပါဝင်လာမှာ ဖြစ်ပြီး မျက်နှာပြင် 5.5 လက်မရှိသည့် iPhone 7 Plus မှာတော့ RAM 3GB နှင့် ရှေ့ နောက်ကင်မရာစနစ် duel-lens camera system တစ်ခုလည်း ပါဝင်လာပါတယ်။



iPhone 7 နှင့် 7 Plus ၏ features တွေနဲ့ ပတ်သတ်ပြီး နောက်ထပ်ကြားရသည့် ကောလာဟလတွေ ထဲမှာ TSMC လုပ် ပိုမို မြန်ဆန်သည့် A10 processor ၊ နေရာပြန်ချိန်ထားသည့် antenna bands ၊ လိုင်းဆွဲအား ပိုမိုကောင်းသည့် LTE နှင့် Wi-Fi ၊ အနည်းငယ်ပိုပြီး ကြီးမားသည့် ဘက်ထရီ တစ်ခုနှင့် ပင်မသိုလှောင်စွမ်းအား အနေနဲ့  အနည်းဆုံး 32 GB ပါဝင်လာပါမယ်လို့ အသံထွက်နေပါတယ်။
Wai Lin Aung (Myanmar Mobile App)


No comments:

Post a Comment