iOS 9.3 မှာ ပါဝင်လာတဲ့ အဆင်မပြေမှု အချက်အလက်များ

@http://www.myanmarmobileapp.com/


iOS 9.3 ရဲ့  feature အသစ်တွေဖြစ်တဲ့ မျက်နှာပြင် အလင်းရောင်ကို  ညဘက်မြင်ကွင်း အဖြစ်ပြောင်းလဲနိုင်ခြင်း နဲ့  Notepad ကို password ထားနိုင်ခြင်းများ ပါဝင်လာပေမဲ့ Internet Browser တွေမှာတော့ အနည်းငယ်အဆင်မပြေမှုတွေရှိနေပါသေးတယ်။ iOS 9.3 ဗားရှင်း အသစ်ကို update  ပြုလုပ်ခွင့်ပေးခဲ့ပြီး ရက်အနည်းငယ် အကြာမှာပဲ  iOS 9.3 မှာ အခုလို ပြဿ နာတွေ ဖြစ်ပေါ်ပါဝင်နေတယ်ဆိုတဲ့ သတင်းကို  ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
iOS 9.3 မှာ ဖြစ်ပေါ်လာတဲ့ အဆင်မပြေမှုတွေကတော့ Browser များမှာ Webiste ရဲ့  Link ကိုတိုက်ရိုက် ရိုက်နှိပ်ကာ ကြည့်ပေမဲ့ မိမိအလိုရှိတဲ့ Web page ကို Tab တစ်ခုတည်းမှာပင် တိုက်ရိုက်ပေါ်လာခြင်းမရှိပဲ နောက်ထပ် Tab တစ်ခုမှာ ပေါ်လာခြင်း ၊ မိမိအလိုရှိတဲ့ Web page ကို အချိန်ကာလ ကြာမြှင့်သည့်အချိန်မှ ပေါ်လာခြင်း စတဲ့ ပြဿ နာ အနည်းငယ်ကိုiOS 9.3 အသုံးပြုသူတို့ ကြုံတွေ့နေရပါတယ်။ အဆိုပါ အဆင်မပြေမှုများကို Apple’s Community Support Forums မှာ တင်ထားကြပါတယ်။ အသုံးပြုသူတို့အနေနဲ့ ဖုန်းကို Restart လုပ်၍ သော်လည်းကောင်း၊ Browser setting ထဲမှာ Java Script ကိုပိတ်ခြင်းဖြင့်လည်းကောင်းအမျိုးမျိုးစမ်းသပ်ကြသော်လည်းအဆင်ပြေမှုမရှိခဲ့ပါဘူး။
iPhone အသုံးပြုသူတို့အနေနဲ့ အသစ်ထွက်ရှိလာတဲ့ iOS 9.3 မှာ ဖြစ်ပေါ်နေတဲ့ အဆင်မပြေမှုကို အမြန်ဆုံးပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ Apple အနေနဲ့ချက်ချင်းအကြောင်းမပြန်ခဲ့သေးတဲ့အတွက်အသုံးပြုသူတို့အနေနဲ့စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ပါတယ်။

Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment