Quick Time Player ကို Window မှာ အသုံးပြုခွင့်ပေးတော့မည် မဟုတ်

@http://www.myanmarmobileapp.com/

Quick Time Player ဆိုတာ Video တွေ၊ MP3 တွေကို အရည်သွေးကောင်းကောင်းနဲ့ ဖွင့်နိုင်တဲ့ Player တစ်ခုဖြစ်ပါတယ်။ Quick Time Player ဟာ Apple ရဲ့ မူပိုင် Application တစ်ခုလို့ပြောလို့ရသလို Window မှာလည်း အသုံးပြုနိုင်တဲ့ Player တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မကောင်းတဲ့ သတင်းတစ်ခုကတော့ နောက်များမှာ Apple အနေနဲ့ Quick Time Player ကို Window မှာ အသုံးပြုခွင့်ပေးတော့မှာမဟုတ်တော့ပါဘူး။ အကယ်၍ Window အသုံးပြုသူများအနေနဲ့ လက်ရှိ Quick Time Player ကို အသုံးပြုနေသေးတယ်ဆိုရင်တော့ နောက်အသစ်ထွက်လာမဲ့ Update ကို အသုံးပြုရန် မမျှော်လင့်ကြဖို့ Apple က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ Quick Time Player အနေနဲ့ Window မှာ အသုံးပြုတဲ့အခါ အဆင်မပြေမှု အားနည်းချက်အနည်းငယ်တွေကို တွေ့ရှိခဲ့လို့ဖြစ်ပါတယ်။ Quick Time Player ရဲ့ လုံခြုံရေးဆိုင်ရာ အားနည်းမှု အသိပေးချက်နှစ်ခုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နဲ့ ယခုနှစ် ဖေဖော်ဝါရီလတို့မှာ ရရှိခဲ့တဲ့အတွက်ကြောင့် Apple အနေနဲ့ ယခုလပိုင်းမှာ Window အတွက် Quick Time Player ကို အသုံးပြုခွင့် ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်ပါတယ်။
ဒါကြောင့် Window OS မှာ Quick Time Player ကို အချိန်ကာလ ကြာမြင့်စွာ အသုံးပြုနေသူများအနေနဲ့ အသုံးပြုရအဆင်ပြေတယ်ဆိုရင် ဆက်လက် အသုံးပြုနိုင်ပေမဲ့ အဆင်မပြေမှု တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရင်တော့ ချက်ချင်း Unistall လုပ်ပစ်ဖို့အတွက် Apple က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment