iPhone/Pad မှာ Bass သံကို ဘယ်လို ညှိမလဲ

@http://www.myanmarmobileapp.com/
Apple iPhone တွေမှာ ပါလာတဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေထဲက တစ်ခုကတော့ Apple Music ဖြစ်ပြီး ဂီတဟာ Apple ဖုန်းတွေမှာ အကြီးအကျယ်ဦးတည်ချက်ထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အခုပြောခဲ့သလိုပဲ လူတွေဟာ သူတို့ ရဲ့ မိုဘိုင်းလ်ဖုန်းတွေမှာ ၀ယ်စကပါလာတဲ့ဖုန်းစပီကာတို့ နားကြပ်တို့ နဲ့ ပဲ ဖြစ်ဖြစ် ၊ နောက်ပိုင်းထပ်ဝယ်တဲ့
နားကြပ် ၊ စပီကာစသည်ဖြင့်အသံပိုင်းပစ္စည်းအမျိုးမျိုးကို သုံးကြပါတယ်။
အရာရာတိုင်းမှာ သူ့ ကိုယ်ပိုင်အသံအရည်အသွေးရယ်လို့ ရှိကြတာပါပဲ။ ဒီသင်ခန်းစာမှာတော့ ဘယ်လို အသံပိုင်းဆိုင်ရာပစ္စည်းတွေကို သုံးပြီးသီချင်းနားထောင်သည်ဖြစ်စေ ကို်ယ့်နားထောင်တဲ့ သီချင်းဂီတကို Bass သံအမြင့်ဆုံးရအောင် iPhone တို့  iPad တို့ ပေါ်မှာ Bass သံကို ညှိနည်း ပြသွားပါမယ်။
           Bass သံကိုဘာ့ကြောင့် ချိန်ညှိသင့်သလဲ
iOS ဖုန်းတွေပေါ်မှာရှိတဲ့ stock music setting ဟာ အသံပိုင်းဟန်ချက်ညှိပြီး သီချင်းသံ ရှင်းလင်းပြတ် သားမှုရဖို့ အတွက် ထားရှိထားပါတယ်။ လူအများစုကတော့ ဒီအတိုင်းသွားတာက ဘာမှမှားစရာ မရှိလို့ ဒီနည်း အတိုင်းပဲ သွားပါတယ်။
အခြားတစ်ဖက်မှာတော့ တစ်ချို့ audio crazy ဖြစ်သူတွေအနေနဲ့  အပြင်ကနားကြပ်နဲ့ စပီကာတွေက တစ်ဆင့် ကြားရတာထက် တိုးတိုးပြီး လိုချင်တောင့်တဖြစ်တဲ့အတွက်ကြောင့် Apple မှာ သီချင်းနားထောင်ရာ ၊ ဗွီဒီယိုကြည့်ရာမှာ ကိုယ့်ရဲ့ iOS ဖုန်းကို tune ညှိဖို့ equalizer(EQ) setting တွေ ပါရှိပါတယ်။
ကိုယ်ရွေးနိုင်တဲ့ အသံပိုင်းဆက်တင်တွေလည်း အများကြီးထားရှိပြီး ဘေ့စ်သံကို များများစားစား ရှာချင် တယ်ဆိုရင် Bass သံဟိန်းအောင်ပဲဖြစ်ဖြစ် အသံစူးရှမှုကို လျှော့အောင်လို့ ပဲဖြစ်ဖြစ် Bass သံနဲ့ ဆက်စပ်တဲ့ EQ settings တွေပေါ် အာရုံစိုက်မိမှာပါ။
            ဘယ်လိုညှိမလဲ
ကိုယ်နားထောင်တဲ့သီချင်းမှာ ဘေ့စ်သံများများပိုထပ်ထည့်ဖို့ အဆင်သင့်ရှိပြီဆိုရင် ဘေ့စ်သံကို မြိုင်မြိုင် ဆိုင်ဆိုင်ဖြစ်ရအောင် EQ settings ကို ပြောင်းဖို့ အောက်ပါအဆင့်တွေကို လိုက်နာနိုင်ပါတယ်။
မှတ်ချက် ။။ အခုလို မလုပ်ခင်မှာ တကယ့်အပြင်မှာ အသံပိုင်းအပြောင်းအလဲကြားရအောင်လို့ နောက်ခံ ကနေ သီချင်းတွေ ဖွင့်ထားဖို့ အကြံပြုပါတယ်။
(၁) Setting app ကနေ Music ဆိုတဲ့ အပိုင်းကို သွားဖွင့်ပါ။



(၂) ပြီးတာနဲ့ EQ setting ကိုဖွင့်ပါ။
(၃) နောက်ဆုံးအနေနဲ့ EQ settings စာရင်းထဲမှ Bass Booster option ကို နှိပ်ပါ။

ဒါဆို ပြီးပါပြီ။
ကျွန်တော်ပြောထားသလို နောက်ခံကနေ သီချင်းဖွင့်ထားရင် အသံပိုင်း ချက်ချင်းပြောင်းသွားတာကို ကြား ရမှာပါ။
ဒီဆက်တင်ဟာကိုယ့်သီချင်းမှာ ဘေ့စ်သံဟိန်းပြီး အသံစူးနေတာကိုနည်းထားကာ ဘေ့စ်သံမှာပဲ အသားပေးထည့်သွင်းသွားတာပါ။ ဘေ့စ်သံကို ပိုကျယ်အောင်လုပ်စရာမလိုသလို အသံနှုန်း tone ကို ပိုမြင့်အောင် လုပ်ထားခြင်းကြောင့် ကွဲကွဲပြားပြား သိသာနေပါတယ်။ ပြောခဲ့သလို ကိုယ့်နားကြပ်နဲ့ စပီကာမလို လဲနဲ့  အဆင့်မြင့်ကားပိုင်းအသံစနစ်လိုမျိုးမျှော်လင့်ထားလို့ မရပါဘူး။ နားကြပ်နဲ့ စပီကာမှာ ကြားနိုင်သလောက် ကိုပဲ အသံကြားရမှာပါ။
ဒီတော့ အရင်အသံပိုင်းနဲ့ မတူကွဲပြားတာကို ကြားရအောင် တစ်ခြား EQ settings တွေနဲ့ စမ်းကြည့်လို့  ရပါတယ်။ နားကြပ်နဲ့ စပီကာတွေမတူတဲ့အပေါ် မူတည်ကာ ကိုယ့်ရဲ့ EQ settings မှာ အသေပါမပါ ကြည့်ပြီး iOS settings ဟာ ကိုယ်အလိုရှိတဲ့အသံပိုင်းမြိုင်ဆိုင်မှုကို ဖြည့်ဆည်းပေးသွားမှာပါ။
တစ်ခုမှတ်ထားရာမှာက Spotify လို တစ်ချို့  app တွေဟာ သူတို့ ရဲ့ အက်ပ်တွေထဲမှာ ကိုယ်ပိုင် EQ settings တွေ ပါရှိထားပြီးပါ။ ဒီတော့ ဒီအက်ပ်တွေကနေ အသံကို ညှိထားကတော့ သီးသန့် လုပ်တဲ့ process တစ်ခုအဖြစ်သွားပါတယ်။
အခုဆို ကိုယ့် iOS devices ရဲ့ EQ settings ထဲက Bass ဆက်တင်ကို ပြောင်းလိုက်ပါပြီ။ ကိုယ့်သီချင်း မှာ Bass သံဟိန်းပြီး အသံစူးတာကိုလျှော့ထားတာကို နားဆင်နိုင်ပါပြီ။ ကိုယ့်သီချင်းမှာ အသံဟိန်းတာကို ကြိုက်တဲ့သူတွေလည်း အများကြီး ရှိကြပါတယ်။ ဒီတော့ အခုလို iOS တွေမှာ အခုလို ဆက်တင်ညှိရတာကို သိရတာ အရမ်းကောင်းပါတယ်။
ဒီလိုလုပ်လို့ ရတာဟာ Apple ရဲ့ EarPods တွေ အတွက် သာမကဘဲ တစ်ခြား တစ်ဆင့်သုံး third party နားကြပ်တွေနဲ့ စပီကာတွေမှာလည်း လုပ်လို့ ရပါတယ်။

Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment