♪ " WINDOWS 10 ပေါ်မှာ LINUX သုံးမယ် " ♫

@http://www.winkabarkyaw.net/

ဆာင်းပါးရှင် - နောင်စိုး (ထားဝယ်)

Windows ပေါ်မှာ Linux သုံးလို့ရသလား။ ရပါတယ် Virtual box လို့ခေါ်တဲ့ Software တစ်ခုခံပြီး သုံးလို့ရပါတယ်။ OSX တွေလည်း Intel Hardware တွေ သုံးလာပြီမို့ ဆန္ဒရှိရင် Windows ပေါ်မှာ OSX တင်သုံးလို့လည်း ရပါတယ်။ OS နှစ်ခုပြိုင်သုံးတဲ့အတွက် ကြုံရမယ့်အခက်အခဲက Hardware လိုအပ်ချက်ပါ။ Hard disk 500 Gb လောက်သုံးလာပြီမို့ space အတွက် ပြဿနာ သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ processor လိုအပ်ချက်ရှိမယ်။ Core i3 2.0 GHz လောက် အနိမ့်ဆုံးရှိမှ အလုပ်လုပ်တာအဆင်ပြေမယ်။ RAM က အနည်းဆုံး 4 Gb ရှိဖို့လိုပါမယ်။

၂ဝ၁၆ ထဲမှာထွက်တဲ့ ကွန်ပျူတာအများစုဟာ Processor ကလွဲပြီး ကျန်တဲ့ hardware လိုအပ်ချက်တွေ ပြည့်မီတာများပါတယ်။ ကံကောင်းလာတာက နောက်ဆုံးထွက် Windows 10 Anniversary Update မှာ Linux ကိုအခြေခံတဲ့ Bash Shell ပါလာတာဖြစ်ပါတယ်။ ဒါကြောင့် Linux terminal ကို Windows ထဲမှာ တိုက်ရိုက် run နိုင်ပါတယ်။ တစ်ခုတော့ရှိတယ်။ Windows ပေါ်မှာ Linux သုံးမယ်ဆိုရင် Linux အတွေ့အကြုံ အနည်းအပါးရှိဖို့လိုပါတယ်။ Linux ထဲက Bash Shell နဲ့ရင်းနှီးထားတဲ့ အတွေ့အကြုံရှိမယ်ဆိုရင် ပိုပြီးအဆင်ပြေပါမယ်။ Bash ရဲ့ Command line စနစ်ကို အပြည့်အဝသုံးနိုင်ပါမယ်။ ကိုယ်လုပ်ချင်တဲ့အရာ တွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်နိုင်ပါလိမ့်မယ်။

Windows 10 ထဲမှာ ထည့်ပေးထားတဲ့ Bash ဟာ Graphical Software တွေကို အပြည့်အဝ အထောက်အပံ့မပေးပါဘူး။ ဒါပေမဲ့ Xming တို့လို X server Software တင်ပြီး run မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ Xming ဟာ Bash ရဲ့ အပြင်ဘက်ကနေ အထောက်အကူပေးပါမယ်။ X server အလုပ်လုပ်နေပြီဆိုရင် app အသစ်တစ်ခုခု ဥပမာ Firefox ကိုတင်ပါ။ ပြီးရင် Sudo apt-get install firefox ဆိုတဲ့ Command ကို ရိုက်ထည့်ပါ။ ပြီးရင် DISPLAY = :0 firefox ကိုထပ်ရိုက်ပြီး Enter ခေါက်ပါ။ Firefox browser ဟာ Window အသစ်တစ်ခုနဲ့ ပေါ်လာပါမယ်။

Bash Command line နဲ့ အရမ်းကြီး မရင်းနှီးဘူးဆိုရင် Windows Command prompt သုံးဖူးတဲ့ အတွေ့ အကြုံရှိဖို့လိုပါတယ်။ Bash ရဲ့ အသုံးအဝင်ဆုံး Command တွေကို Windows Commad က ခေါ်ယူလို့ရပါတယ်။ Default အနေနဲ့ Windows Bash Shell app ဟာ Linux Desktop graphical application တွေနဲ့ တွဲပြီးအလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် X server app တင်ပြီး တချို့သော graphic အလုပ်တွေ လုပ်ခိုင်းရတာဖြစ်ပါတယ်။ X server တင်လိုက်တဲ့အတွက် Firefox, Pidgin နဲ့ Chromium browser တွေကို Command Line ကနေ သုံးနိုင်ပါမယ်။ Windows 10 ပေါ်မှာ Linux သုံးတဲ့ အခြေခံစာကြေပြီးပြီဆိုရင် ubuntu documentation page ကိုသွားပြီး Advanced command တွေကို လေ့လာသင့်ပါတယ်။ ဒါဆိုရင် File backup/ system and network info checking အပြင် တခြားအလုပ်တွေကို Command line ကနေ လုပ်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး Windows 10 ပေါ်မှာ Linux တင်ပြီး သုံးဖို့အတွက် Windows 10 Anniversary Update လိုပ တယ်။ Windows 7 နဲ့ Windows 10 ကိုကွန်ပျူတာထဲမှာ တရားဝင်ထည့်ဝယ်တဲ့သူတွေက Windows 10 Anniversary Update ကို ချက်ခြင်း download ချဖို့ အခွင့်အရေးရပါမယ်။ တရားမဝင်သုံးသူတွေက Anniversary Update ဆိုင်ပေါ်ရောက်တဲ့အထိ စောင့်ရပါလိမ့်မယ်။ Windows 10 Anniversary update (build 14316 ကနေ နောက်ပိုင်း) ကို တရားဝင်ယူခွင့်ရပေမယ့် မရှိသေးတဲ့လူတွေက start menu မှာ Windows update ကိုရိုက်ထည့်ရပါမယ်။ ပြီးရင် chek for updates ကို ရွေးရပါမယ်။ ပြီးရင် learn more မှာ ကလစ်နှိပ်ပါမယ်။ သူက Looking for more information aboult lastet updates ခေါင်းစဉ်အောက် မှာရှိပါတယ်။ ပြီးရင် Get the Anniversary update now ကို ရိုက်ရပါမယ်။ လက်ရှိအနေအထားအရ ပင်လယ်ကွေ့သား မိုဘိုင်းအင်တာနက်နဲ့ချိတ်ပြီး အလုပ်လုပ်ရင် နာရီဝက်လောက်မှာ ကိစ္စပြီးပါမယ်။

Anniversary Update install လုပ်ပြီးပြီဆိုရင် start menu ထဲမှာ setting ကို ရိုက်ထည့်ပါမယ်။ ပြီးရင် app ကို ဖွင့်ပါမယ်။ အဲဒီနေရာကနေပြီး update and security နေရာမှာ ကလစ်နှိပ်ပါမယ်။ ပြီးရင် for developers ကို ကလစ်ဆက်ပြီး နှိပ်ပါမယ်။ အဲဒီနောက်မှာ Developer mode ကို ရွေးပါမယ်။ pop-up box တက်လာရင် yes ကို နှိပ်ပါမယ်။ ဒီလိုနှိပ်လိုက်ရင် developer mode packae ကို install လုပ်ပြီး activate လုပ်ပေးပါမယ်။ ဒီအဆင့်ရောက်ရင် control panel ကို ဖွင့်ပါ။ Programs ကတစ်ဆင့် Turn Windows fearture on and off ကို သွားပါ။ Windows sub system for linux (Beta) ဘေးက လေးထောင့်ကွက်ထဲမှာ အမှန်ခြစ်ပေါ်အောင် လုပ်ပေးပါ။ ပြီးရင် OK မှာ ကလစ်နှိပ်ပါ။ Windows ကို Restart လုပ်ပေးဖို့ Pop-up box ပေါ်လာရင် Restart now ကို ရွေးပေးပါ။

ကွန်ပျူတာ တစ်ကျော့ပြန်ပွင့်လာပြီဆိုရင် start နေရာမှာ ကလစ်နှိပ်ပါ။ bash ကို ရိုက်ထည့်ပြီး bash -run command ကို ရွေးပါ။ Y ကို နှိပ်ပေးဖို့ လာပြောပါမယ်။ ဒါက Ubuntu ကို Windows 10 ပေါ်မှာ install လုပ် ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် y ကို နှိပ်ရပါမယ်။ ပြီးရင် enter ခေါက်ပါမယ်။ Bash on ubuntu on windows 10 ကို Windows store ကနေစပြီး download လုပ်ပါမယ်။ အနိမ့်ဆုံး 250 kbps အမြန်နှုန်းရှိတဲ့အင်တာနက် ဆက်သွယ်မှုလိုပါတယ်။ app ကို download ချပြီးရင် ဖိုင်ကို extract လုပ်ပါ။ UI NX user name ထည့်ပေးဖို့ လိုပါမယ်။ ပြီးရင် Enter ခေါက်ပါ။ password ကို နှစ်ကြိမ်ထပ်ရိုက်ထည့်ရပါမယ်။ ပြီးသွားရင် console ကို ပိတ်လိုက်ပါ။
Start menu မှာ Bash လို့ ရိုက်ထည့်ပါ။ ပြီးရင် Bash on ubuntu on windows ကို ရွေးပါ။ Bash Shell ဟာ ubuntu ထဲမှာ အလုပ်လုပ်သလိုပဲ Windows ထဲမှာအလုပ်လုပ်ပါလိမ့်မယ်။ admin အခွင့်အရေးရထားပြီဖြစ်လို့ Command line တွေ ရိုက်ထည့်တဲ့အခါ ရှေ့မှာ sudo(super user) ကို ရိုက်ထည့်ပေးစရာ မလိုပါဘူး။ cd (change directory) အပါအဝင် သုံးနေကျ Linux bash command တွေသုံးနိုင်ပါပြီ။ LS (list ) mv (more) နဲ့ cp (copy) ဆိုတဲ့ command တွေကိုလည်း သုံးနိုင်ပါမယ်။ Windows file system ဆီသွားချင်ရင် cd/mnt/c လို့ရိုက်ပြီး enter ခေါက်ပါ။ Bash မှာ စာလုံး အကြီးအသေးရွေးတဲ့ (Case-sensitive) ဖြစ်တယ်ဆိုတာ သတိထားရပါမယ်။ စာလုံးတွေကို တိတိကျကျ ရိုက်ထည့်ပေးရပါမယ်။

ပြီးရင် Ls ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Bash က directory content တွေကို ပြပေးပါမယ်။ ကိုယ်သွားချင်တဲ့ sulo-directory ကို တိတိကျကျ သိမယ်ဆိုရင်
(ဥပမာ users) cd users လို့ရိုက်ထည့်ပြီး enter ခေါက်ရပါမယ်။ Directory ပြောင်းချင်တဲ့အခါတိုင်း cd ကိုရိုက်ထည့်ပေးရပါမယ်။ Directory အသစ် ဖန်တီးမယ်ဆိုရင် mkdir ကို သုံးရပါမယ်။ rm ကတော့ mkdir သုံးပြီး ဖန်တီးတဲ့ဖိုင်တွေကို ဖျက်ဖို့ဖြစ်ပါတယ်။ text editor ကိုသုံးမယ်ဆိုရင် vi ဒါမှမဟုတ် nano ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။ history ကတော့ လတ်တလော သုံးခဲ့တဲ့ Bash commands တွေရဲ့ history ကို ပြပေးပါမယ်။ wget က web server ထဲက content တွေ retrieve လုပ်ရာမှာ အစွမ်းထက်တဲ့ tool ဖြစ်ပါတယ်။ wget အကြောင်းသိချင်ရင် wget - help လို့ ရိုက်ထည့်ပေးရပါမယ်။ ဒါဆိုရင် သုံးလို့ရတဲ့ command အပြည့်အစုံစာရင်းကို Bash က ပြပေးပါမယ်။

Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment