♪ Android Device မှ ပျောက်ဆုံးသွားတဲ့ ဒေတာများကို ပြန်လည်ရှာဖွေနည်းများ ♫

@http://www.pyaephyo.com/


ကျွန်တော်တို့ အားလုံး Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အခြားဖိုင်များကို မှားယွင်းပြီး ဖျက်မိတတ်ကြပါတယ်။ ဒါပေမယ့် မှားဖျက်မိတဲ့ ဒေတာများကို ပြန်လည်ရှာဖွေနိုင်တဲ့ နည်းလမ်းများရှိပါတယ်။ Root လုပ်ထားတဲ့ ဖုန်းများမှာသာမက Root လုပ်ထားခြင်းမရှိတဲ့ ဖုန်းများအတွက်ပါ နည်းလမ်းများရှိပါတယ်။ ဒီလိုပြန်လည်ရှာဖွေဖို့အတွက် အချိန်က အရေးကြီးပါတယ်။ မှားဖျက်မိမှန်း သိလျှင် သိချင်း ဖုန်းမှာ အခြားဖိုင်များကို ဒေါင်းလုပ်ပြုလုပ်ခြင်း၊ သိမ်းဆည်းခြင်းများကို မပြုလုပ်သင့်သလို WiFi နဲ့ Mobile Data ကို ပိတ်ပြီး ဖုန်းကို ပါဝါပိတ်သင့်ပါတယ်။ ဒါမှသာ သင့်ရဲ့ ပျောက်ဆုံးသွားတဲ့ ဒေတာများနေရာမှာ အခြားဒေတာများ အစားထိုးဝင်ရောက်ခြင်းမရှိတော့ဘဲ ပြန်လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
Root လုပ်ထားခြင်းမရှိတဲ့ ဖုန်းများအတွက်
သင့် Android Device ဟာ Root လုပ်ထားခြင်းမရှိရင် သင့်ရဲ့ ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး သင့်ရဲ့ ၀င်းဒိုးကွန်ပြူတာမှာ Recovery Program တစ်ခုကို အင်စတောလုပ်ထားရမှာပါ။ ၀င်းဒိုးမှာ အသုံးပြုနိုင်ပြီး Root လုပ်ထားခြင်းမရှိတဲ့ ဖုန်းများအတွက် Recuva ကို အသုံးပြုနိုင်ပါတယ်။ Coolmuster နဲ့ Wondershare Dr. Fone တို့လို Windows Program များကိုလည်း အသုံးပြုနိုင်ပါတယ်။ Wondershare Dr. Fone ကို အသုံးပြုရင်တော့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုအပ်ပါတယ်။
မှားဖျက်မိတဲ့ ဖိုင်ဟာ SD Card မှာ သိမ်းထားတာဆိုရင် ဒီနည်းလမ်းကို အသုံးပြုပါ။ Recuva ကို Run ရင် ပထမဆုံးအနေနဲ့ Pictures, Videos, Music, Documents စတဲ့ သင် ရှာချင်တဲ့ ဖိုင်အမျိုးအစားကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ သီးခြားနေရာတစ်ကနေ ရှာဖွေဖို့လည်း သတ်မှတ်နိုင်ပါတယ်။ အဲဒီနောက်မှာတော့ ရှာဖွေမှုကို ပြုလုပ်နိုင်ပါပြီ။



မှတ်ချက်။ ။ မှားဖျက်မိတဲ့ဖိုင်များကို ရှာတွေ့ရင် External Hard Disk or Computer များမှာ သိမ်းဆည်းသင့်ပါတယ်။ မှားဖျက်မိတဲ့ ဖုန်းမှာ သိမ်းရင် အဆင်မပြေမှုတွေနဲ့ နှောင့်နှေးကြန့်ကြာမှုတွေ တွေ့ရတတ်ပါတယ်။ အခြား Device တစ်ခုမှာ သိမ်းဆည်းပြီး နောက်ပိုင်းမှသာ ဖုန်းသို့ ပြန်လည် ကူးယူပါ။
မှားဖျက်မိတဲ့ ဖိုင်ဟာ Internal Storage မှာ သိမ်းထားတာဆိုရင်လည်း နည်းလမ်းရှိပါတယ်။ Settings ထဲမှာ Developer Options ကို မတွေ့ရသေးသူများက Settings>About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။ ပြီးရင် Settings>Developer Options ထဲသွားပြီး USb Debugging ကို Enable လုပ်ပါ။ ဒါဆိုရင် Wondershare Dr. Fone လို Program ကို အသုံးပြုပြီး ရှာဖွေနိုင်ပါပြီ။
Download Recuva (http://goo.gl/ME0DBM )
Download Wondershare Dr. Fone (http://goo.gl/5VDsor )
Root လုပ်ထားတဲ့ ဖုန်းများအတွက်
သင့် Android Device ဟာ Root လုပ်ထားရင်တော့ Undelete လို Android App ကို အသုံးပြုနိုင်ပါတယ်။ App ကို Run ရင် ပထမဆုံးအနေနဲ့ Internal or SD Card ကို ရွေးချယ်ရမှာပါ။ ပြီးရင် Scan ပြုလုပ်နိုင်ပါပြီ။ သင့်ရဲ့ Memory Size နဲ့ သိမ်းဆည်းထားတဲ့ ဒေတာပမာဏအပေါ်မူတည်ပြီး ရှာဖွေချိန်ဟာ ၁၀ မိနစ်လောက် ကြာနိုင်ပါတယ်။ ပြီးရင်တော့ ပြန်လည်ရှာတွေ့ထားတဲ့ဖိုင်များကို Files, Pictures, Music, Videos, Documents စတဲ့ Tab များဖြင့် ခွဲခြားပြသပေးမှာ ဖြစ်ပါတယ်။ ဖိုင်များကို မူလနေရာသို့ ပြန်လည် သိမ်းဆည်းနိုင်ပါတယ်။



Download link :
Playstore


Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment