Ubuntu Bootable USB Installer ပြုလုပ်ခြင်း

@http://www.mmitfamily.com/

Ubuntu Bootable USB Installer ပြုလုပ်ချင် သူတွေအနေနဲ့ Default Application တွေ ပါဝင်တဲ့ Ubuntu Bootable USB Installer ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Bootable USB Installer ကို Gnome နဲ့အတူ ပြုလုပ် ဖို့အတွက် အောက်ဖော်ပြပါ အတိုင်းပြုလုပ်ရပါမယ်။

Ubuntu OS မှာ Ubuntu Bootable USB Installer ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ် ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

ပြီးသွားပြီဆိုရင် Gnome Disk Utility ကို ထည့်သွင်းဖို့အတွက် sudo apt-get install gnome disk-utility ဆိုပြီး ရိုက်ထည့်ရပါမယ်။ Gnome Disk Utility ကို ထည့်သွင်းပြီးပြီဆိုရင် Ubuntu OS ISO ဖိုင်ကို download ပြုလုပ်ထားရပါမယ်။ အဆိုပါ အဆင့်တွေ ပြီးသွားရင် ကွန်ပျူတာမှာ USB Drive ကို တပ်ဆင်လိုက်ပါ။

တပ်ဆင်ပြီးသွားရင် Ubuntu OS ISO ဖိုင်ကို Right-click နှိပ်ပြီး Open With Disk Image Writer ဆိုတာကို ရွေးချယ်ပေးရပါမယ်။ popup တက်လာတယ်ဆိုရင် Disk Image ကို Restore ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် USB drive ကိုရွေးချယ်ပြီး Start Restoring ဆိုတာကို နှိပ်လိုက်ပါ။ Restore ပြုလုပ်မှာ သေချာလား ဆိုတဲ့ မေးမြန်းမှုကို တွေ့ရတယ်ဆိုရင် Restore ဆိုတဲ့ ခလုတ်ကို ထပ်မံနှိပ်ပြီး အတည်ပြုပေးရပါမယ်။

ပြီးသွားပြီ ဆိုရင်တော့ Ubuntu Bootable USB Installer စတင်ပြုလုပ်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ ပြုလုပ်ချိန်ကို ခေတ္တစောင့်ပေးလိုက်ပါ။ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဆိုရင်တော့ Ubuntu Bootable USB Installer ပြုလုပ်တဲ့အဆင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
Credit-Internet Journal


Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment