iOS အတွက် အခမဲ့ unlimited VPN app ကို Opera ဖြန့်ချိ

@http://www.mmitfamily.com/


ဥရောပနည်းပညာ ကုမ္ပဏီကြီးဖြစ်သော Opera Software သည် iPhone နှင့် iPad အတွက် virtual private network (VPN) client တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။ ၎င်း app ကို VPN built-in ပါဝင်သော desktop Opera browser မိတ်ဆက်ပြီး သုံးပတ်ခန့်အကြာတွင် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

Opera VPN for iOS သည့် အခမဲ့ unlimited VPN app ဖြစ်ပြီး သုံးစွဲသူများက အွန်လိုင်းအကြောင်းအရာများ အသုံးပြုမှုကန့်သတ်ထားခြင်းကို ရှောင်လွှဲခြင်း၊ firewall များကို ရှောင်လွှဲခြင်း၊ ကြော်ငြာများကို ပိတ်ပင်တားဆီးခြင်းနှင့် ကြော်ငြာခြေရာခံ cookie များ တားဆီးခြင်းတို့ကို ပြုလုပ်နိုင်သည်။ 


လွန်ခဲ့သည့် သုံးပတ်ခန့်က မိတ်ဆက်ပေးခဲ့သော desktop Opera browser developer ဗားရှင်းတွင် VPN အတွက် အမေရိကန်၊ ကနေဒါနှင့် ဂျာမနီ စသည့် virtual တည်နေရာ သုံးခုကိုသာ ထောက်ပံ့ပေးခဲ့သော်လည်း iOS app တွင်မူ စင်ကာပူနှင့် နယ်သာလန်တို့ကို ထပ်မံထည့်သွင်းပေးထားသည်။ Opera VPN for iOS ကို အင်္ဂလိပ်၊ အာရဗီ၊ ပြင်သစ်၊ ဂျာမန်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်စသည့် ဘာသာစကားများဖြင့် အသုံးပြုနိုင်သည်။

Opera VPN app တွင် VPN ခလုတ်မှာ default အနေဖြင့် "off" ဖြစ်နေမည်ဖြစ်ပြီး သုံးစွဲသူက Settings menu တွင် "on" အဖြစ် ပြောင်းလဲအသုံးပြုမည်ဖြစ်သည်။

Android သုံးစွဲသူများအတွက် Opera VPN ကို မကြာမီ ဖြန့်ချိပေးသွားမည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။ 
Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment