Window ကွန်ပျူတာ Password မေ့သွားခဲ့လျှင် Microsoft Account ဖြင့် Recovery ပြန်လုပ်နိုင်

@http://www.myanmarmobileapp.com/

အရင်က ကွန်ပျူတာတစ်လုံးမှာ Log in Password မေ့သွားခဲ့ရင် ကျွန်တော်တို့ Password Recovery ဆော့ဖ်ဝဲတွေ အတော်များများကို အသုံးပြုပြီး မိမိရဲ့ Password ကို recovery ပြန်လုပ်ကြရပါတယ်။ ဒီနေ့အချိန်မှာတော့ Window 8 နဲ့ Window 10 ဆိုပြီး Window တွေလည်း ဗားရှင်း အမျိုးမျိုးထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ Password မေ့လို့ ပြန်လည်ရယူဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ Microsoft အကောင့်တစ်ခုရှိဖို့တော့ လိုအပ်ပါတယ်။ အကောင့် ရှိပြီးသားလူတွေအတွက် အဆင်ပြေပေမဲ့ မရှိသေးတဲ့ လူတွေအတွက်ကတော့ အောက်က Link ကို နှိပ်ပြီး အကောင့် အသစ် ဖန်တီးရယူနိုင်ပါတယ်။
https://account.live.com/resetpassword.aspx
မိမိရဲ့ Microsoft အကောင့်ရပြီဆိုတာနဲ့ မိမိရဲ့ Window Password ကို ပြန်လည် Recovery လုပ်ဖို့ လွယ်ကူသွားပြီဖြစ်ပါတယ်။ ပြန်လည် Recovery ပြုလုပ်ဖို့အတွက် Window Login ရဲ့ Password ရိုက်ထည့်ရမဲ့ နေရာရဲ့ အောက်နားမှာ Reset Password ဆိုတဲ့ စာသားရှိပါတယ်။ အဆိုပါ စာသားကို နှိပ်ကာ အဆင့်ဆင့်လုပ်ဆောင်သွားရုံပဲဖြစ်ပါတယ်။ နောက်ထပ် Safe Mode ကနေ ဝင်လို့ရတဲ့ နည်းလမ်းတွေလည်း အများကြီးပါသေးတယ်။
Microsoft ဟာ Microsoft Account များကို လူသုံးများလာအောင် ယခုကဲ့သို့ အလွယ်တကူ recovery ပြုလုပ်နိုင်တဲ့ နည်းလမ်းကို ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ အခြား Third Party Software တွေကို အသုံးပြုကာ Recovery ပြုလုပ်ချင်ရင်လည်း အဆင်ပြေပါတယ်။

Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment