မားသားဘုတ်တွေ ဘယ်လိုကွာလည်း

@http://www.mmitfamily.com/


ကွန်ပျူတာ တစ်စုံ ဆင်ချိန်/ဝယ်ချိန်မှာ ခေါင်းစားရတဲ့ အချက်တစ်ခုကတော့ ဘယ် motherboard ကို ရွေးရမလည်း ဆိုတာပါပဲ။ ကျန်တဲ့ အစိတ်အပိုင်းတွေကျတော့ ရွေးရတာ ရှင်းပါတယ်။ အခြေခံအကျဆုံးပြောရရင် ဈေးကြီးပေးရလေ ပိုကောင်းလေလို့ ယေဘုယျပြောလို့ရပါတယ်။
မားသားဘုတ်မှာကျတော့ အဲလိုယတိပြတ်သွားပြောလို့ မရတော့ပါဘူး။
မားသားဘုတ်ကို ဈေးကြီးပိုပေးလိုက်တော့ ဘာတွေပိုမြန်သွားမလည်း
ဈေးသက်သာတာဝယ်လိုက်တော့ ဘာတွေမှာ အားနည်းသွားမလည်း
အများစုအတွက် စဉ်းစားရခက်စေပါတယ်။ ဒီတော့ ဒီနေ့မှာ မားသားဘုတ်တွေကို နည်းနည်းယှဉ်ကြည့်ရအောင်။

မားသားဘုတ်တွေကို chipset လို့ခေါ်တဲ့ တည်ဆောက်ပုံမော်ဒယ်နဲ့ အဓိက ခွဲခြားပါတယ်။ AMD မှာဆိုရင် FM2+, AM3+ စသဖြင့် Intel မှာဆိုရင် LGA 1150, 1151, LGA 2011 စသဖြင့် အမျိုးအစားတွေခွဲထားပါတယ်။ မြန်မာပြည်မှာတော့ AMD မားသားဘုတ်နဲ့ စီပီယူ အဲလောက်မတွင်ကျယ်တဲ့အတွက် intel based မားသားဘုတ်တွေကိုပဲ အဓိက ယှဉ်ပြသွားပါမယ်။

Intel မားသားဘုတ်တွေမှာ H,Z,Q,B စသဖြင့် မော်ဒယ်နံပါတ်တွေ ရှိပါတယ်။ H97, H110 စတဲ့ ဘုတ်တွေဟာ သာမန်သုံးအတွက်ဖြစ်ပြီး ဒီဘုတ်တွေမှာ CPU ကို overclock လုပ်လို့မရပါဘူး။ Z မှာတော့ overclock လုပ်လို့ရပါတယ်။ PCIe lane speed တွေမှာ ပိုကောင်းပါတယ်။ B နဲ့ Q ကတော့ enterprise အတွက် feature တွေ ပိုပါပါတယ်။

ဒီနေ့ပြောချင်တာက ဈေးကြီးတဲ့ မားသားဘုတ်နဲ့ ဈေးသက်သာတဲ့ဘုတ် နှစ်ခုကို ယှဉ်ပြချင်တာဖြစ်လို့ chipset အကြောင်းတော့ အသေးစိတ် မပြောတော့ပါဘူး။

LGA 1151 သုံးတဲ့ Z170 မားသားဘုတ်နှစ်ခုကို ရွေးမယ်ဆိုပါတော့။
USD 150 တန် MSI Z170A PC Mate မားသားဘုတ်နဲ့ USD 600 တန် Gigabyte GA-Z170X G1 မားသားဘုတ်ကို ယှဉ်ကြည့်ရအောင်။
ဈေးကတော့ ၄ဆတောင်ကွာတာပဲ။ Gigabyte ဘုတ်ကို သုံးလိုက်ရင် performance များ လေးဆကွာသွားမလား။ 

အဲလိုထင်ရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ ဒါဖြင့် performance ဘယ်လောက်များ ကွာသွားမလည်း။ ကျန်တဲ့ အစိတ်အပိုင်းတွေအားလုံးကို ဒီဘုတ်နှစ်ခုပေါ်မှာ တူတူစိုက်ထားမယ်ဆိုပါတော့။ Performance ကွာခြားချက် ဇီးရိုးပါ။ ဘယ်တွေမှာကွာသွားလည်းဆိုတော့ ခင်ဗျားရဲ့ RAM ရွေးချယ်မှုနဲ့ PCIe ကဒ်ရွေးချယ်မှုပေါ်မှာကွာသွားပါတယ်။

MSI ဘုတ်မှာဆိုရင် DDR4 3600Mhz ထိ စိုက်လို့ရပါတယ်။ သူ့ထက် ဈေး ၄ဆကြီးတဲ့ Gigabyte G1 ဘုတ်မှာကျတော့ DDR4 3866Mhz ထိ ရပါတယ်။ 

MSI ဘုတ်မှာ PCIe 3.0 ကို 16x အမြန်နှုန်းနဲ့ slot နှစ်ခုပါပါတယ်။ 
Gigabyte မှာ PCIe 3.0 16x slot နှစ်ခု 8x slot နှစ်ခုနဲ့ PCIe 3.0 slot လေးခုပါပါတယ်။ ဒီတော့ ခင်ဗျားက Graphic Card တွေ Dual, Triple တွေ စိုက်ချင်တယ်၊ PCIe SSD တွေ စိုက်ချင်တယ်ဆိုရင် G1 ဘုတ်မှာက slot တွေပိုပါတဲ့အတွက် ပိုစိုက်လို့ရပါတယ်။

ဘုတ်နှစ်ခုလုံးမှာ Sata 3 port ၆ခုစီပါပါတယ်။ G1 မှာက M.2 slot တစ်ခုပိုပါပြီး Sata Express slot နှစ်ခုပိုပါပါတယ်။ Thunderbolt ပါတယ်။ ကျန်တာကတော့ USB 3.0 port တွေမှာ G1 က 3.1 type c ပါတယ်။ USB 3.0 device တွေအတွက် ပိုမြန်တယ်ပေါ့ဗျာ။

အဓိကက ဒါပဲကွာပါတယ်။ မားသားဘုတ်တွေကြားမှာ အဓိကကွာတာက ခုနပြောခဲ့တဲ့ အချက်တွေရယ်ပြီးတော့ သိပ်အသုံးမဝင်တဲ့ feature တွေဖြစ်တဲ့ audio၊ network ဘာညာတွေပဲကွာပါတယ်။ ဒါတွေကလည်း သူတို့ဟာသူတို့ လူစိတ်ဝင်စားအောင် နာမည်လှလှပေး တံဆိပ်ကပ်ထားတဲ့ marketing gimmick တွေပါ။ 

RGB လို မီးတွေ မာသားဘုတ်မှာပါတာတို့ Heatsink လှလှပပ ပါတာတို့လိုမျိုးတွေကတင် ဈေးက မတန်မဆကွာပါတယ်။ ဒီဇိုင်းနဲ့ သုံးထားတဲ့ ပစ္စည်း ကွာလတီကတော့ ဈေးကြီးတာက ပိုကောင်းတတ်ပါတယ်။ ဒါတောင် အမြဲတမ်းမဟုတ်ဘူးနော်။ အဲလောက်ကြီး ကွာတာမဟုတ်ပါဘူး။

ဒီတော့ မားသားဘုတ်ဝယ်ရင် အဓိကကြည့်ရမှာက ကိုယ်ကဘယ်လိုသုံးမှာလည်း RAM ကို ဘယ်လောက်ထိ သုံးမှာလည်း ဂရပ်ဖစ်ကို ၂ကဒ် ၃ကဒ် စိုက်ချင်တာလား ဆိုတာ အရင်ကြည့်ရပါမယ်။

မဟုတ်ဘူး ကျွန်တော်က သာမန်ဂိမ်းမင်းပဲ သုံးမှာဆိုရင် မာသားဘုတ်အတွက် ဈေးကြီးတာ သုံးဖို့မလိုပါဘူးဗျာ။ 

ဟာ ကျွန်တော်ကတော့ video editing, rendering တွေလုပ်ရတာဗျ။ တကယ့် အမြန်စား RAM တွေလိုတယ်။ ဂရပ်ဖစ်လည်း ၃ကဒ်လောက်စိုက်မှာ။ (ဂိမ်းမင်းမှာ ဂရပ်ဖစ် ၂ကဒ်က performance ၂ဆ မထွက်ပေမယ့် Video editing နဲ့ rendering မှာ ၂ကဒ်က ၂ဆ ၃ကဒ်က ၃ဆထွက်ပါတယ်)
SSD ကိုလည်း PCIe SSD စိုက်မှာ။ PCIe lane များများလိုတယ်ဆိုရင်တော့ ခုန G1 လို ဘုတ်ဝယ်ရမှာပေါ့ဗျာ။

သာမန်ဂိမ်းမင်းအတွက်ဆိုရင်တော့ RAM Dual Channel, PCIE 3.0 16x 2  lane ပါတာဆို လုံလောက်ပါပြီ။ မားသားဘုတ်ကို သာမန်ဘုတ်ပဲ သုံးပြီး ပိုက်ဆံကို performance မှာ အဓိက စကားပြောမယ့် CPU၊ GPU နဲ့ အရေးအကြီးဆုံးဖြစ်တဲ့ PSU မှာ ပိုသုံးလိုက်ပါ။ 
Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment