နည်းပညာဗဟုသုတလေ့လာရှာဖွေသူတွေနဲ့မိုဘိုင်းဆားဗစ်သမားတွေအတွက် MYANMAR IT READER(2.0) APK (Update Version) ထွက်ပြီ

@http://www.mmitfamily.com/

အင်တာနက်အသုံးပြုရင်းနည်းပညာဗဟုသုတလေ့လာရှာဖွေနေရသူတွေနဲ့ဖုန်းဆားဗစ်သမားတွေအတွက်အထောက်အကူဖြစ်စေမယ့် MYANMAR IT READER APK ကို (2.0 Update version) အနေနဲ့တင်ပေးလိုက်ပါတယ်။ MYANMAR IT READER APK ဆိုတာကိုမသုံးဖူးသေးတဲ့သူတွေနားလည်လွယ်အောင်ရှင်းပြရရင်နည်းပညာနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကိုပဲသီးသန့်လေ့လာလို့ရအောင်လုပ်ပေးထားတဲ့ APK ဖြစ်ပါတယ်။ဒီ APK ကို ဖုန်းထဲမှာ install လုပ်ပြီး အင်တာနတ် ၅ မိနစ်လောက်ဖွင့်ပေးရုံနဲ့နေ့စဉ်ဟန်းဆက်ဈေးနှုန်း၊ဖုန်းဆားဗစ်အပိုပစ္စည်းနဲ့ပတ်သတ်တဲ့အကြောင်းအရာ၊ အသစ်ထွက်မယ့်မိုဘိုင်းဖုန်း/ကွန်ပြူတာလက်တော့(ပ်)တွေရဲ့အကြောင်းကိုနေ့စဉ် သိခွင့်ရမှာဖြစ်သလို ဖုန်းဆော့ဝဲနဲ့ကွန်ပြူတာအတွက်ဆော့ဝဲများ ကိုလည်းဒီ APK ထဲကနေလေ့လာပြီးတော့ဒေါင်းလော့ဆွဲယူနိုင်ပါလိမ့်မယ်၊မိုဘိုင်းဖုန်းဆိုင်ရာစာအုပ်/ကွန်ပြူတာဆိုင်ရာစာအုပ်များကိုလည်းဒေါင်းလော့ရယူနိုင်မှာပါ။မိုဘိုင်းဖုန်းပြသနာဖြေရှင်းနည်းနဲ့ကွန်ပြူတာဆိုင်ရာပြသနာဖြေရှင်းနည်းများကိုလညးလေ့လာခွင့်ရကြမှာပါ။မိုဘိုင်းဆားဗစ်သမားတွေအတွက်လည်းအသုံးဝင် Service tool များ၊ Firmware များအထိ ဒီ Apk ထဲကနေဒေါင်းလော့ရယူနိုင်မှာပဲဖြစ်ပါတယ်။အရင်တုန်းကထုတ်ပေးခဲ့တဲ့ MYANMAR IT READER(1.0) APK မှာဒေါင်းလော့ဆွဲသူ တစ်သောင်းရှိခဲ့ပါတယ်၊အဲဒီအတွက်လည်းပီတိဖြစ်ရပါတယ်။အခု Version ကဒုတိယအကြိမ်အနေနဲ့ Update လုပ်ပေးလိုက်ရတာပါ။ Update မဖြစ်တော့တဲ့ဆိုဒ်တွေနဲ့ဖေ့ဘွတ်ပေ့ခ်ျတစ်ချို့ကိုဖြုတ်ချခဲ့ပါတယ်။ ဖေ့ဘွတ်ပေ့ခ်ျတွေက သတင်းသစ်မကျတဲ့ပြဿနာကိုလည်းဆရာမောင်ပေါက်>> www.maungpauk.org << ရဲ့အကူအညီနဲ့ဖြေရှင်းပေးထားပါတယ်။အခု Version မှာ ညီအစ်ကိုတချို့ရဲ့ တောင်းဆိုမှုအရလည်းထပ်ပေါင်းထည့်စေချင်တဲ့ဆိုဒ်နဲ့ ဖေ့ဘွတ်ပေ့ခ်ျတစ်ချို့ကို ထည့်ပေးထားပါတယ်။နည်းပညာဆိုဒ်တွေအများကြီးထည့်မထားပဲနဲ့ကောင်းနိုးရာရာဆိုဒ်နဲ့ဖေ့ဘွတ်ပေ့ခ်ျတစ်ချို့ကိုသာထည့်သွင်းထားတဲ့သတင်းတွေအများကြီးမကျတဲ့အတွက်ငွေကုန်ကြေးကျသက်သာမှာဖြစ်သလိုသတင်းတွေထပ်နေတာမျိုးလည်းရှိမှာမဟုတ်တဲ့အတွက်အသုံးပြုရတာအဆင်ပြေကြမှာပါ .....
ဒီ MYANMAR IT READER(2.0) APK (Update Version)  ထဲမှာလေ့လာခွင့်ရမဲ့နည်းပညာကဏ္ဏတွေကတော့ ....
၁/ နေ့စဉ်ဖုန်းဈေးနှုန်း

၂/ ဖုန်းဆားဗစ်အပိုပစ္စည်း

၃/ ဇူးနစ်(နည်းပညာ)

၎/ ဝင်းကမ္ဘာကျော်

၅/ စည်သူမိုဘိုင်းနှင့်ကွန်ပြူတာနည်းပညာမျှဝေခြင်း

၆/ MYANMAR IT FAMILY

၇/ ဖေ့ဘွတ်ပေါ်မှနည်းပညာပေ့ခ်ျများစုစည်းမှု

၈/ Internet Juornal

၉/ Myanmar Digital life Juornal


စတာတွေကိုလေ့လာဖတ်ရှုရမှာပဲဖြစ်ပါတယ် ......

MYANMAR IT READER(2.0) APK ကိုအသုံးပြုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းလော့လင့် ၂ ခုပေးထားပါတယ် . အဆင်ပြေရာလင့်ကနေဒေါင်းယူသွားနိုင်ပါတယ် ....


DOWNLOAD (LINK1)

DOWNLOAD (LINK2) 

Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment