MINOTE/Pro တွေ လိုဂို မှာရပ်ခဲ့ရင် (သို့ မဟုတ်) Brick ဖြစ်နေခဲ့ရင် MIflash Tool သုံးပြီး Firmware တင်နည်း ဖြစ်ပါတယ်။ Bootloader Lock အလုံးတွေအတွက် Fastboot ကနေ တင်ဖို့  (twrp) ကအစ တင်လို့ မရနိုင် တဲ့ အခြေနေမှာ mode တခုဖြစ်တဲ့ QDloader 9008 Mode ကနေတင်ဖို့  ရေးသားလိုက်ပါတယ်။ ဒီနည်းလမ်းဟာ miui.com ရဲ့  forum တွေမှာ ပေးထားတဲ့နည်းဖြစ်ပါတယ်။
Requirements
=========================================================
1.FASTBOOT ROM FOR MINOTE/PRO
2.MI Flash tool
3.QDloader Driver 32/64
==========================================================
အရင်ဆုံး ဖုံး အား FASTBOOT သို့  ၀င်ရောက်ပါ။
ထို့ နောက် FASTBOOT FOLDER ထဲ CMD ခေါ်ကာ အောက်ပါအတိုင်းရိုက်ပါ။
ထိုအခါ Devices Manager တွင် 9008 Mode ချိတ် ဆက်ထားကြောင်းတွေ့ရမည် ဖြစ်ပြီး ဖုံးသည် Black Screen အနေထားသို့ ရောက်ရှိနေမည်ဖြစ်သည်။FASTBOOT OEM EDL
ထို့ နောက် ဒေါင်းပြီးရလာသော Firmware .tgz အား 7zip ဖြင့် image File များရသည်အထိ ဖြည်ပါ။
ထိုဖိုင်အား C:အောက် သို့  နာမည် အတိုပေးပါ (နာမည် အရှည်ပေးထားပါက (သို့) လမ်းကြောာင်းအရှည်ပေးထားပါက Error တက်တတ်သည်)
MI FLASHTOOL ကို ဖွင့်ပါ ။ Browse မှ Firware ထားရာ image Folder အားရွေးပါ။Flash all မှာ အမှန်ချစ်ပါ။
Refresh ကိုနှိပ် ကာ COM port ချိတ်ဆက်မှု သိရှိပြီး ပါက Flash ကိုနှိပ်ကာ Firmware တင်နိုင်ပါပြီ။
@http://www.myanmarmobileapp.com/
0 comments:
Post a Comment