Pokemonဂိမ်းကစားခွင့်မြန်မာနိုင်ငံ၌မရရှိသေး

@http://www.mmitfamily.com/

လက်တလောလူစိတ်ဝင်စားမှုနှုန်းမြင့်တက်လျက်ရှိတဲ့  Pokemon Go ကိုမြန်မာနိုင်ငံတွင်ကစားခွင့်မရှိသေးကြောင်း Pokemon Go ၏ပြန်ကြားချက်အရသိရှိရပါတယ်။ လက်ရှိမှာလည်းPokemon Go ဂိမ်းအသစ် ခေတ်စားလာတဲ့နောက် လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအနေနဲ့ ပြတိုက်ဧရိယာထဲမှာ Pokemon သတ္တဝါလေးများ လိုက်မရှာကြရန် အမေရိကန်ရှိ ပြတိုက်တစ်ခုက ပန်ကြားရတဲ့အထိ ရေပန်းစားနေပါတယ်။နိုင်ငံအချို့မှာ ကားလမ်းကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ရတဲ့အထိ Pokemon သတ္တဝါလေးများ လိုက်ရှာနေကြသလို Pokemon ဂိမ်းကစားသူတစ်ဦးဟာ ဓားနဲ့တိုက်ခိုက်ခံခဲ့ရပေမဲ့ ဒဏ်ရာကို ဆေးအရင်မကုဘဲ ဂိမ်းကိုသာ ပြီးဆုံးအောင် ဆော့ဖို့စိတ်အားထက်သန်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ 


တည်နေရာအခြေပြရှာဖွေရေးဂိမ်းဖြစ်တာနဲ့အညီ Pokemon သတ္တဝါလေးတွေကို ဖုန်းကိုတစ်ဆင့်ခံ အသုံးပြုပြီး လက်တွေ့လောက ပတ်ဝန်းကျင်မှာ GPS စနစ်အသုံပြုပြီးလိုက်လံ ရှာဖွေရမှာပါ။ Nintendoနဲ့ Pokemon International တို့က ပူးပေါင်းဖန်တီးသည့် ဂိမ်းက ဖုန်းကင်မရာ၊ GPS မြေပုံစနစ်တို့နဲ့ ချိတ်ဆက် အလုပ်လုပ်ပြီး ပတ်ဝန်းကျင် နေရာများတွင် Pokemon သတ္တဝါလေးများကို ရှာဖွေနိုင်တဲ့အတွေ့အကြုံတုကို ထည့်သွင်းပေးထားသလို လက်ရှိမှာတော့နိုင်ငံတော်တော်များများမှာ ကစားနိုင်ပါပြီး။မြန်မာနိုင်ငံအပါအ၀င် တရုတ်၊တောင်ကိုရီးယား၊တရုတ်(ထိုင်ပေ) ၊ဆူဒန်၊အီရန်အပါအ၀င်ကျူးဘားနိုင်ငံတွေမှာတော့ ကစားလို့မရသေးကြောင်း Pokemon Go ကပြန်ကြားထားပါတယ်။ အချို့နိုင်ငံတွေမှာ Pokemonကောင်လေးများလိုက်ရှာရင်း မတော်တဆ ထိခိုက်မှုများ ရှိခဲ့သလို အလုပ်ခွင်တွင် အနှောင့်အယှက် ဖြစ်တာကြောင့် အလုပ်ထုတ်ခံရသည်ထိ ပြဿနာ ကြုံခဲ့သူများလည်း ရှိပါတယ်။ ‘Pokémon Go’  ဂိမ်းကတော့ ဓားပြတွေအတွက် သားကောင်ရှာတဲ့ ဂိမ်းတစ်ခုဖြစ်လို့နေပါတယ်လို့ ရဲအရာရှိတွေကလည်းပြောကြားထားပါတယ်။


‘Pokémon Go’ ဂိမ်းထဲမှာ ပါဝင်တဲ့ Pokestop ဆိုတဲ့ Item စုတဲ့နေရာဟာ ဓားပြတွေအတွက် အကောင်းဆုံး သွေးဆောင်လို့ရတဲ့နေရာဖြစ်နေပြီး တစ်ယောက်တည်းသွားတဲ့ အချိန်မှာ သူစိမ်း player တွေကိုလည်း အနည်းငယ်တော့ သတိထားသင့်တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ Pokemon အကောင်လေးကို ဖမ်းဖို့အတွက်မြစ်ကမ်းနံဘေးကို သွားရောက်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ဟာ ဓားပြတစ်ယောက်နဲ့ တွေ့ကြုံခဲ့ရပြီး အသတ်ခံခဲ့ရတဲ့ဖြစ်စဉ်လည်းပေါ်ခဲ့ပါသေးတယ်။ Pokémon Go ဂိမ်းကစားသူအနေနဲ့ ပတ်ဝန်းကျင်ကိုဂရုမထားဘဲ မိမိဖုန်းမျက်နှာပြင်ကို အလေးထားစောင့်ကြည့်ကာ Pokémon ကောင်လေးများရှိနိုင်မယ့်နေရာဆီသို့ ဦးတည်းထား ရှာဖွေရန် ဖုန်းကို GPS ဖွင့်လျှောက်သွားရမှာပါ။ iOS စနစ်သုံးဖုန်းတွေသာမက Android စနစ်သုံးဖုန်းတွေမှာပါ Pokémon Go ဂိမ်း ကို အခမဲ့ ရယူနိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ Pokémon Go ဂိမ်း ကစားရာမှာ Pokémon တစ်ကောင်ရှာဖွေနိုင်ပေမယ့် နောက်ပိုင်းကစားရန် Server ပိတ်ထားကြောင်း ဂိမ်းလောက ကဆိုပါတယ်။


Aung Ye Kyaw (BeeTalk)

Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment