Drop-Down List ရဲ့ အောက်ခြေမှ See All ကို နှိပ်ပါ။

ဒီစာမျက်နှာမှာတော့ သင့်ထံ Friend Requests ပေးပို့ထားပြီး သင်က လျစ်လျူရှုထား သူများကို ပြသပေးထားပါတယ်။ ပြန်လည် စိစစ်ပြီး သူငယ်ချင်းအဖြစ် လက်ခံချင်သူများကို Confirm လုပ်နိုင်ပါတယ်။ သင့်ရဲ့ Friend Requests ကို လျစ်လျူရှုထားသူများကို ကြည့်ရှုဖို့အတွက် အပေါ်ထိပ်မှ View Sent Requests ကို နှိပ်ပါ။

ဒါဆိုရင် သင်က Friend Requests ပေးပို့ထားပေမယ့် သင့်ကို သူငယ်ချင်းအဖြစ် လက်မခံဘဲ လျစ်လျူရှုထားသူများ အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ Friend Request Sent ခလုတ်အပေါ်ကို Mouse Cursor တင်ထားရင် Drop-Down Menu တစ်ခုကို ပြသပေးမှာ ဖြစ်ပြီး Follow မလုပ်ချင်ရင် Cancel Request ကို နှိပ်နိုင်ပါတယ်။ နောက်အဆင့်မှာ Confirm လုပ်ပေးရမှာ ဖြစ်ပါတယ်။