♪ IPHONE တွင် အင်တာနက် DATA အသုံးပြုမှု ပမာဏကို စစ်ဆေးခြင်း ♫

@http://www.winkabarkyaw.net/
မိမိအနေနဲ့ အင်တာနက်ကို တစ်လသုံးအနေနဲ့ သုံးနေတယ် ဆိုရင်တော့ ဒီနည်းလေးက အသုံးဝင်မှာ ဖြစ်ပါတယ်။ iPhone မှာ Built-in ပါဝင်တဲ့ tools ကတစ်ဆင့် ဖုန်းကနေ အသုံးပြုခဲ့တဲ့ အင်တာနက် Data ပမာဏကို အလွယ်တကူ စစ်ဆေးကြည့်ရှုပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဦးစွာ ဖုန်းမြင်ကွင်းပေါ်က Settings ဆိုတဲ့ icon ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။

ဖုန်းရဲ့ Settings မြင်ကွင်းပေါ်လာရင်တော့ Cellular ဆိုတဲ့ စာသားလေးကိုရှာပြီး တစ်ချက်နှိပ်ပါ။ ( iOS 6 မှာဆိုရင်တော့ General အောက် Usage ထဲက Cellular Usage ကိုရှာပြီး နှိပ်ပေးရမှာ ဖြစ်ပါတယ်။

Cellular စနစ်ထဲကို ရောက်သွားရင်တော့ CELLULAR DATA USAGE ဆိုတဲ့ စာသားအောက်က Current Period မှာ လက်ရှိသုံးထားတဲ့ အင်တာနက်အသုံးပြုမှု မိုဘိုင်း Data ပမာဏကို ဖော်ပြပေးထားမှာဖြစ်ပြီး Roaming အနေနဲ့ အသုံးပြုထားတယ် ဆိုရင်တော့ Period Roaming မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

စတင်ပြီး စောင့်ကြည့်မယ် ဆိုရင်တော့ Current Period ထဲက အချက်အလက် ပမာဏကို reset လုပ်ပြီး ဖျက်ပေးထားဖို့ လိုမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Current Period စနစ်က ကိုယ်သုံးတဲ့အခါတိုင်း အင်တာနက် Data မှတ်သားထားမှုကို အလိုအလျောက် အစကနေ ပြန်မှတ်ပေးမှာ မဟုတ်လို့ပါဘဲ။ Current Period ကမှတ်သား ချိန်ကစပြီး သုံးသမျှကို အကုန်တောက်လျှောက် မှတ်သားထားပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ သုံးထားတဲ့ပမာဏကို Reset လုပ်ပေးပြီး နောက်တစ် ခေါက်သုံးတဲ့အခါမှာ ဘယ်လောက် သုံးဖြစ်တယ်ဆိုတာကို ထပ်မံစစ်ဆေး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုခဲ့တဲ့ အင်တာနက်မိုဘိုင်း Data ပမာဏကို Reset လုပ်ဖို့အတွက် Cellular စနစ်ထဲက Reset Statistics ကို တစ်ချက်နှိပ်ပြီး မှတ်သားထားမှုကို အစကနေ ပြန်မှတ်သားအောင် ပြုလုပ်နိုင် မှာပဲ ဖြစ်ပါတယ်။


Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment