အင်တာနက် အသုံးပြုနေစဉ် ဥပဒေအရ ဖမ်းဆီးနိုင်တဲ့ အချက်များ

@http://www.myanmarmobileapp.com/
အင်တာနက်ဆိုတာ ကန့်သတ်ချက်မရှိတဲ့ နယ်ပယ်တစ်ခုပါ။ ကျွန်တော်တို့ဟာ အင်တာနက်ကို အသုံးပြုပြီး ရုပ်ရှင်ဇာတ်ကားတွေမျှဝေခြင်း၊ ဓါတ်ပုံများ မျှဝေခြင်း၊ သီချင်းများမျှဝေခြင်းနဲ့ အခြား နောက်ဆုံးပေါ် သတင်းအချက်အလက်များကို အချိန်တိုအတွင်း ရယူနိုင်ခြင်းစတဲ့ လုပ်ဆောင်ချက်များကို တစ်စုံတစ်ယောက်ရဲ့ ခွင့်ပြုချက်ယူစရာ မလိုပဲ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ အချို့ နိုင်ငံများမှာတော့ အင်တာနက် အသုံးပြုခြင်းနဲ့ပတ်သက်ပြီး ကန့်သတ်ထားတဲ့ ဥပဒေတွေရှိပါတယ်။ အဆိုပါ နိုင်ငံများအနေနဲ့ အင်တာနက် အသုံးပြုခြင်းနဲ့ပတ်သက်ပြီး ဥပဒေကန့်သတ်ချက်များထားရှိခြင်းဟာ အင်တာနက်ကို အသုံးပြုပြီး မသမာသူတို့က တစ်လွဲ အသုံးပြုမည်ကို စိုးရိမ်တဲ့ အတွက်ကြောင့်ဖြစ်သည်။
၁။ မိမိဘာသာမိမိ အင်တာနက်အသုံးပြုနေစဉ်အတွင်း Wifi ကို password မခံပဲပြန်လည် လွှင့်ခြင်း မပြုလုပ်ရပါဘူး။ အကယ်၍ သင့်ရဲ့ Wifi ကို တစ်စုံတစ်ယောက်က လွယ်လင့်တကူ အသုံးပြုကာ မသမာမှု တစ်စုံတစ်ခု ပြုလုပ်ပါက သင်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ တရားခံ အစစ်အမှန်မပေါ်ပေါက် မခြင်း သင့်ကို ဖမ်းဆီး အရေး ယူနိုင်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ Wifi ဖြင့် အင်တာနက် အသုံးပြုတဲ့အခါ password ခံကာ အသုံးပြုသင့်ပါတယ်။
၂။ Website မှာ ရှာဖွေထားသမျှ မှတ်တမ်းများကို သုံးလ အကြာမထားပဲ မဖျက်ပစ်ရပါဘူး။ အကယ်၍ ဖျက်ပြစ်ခဲ့ရင် ဥပဒေအရ အရေးယူခြင်းခံရပါတယ်။ ထိုကဲ့သို့ မိမိကွန်ပျူတာရဲ့ Browser ထဲမှာ ရှာဖွေထားသမျှမှတ်တမ်းများကိုဖျက်ပစ်ခဲ့လို့ အမေရိကန်နိုင်မှာ အချုပ်ကျမှု ဖြစ်ပွားခဲ့ပါတယ်။
၃။ အခြားသူတစ်စုံတစ်ယောက်ကို ပုတ်ခတ်စော်ကားတဲ့ Post များ၊ Message များ၊ Tweet များကို တင်ခွင့် မပြုပါဘူး။ ထိုကဲ့သို့ တစ်စုံတစ်ဦးကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုကိုသော်လည်းကောင်း ပုတ်ခတ်စော်ကားတဲ့ posts များ၊ Tweet များ နဲ့ Message များကို တင်ခဲ့ပါက ဥပဒေအရ အရေးယူနိုင်ခြင်း ကို အမေရိကန် နိုင်ငံမှာပြဌာန်းထားပါတယ်။
၎။ VOIP လို့ခေါ်တဲ့ ဗီဒီယိုဖုန်းကောလ် ခေါ်ဆိုခြင်းများကို ပြုလုပ်ပါက အရေးယူခံရပါတယ်။ အဆိုပါ ဥပဒေကန့်သတ်ချက်ကိုတော့ အီသီယိုးပီးယား နိုင်ငံမှာသာ ကန့်သတ်ထားပါတယ်။ အကယ်၍ သင်ဟာ အီသီယိုးပီးယား နိုင်ငံသို့ အကြောင်း တစ်စုံတစ်ရာကြောင့် ရောက်ရှိခဲ့မယ်ဆိုပါက Skype လိုမျိုး VOIP Service ကိုအသုံးပြုဖို့ သတိထားသင့်ပါတယ်။
၅။ ဗီဒီယိုများမှာ သရော် ပုခတ်စော်ကားတဲ့ အကများနဲ့ ကပြဖျော်ဖြေထားတဲ့ ဗီဒီယိုဖိုင်ကိုအင်တာနက်ပေါ်မှာ တင်မိပါက ဥပဒေအရ အရေး ယူခြင်း ခံရပါတယ်။ အဆိုပါ အဖြစ်အပျက်ဟာ အီရန်နိုင်ငံမှာဖြစ်ပွားခြင်းဖြစ်ပါတယ်။
၆။ Comment ပေးခြင်းများဖြင့်လည်း ဥပဒေအရ အရေးယူခြင်းခံရပါတယ်။ Comment မှာ ဥပဒေနဲ့ ငြိစွန်းနေတဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ပါက အရေးယူခြင်းခံရပါတယ်။
၇။ ဆောင်ပါးများကို ဘာသာပြန်ခြင်းမှ လည်း အရေးယူခြင်းခံရပါတယ်။ အဆိုပါဥပဒေကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပွားသွားတဲ့ ဥပဒေပါ။ ထိုင်းနိုင်ငံမှ ထုတ်ဝေတဲ့ ဆောင်းပါးတစ်ပုဒ်မှာပါဝင်တဲ့ အကြောင်းအရာ အချို့ကိုအမေရိကန်နိုင်ငံသားတစ်ယောက်က ဘာသာပြန်ကာ Facebook မှာ post တင်ခြင်း၊ Twitter မှာ Tweet လုပ်ခြင်းများပြုလုပ်ခဲ့၍ ထိုင်းဘုရင်ကို ပုပ်ခတ်စော်ကားတဲ့ ဥပဒေနဲ့ အရေးယူခံခဲ့ရပါတယ်။
၈။ အွန်လိုင်းတွင် လောင်းကစားဂိမ်းများ ကစားလျှင်လည်း ဥပဒေအရ အရေးယူခြင်းခံရပါတယ်။
၉။ File များ မျှဝေခြင်းဖြင့်လည်း အရေးယူခြင်းခံရပါတယ်။ အကယ်၍ သင့်အနေနဲ့ အင်တာနက် ပေါ်တွင် File များ မျှဝေပါက ဂရုတစိုက်ဖြင့် မျှဝေသင့်ပါတယ်။ တရားဥပဒေနဲ့မလွှတ်ကင်းနိုင်တဲ့ File များကို မျှဝေမိပါက သင်ဟာ အရေးယူခြင်းခံရပါလိမ့်မယ်။
၁၀။ သီချင်း စာသားများ Facebook ပေါ်တွင် တင်လျှင်လည်း ဥပဒေ အရ အရေးယူခြင်းခံရပါတယ်။ ဒီဥပဒေကတော့ အများအားဖြင့် အမေရိကန် နိုင်ငံမှာဖြစ်ပွားနေတဲ့ ဥပဒေဖြစ်ပါတယ်။
အထက်ဖော်ပြပါ အချက်အလက်များကတော့ အင်တာနက် အသုံးပြုနေတဲ့ သင့်ကို တရားဥပဒေအရ အရေးယူနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အကယ်၍ လေ့လာသူတို့အနေနဲ့ အဆိုပါ စည်းကမ်းကန့်သတ်ထားတဲ့ နိုင်ငံတွေကို ရောက်သွားခဲ့ရင် လိုက်နာနိုင်စေရန်အတွက် သိရှိနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment