ပိုမိုဆိုးရွားလာတဲ့ Android virus

@http://www.myanmarmobileapp.com/

ခုနောက်ပိုင်းမှာ Android Smart phone များကိုဝင်ရောက်တိုက်ခိုက်နေတဲ့
Virus များဟာ ပိုမိုဆိုးရွားလာပါတယ်။ virus များဟာ Android device တွေကို
အမျိုးမျိုးသောနည်းလမ်းများနဲ့ ၀င်ရောက်နေပါတယ်။ user တွေအနေနဲ့ကြိုတင်ကာကွယ်
ကြနေပေမဲ့ အမျိုးမျိုးသော virus များဝင်ရောက်မှု့ကြောင့် မိမိတို့ရဲ့ device တွေသာမက
အရေးကြီး data တွေကိုပါဆုံးရှူံး ကြရပါတယ်။ ဒါကြောင့် အရေးကြီး data များကိုအသုံးပြုရင်း
အနည်းနဲ့အများ Cloud Storage လေးတွေမှာ သိမ်းဆည်းထားသင့်ပါတယ်။
လတ်တလောမှာတော့ Virus ရန်ကိုကာကွယ်ရန်မှာ ဘယ်လိုကြော်ငြာတွေပဲဝင်လာ ၀င်လာ
မကြည့်ဖို့နဲ့ apk အသစ်အဆန်းများနှင့် Launcher အသစ်အဆန်းများ , 18+ apk
ကြော်ငြာများဝင်လာပါက download မလုပ်မိစေရန် သတိထားသင့်ပါတယ်။
နောက်ပိုင်းမှာတော့ အမျိုးမျိုးသော Broswer apk တွေမှာလဲ Virus apk များဟာ
ပါဝင်လာနေတာကြောင့် အများအားဖြင့် Chrome , FireFox , UC Broswer တွေကိုသာ
အသုံးပြုပါလို့အကြံပြုပါတယ်။ Android virus များဟာခုနောက်ပိုင်းမှာဆိုရင် software ပိုင်းနဲ့သာမက
Memory ic ( eMMC ) လဲလှယ်ဖြေရှင်းရတဲ့ အဆင့်ထိကိုဒုက္ခပေးလျက်ရှိပါတယ်။

Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment