ကိုယ့်ရဲ့ဖုန်းကိုတစ်ညလုံးအားသွင်းထားသင့်သလား?

@http://www.mmitfamily.com/
ကျွန်တော်တို့အနေနဲ့ ညဘက်မှာ ဖုန်းကို အားကုန်ခါနီးအထိအသုံးပြုကြပြီး အိပ်ခါနီးမှာမှ ဖုန်းကို အားသွင်းပြီး စိတ်ချလက်ချ အိပ်တတ်ကြပါတယ်။ နောက်တစ်နေ့မနက်ကျရင်တော့ အားအပြည့်ဖြည့်ထားတဲ့ ဖုန်းကိုပြန်သုံးတတ်တဲ့ အကျင့်ကတော့ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအတော်များများမှာရှိပါတယ်။ ဒီလိုမျိုး ဖုန်းကို တစ်ညလုံးအားသွင်းထားတာဟာ ကိုယ့်ရဲ့ ဖုန်းဘက်ထရီအတွက်ရော ကောင်းမွန်စေပါ့မလားဆိုတာကတော့ စဉ်းစားစရာပဲဖြစ်ပါတယ်။ ဒီအကျင့်က ကောင်းလား ၊ မကောင်းလားဆိုတာကတော့ တိတိကျကျသိသင့်ပြီထင်ပါတယ်။

ဖုန်းကို တစ်ညလုံးအားသွင်းထားတတ်တဲ့ အကျင့်ကတော့ ဖုန်းဘက်ထရီအတွက် ချက်ချင်းဆိုသလို ဆိုးဝါးတဲ့ အဖြစ်အပျက်တွေကို ယူဆောင်လာပေးမှာတော့မဟုတ်ပါဘူး။ ဖုန်းဘက်ထရီတိုင်းဟာ အားအပြည့်ဖြစ်လာတဲ့အချိန်မှာ မလိုတော့တဲ့ လျှပ်စီးကြောင်းတွေကို ဘက်ထရီထဲကို မဝင်တော့အောင် ကာကွယ်ပေးနိုင်ပြီး Overcharge မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ချက်ချင်းဆိုသလိုတော့ ဖုန်းဘက်ထရီကို ထိခိုက်နိုင်မှာမဟုတ်ပါဘူး။
ဒါပေမယ့်လည်း ကျွန်တော်တို့ဖုန်းတွေမှာ လောလောဆယ်အသုံးပြုလျက်ရှိနေတဲ့ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေဟာ ဖုန်းအားပြည့်တဲ့အထိ ဘာပြဿနာမှမဖြစ်ပေမယ့်လည်း နောက်ထပ်မလိုအပ်ပဲ ဝင်လာတဲ့ လျှပ်စီးကြောင်းတွေနဲ့ ထိတွေ့မှုရှိလာချိန်မှာတော့ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေဟာ ရှော့ခ်ရှိလာပါတယ်။ မလိုတဲ့ လျှပ်စစ်တွေကြောင့် ဖုန်းအပူချိန်မြင့်တက်လာမှုနဲ့အတူ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေထဲမှာလည်း ဆဲလ်ဓာတ်တိုးခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်ရပ်တွေက ကြာလာတဲ့အချိန်မှာတော့ ဖုန်းဘက်ထရီရဲ့ သက်တမ်းကို ကျဆင်းစေပြီး ဘက်ထရီလဲလိုက်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

ဒါ့ကြောင့် ဖုန်းကိုတစ်ညလုံးအားသွင်းထားတာဟာ ကြာလာတဲ့အချိန်မှာတော့ ဖုန်းအတွက်ကောင်းကျိုးမရှိနိုင်ပါဘူး။ နောက်ထပ်တစ်ချက်အနေနဲ့တော့ ဖုန်းဘက်ထရီသက်တမ်းကို ၅၀ နဲ့ ၈၀ ကြားမှာ အသုံးပြုတာက ဖုန်းဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်ခံစေတယ်လို့လည်း သိရပါတယ်။
ဖုန်းအားကို ၀% အထိဖြစ်သွားအောင် အသုံးပြုပြီး ပြန်အားသွင်းတာကလည်း ဖုန်းဘက်ထရီကိုမြန်မြန်စွမ်းဆောင်ရည်ကျဆင်းစေပါတယ်။ ဒါ့ကြောင့် ဖုန်းကို အားတစ်စက်မှမရှိအောင် အသုံးပြုတာကလည်း ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

သင့်အနေနဲ့ အကယ်လို့များ ဖုန်းကို တစ်ညလုံးအားသွင်းထားပြီးမှ အိပ်တတ်တဲ့သူဖြစ်နေတယ်ဆိုရင်လည်း ဖုန်းဘက်ထရီကို ကြာရှည်ခံအောင် ပြုလုပ်နိုင်တဲ့ အဖြေတွေ ရှိနေပါတယ်။ နံပါတ် ၁ အချက်အနေနဲ့တော့ ကိုယ့်ဖုန်းဝယ်တည်းက တစ်တွဲတည်းပါလာတဲ့ charger နဲ့သာ အားသွင်းပေးပါ။ ဒီလိုမျိုး သူ့အိုးနဲ့ သူဆန် အသုံးပြုတာကတော့ ဖုန်းအတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

နံပါတ် ၂ အချက်အနေနဲ့တော့ ဖုန်းကို တစ်ညလုံးအားသွင်းမယ်ဆိုရင် မပူအောင်ထားပါ။ သင့်အနေနဲ့ ဖုန်းနောက် ကာဗာကို ချွတ်ထားလိုက်တာမျိုးကို ဖုန်းအပူချိန်ကို ကျဆင်းစေပါလိမ့်မယ်။ နံပါတ် ၃ အချက်အနေနဲ့တော့ သင့်ဖုန်းအားကို ၅၀နဲ့ ၈၀ ကြားမှာ များများအသုံးပြုပေးသင့်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ဖုန်းအားကို ၀ အထိ ရောက်အောင်သုံးပြီးမှ ပြန်အားမသွင်းပါနဲ့။ ဒီလို ခဏခဏ ပြုလုပ်နေမယ်ဆိုရင်တော့ ဖုန်းဘက်ထရီက မြန်မြန်လစ်သွားမှာပါ။

Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment