
Excel to PDF ပြောင်းလဲ ဖို့ကတော့ အရမ်းလွယ်ပါတယ်။
Excel 2010 နဲ့ 2013 ဆိုရင် Save as မှာ File Type ကို Pdf အဖြစ် ရွေးချယ်ပေးလိုက်တာနဲ့ မိမိရဲ့ Excel ဖိုင်ကို Pdf အဖြစ် ပြောင်းလဲ ပေးသွားမှာပါ။
တကယ်လို့ 2007 ဆိုရင်တော့ Save as မှာ Pdf ရွေးဖို့ မပါသေးပါဘူး။
အဲဒီအတွက် ဒီလင့်မှာ Add-in ဒေါင်းယူပြီး Install လုပ်လိုက်ပါ။
http://www.microsoft.com/en-us/download/details.aspx?id=7
ဒါဆိုရင်တော့ 2007 မှာလဲ Save as က နေ ပြောင်းလဲ ပေးလို့ရပါပြီ။
အခြားပြောင်းလဲတဲ့ နည်းတွေရှိပေမယ့် အခု ဖော်ပြခဲ့တဲ့ နည်းလမ်းက အဆင်ပြေဆုံးနဲ့ အလွယ်ကူဆုံးလို့ယူဆပါတယ်။
***********************************************
PDF to Excel က ပြောင်းလဲဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အသင့်တော်ဆုံးဖြစ်မယ်လို့ ယူဆရတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။
၁) Manually ပြောင်းလဲခြင်း
မိမိရဲ့ PDF ဖိုင်ကို ဖွင့်ပြီး Save as နေရာမှာ Text ဖိုင်အဖြစ် သိမ်းပါ။
Excel ကို ဖွင့်ပါ။ Data Tab အောက် ဘယ်ဘက် နားမှာ From Text ဆိုတာကို ကလစ်ပါ။
ဖိုင်ရွေးဖို့ Box ကျလာရင် မိမိရဲ့ Text ဖိုင်လေးကို ရွေးပြီး Import လုပ်ပါ။
Text Import Wizard ဆိုတဲ့ Box လေးကျလာမယ်။ အဆင့်သုံးဆင့်ရှိတယ်။
Step 1) Delimited ကိုရွေးချယ်၊ Next ပေးပါ။
Step 2) Tab , Space ကိုရွေးပါ။ ( ဒီနေရာမှာ မိမိ လိုအပ်ချက် အပေါ်မူတည်ပြီါ် အပြောင်းအလဲ ရှိပါမယ်။ အဲဒီမှာပါတဲ့ Option တွေကို လိုအပ်သလို ကစားကြည့်ပါ။) Next ပေးပါ။
Step 3) General ကိုရွေးချယ်ပြီး Finish ပေးပါ။ ဘယ်နေရာမှာ ဒေတာကို ထားမလဲ မေးပါမယ်။ မိမိ ထားလိုတဲ့နေရာ Cursor ချ အိုကေပေးပါ။
ဒါဆိုရင်တော့ မိမိရဲ့ PDF ကို Excel မှာ ထည့်ပြီးသွားပြီ။
အားသာချက် က သီးခြား Software မလိုဘူး၊ အင်တာနက်မလိုဘူး
အားနည်းချက် က စာသားသီးသန့်ပဲ Excel ထဲ ၀င်တယ်။ Pdf မှာ ရှိခဲ့တဲ့ Format တွေ ပါမလာဘူး။
သွင်းတဲ့အခါမှာလဲ စာသားတွေက Pdf မှာ ရှိခဲ့တဲ့ Format နေရာအတိုင်း ကွက်တိ ရှိဖို့ မသေချာဘူး၊ အဲဒီ အတွက် ပြန်စစ် ပေးရမယ်။ လိုအပ်တာ ပြန်ပြင်ပေးရမှာဖြစ်ပါတယ်။
*********************************
၂) Internet တွင် Upload တင် ပြောင်းလဲခြင်း
Pdf to Excel ပြောင်းလဲလို့ရတဲ့ Website ပေါင်းများစွာရှိပါတယ်။ များသောအားဖြင့် Free တွေ ဖြစ်ပါတယ်။ Email လိပ်စာတောင်းပြီး မိမိရဲ့ Email ဆီကို ပြောင်းလဲပြီးသား Excel ဖိုင် ပို့ပေးပါတယ်။
ကျနော် သုံးလေ့ရှိတဲ့ ဆိုဒ်ကတော့ https://docs.zone/pdf-to-excel ဖြစ်ပါတယ်။
Email လဲမတောင်းဘူး၊ တစ်ခါတည်း Upload တင်ပြီး တစ်ခါတည်း ပြန်ဒေါင်းယူလို့ရပါတယ်။
အားသာချက်က လုပ်ရတာ လွယ်ကူတယ်။ Pdf မှာရှိတဲ့ Color, Border က စလို့ အကုန် Excel မှာ ပြောင်းလဲ ပေးတယ်။
အားနည်းချက်က အင်တာနက်လိုတယ်။ အချို့  ဖိုင်တွေကို ပြောင်းလဲရာမှာ Error တက်တတ်တယ် (များသေားအားဖြင့် က အဆင်ပြေပါတယ်။)
စိုးရိမ်စရာ ဖြစ်တန်ချေ အရမ်းနည်းပေမယ့် မိမိရဲ့ အရေးကြီး အချက်အလက် တွေဆိုရင်တော့ Online ပေါ်မှာ Upload တင်ရတာဖြစ်တဲ့အတွက် 100 % တော့ စိတ်မချရဘူးပေါ့။
*********************************
၃) Software ဖြင့် ပြောင်းလဲခြင်း
Software တွေ အများကြီးရှိပါတယ်။ Free တွေရော၊ ပိုက်ဆံပေး ၀ယ်ရတာတွေပါ ရှိပါတယ်။
ကျနော် နှစ်သက်တဲ့ Software လေးကတော့ PDF To Excel Converter ဖြစ်ပါတယ်။ ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ https://drive.google.com/file/d/0B3wvl_HG4K-JWEoySlpDRFlPQVk/view?pref=2&pli=1
လုံးဝ Free ဖြစ်ပါတယ်။
သုံးရတာ အရမ်း အဆင်ပြေ လွယ်ကူပါတယ်။
PDF မှာ Page တစ်ခု ဆိုရင် Excel မှာ Sheet တစ်ခုအနေနဲ့ ထားပေးပါတယ်။ PDF မှာရှိတဲ့ Format တွေ အကုန် Excel ထဲ ၀င်ပါတယ်။
ဒါကြောင့် ဒီနည်းလမ်းလေးကိုတော့ Highly Recommend ပါပဲ။
************************************************************
ကျနော် အသုံးပြုနေတဲ့ နည်းလမ်းတွေထဲက အားလုံးအတွက် အဆင်ပြေမယ် ထင်တာကို တင်ပြလိုက်တာပါ။
အခြားကောင်းတဲ့ နည်းလမ်းတွေလဲ အများကြီးရှိဦးမှာပါ။
ညီအကို မောင်နှမများ သုံးပြီး အဆင်ပြေတဲ့ အခြားနည်းလမ်းတွေရှိရင် အားလုံးအတွက် ဝေမျှပေးပါဦးခင်ဗျာ။
အားလုံးပဲ လုပ်ငန်းခွင်မှာ Excel ကို ထိထိရောက်ရောက် အသုံးပြုနိုင်ကြပါစေ။
MEET
Credit to => www.myanmarexcel.com
ကျေးဇူးတင်ပါတယ်။
Be Positive!
0 comments:
Post a Comment