Online Shopping နှင့် အရောင်းအ၀ယ်ဝက်ဘ်ဆိုက် များသည် အသုံးပြုသူ များကိုဆွဲဆောင်သည့်အနေဖြင့် ကံစမ်းမဲအစီအစဉ်များ ကိုအပြိုင်အဆိုင်ပိုမိုပြုလုပ်လာကြသည်။ ဂိမ်းအစီအစဉ်များနှင့် ကံစမ်းမဲအစီအစဉ်များကို စိတ်ဝင်စားသည့်သူများအတွက် Treasure Hunt Campaignကို www.ads.com.mm မှပြုလုပ်လျှက်ရှိသည်။
Treasure Hunt Campaign ဆိုသည်မှာဥာဏ်စမ်းပဟေဠိများ ကိုဖြေဆိုပြီး အပတ်စဉ် ဖုန်းဘေလ် နှစ်သောင်းခွဲကျပ်ဆုမဲရယူရသည့်ကစားနည်းဖြစ်သည်။ ads.com.mm မှ Head of content and product တာဝန်ရှိသူ ကိုဟိန်းအောင်ကျော်မှ “ ကျွန်တော်တို့  Treasure Hunt Campaignကိုတစ်ပတ်တစ်ခါလုပ်ပါတယ်။
ကစားနည်းအပြည့်အစုံကို ကျွန်တော်တို့ ဝက်ဘ်ဆိုက်ထဲဝင်ကြည့်ပြီးဥာဏ်စမ်းပဟေဠိတွေကို ဖြေဆိုရင်း ဖုန်းဘေလ်နှစ်သောင်းခွဲကျပ်ထုတ်ယူနိုင်ပါတယ်။ဒီလိုလုပ်ပေးတာဟာ ၀က်ဘ်ဆိုက်အသုံးပြုသူတွေ ကို ဖုန်းသုံးရင်းအပျင်းလဲပြေ ဥာဏ်လဲရွှင်စေချင်လို့ ပါ။
Campaignလုပ်တော့ လူစိတ်ဝင်စားမှုပိုများပြီးနေ့စဉ် ကျွန်တော်တို့ဝက်ဘ်ဆိုက်ကိုဝင်ရောက်ကြည့်ရှူသူ ဦးရေခုနှစ်ထောင်အထက်မှာရှိပါတယ် “ ဟုပြောပြခဲ့ပါသည်။
Treasure Hunt Campaign ကိုအမြဲဝင်ရောက်ကံစမ်းလေ့ရှိသူ မသဇင်ဆိုသူမှ “ ကျွန်မကတော့ အဲ့လို ပဟေဠိလေးတွေဖြေရတာကြိုက်တယ်ရှင့်၊ ခုဆိုရင်ကျွန်မ၀င်ပြီးကံစမ်းနေတာနှစ်ပတ်ရှိပြီ။ ဆုငွေပေါက် သွားတဲ့ သူတွေကိုအရမ်းအားကျတာပဲ၊ ဆုကြေးကဖုန်းဘေလ်နှစ်သောင်းခွဲဆိုပေမယ့် ကျွန်မတို့အတွက် ကတော့ ဗဟုသုတလည်းရတယ်လေကျွန်မလိုပဲ ကျွန်မသူငယ်ချင်းတွေလည်းပဟေဠိတွေဖြေပြီး ကံစမ်းနေကြတယ်။ အွန်လိုင်းအရောင်းအ၀ယ်ဝက်ဘ်ဆိုက်တွေအနေနဲ့ ဒီလိုကစားနည်းတွေ၊ကံစမ်းမဲ အစီအစဉ်တွေလုပ်ပေးတာအရမ်းကောင်းမွန်ပါတယ် “ ဟုပြောပြခဲ့ပါသည်။