*** iPhone/iPad/iPod Touch များမှပြောင်းလဲပုံ***
၁. iTunes Store, App Store (or) iBooks Store ကိုဝင်လိုက်ပါ...
၂. ထို့နောက်အောက်ခြေနားထိ scroll down လုပ်ပြီး Sign in လုပ်လိုက်ပါ...
(အကယ်၍Sign In ၀င်ပြီးသားဆိုပါက အဆင့်၅ထိ ကျော်လိုက်ပါ)
၃. " Use Exiting Apple ID " ကိုရွေးပါ...
၎. ID နဲ့ Password ကိုနှိပ်ပါ... "Ok" ကိုနှိပ်ပါ...
၅. ပြီးရင် Sign in ၀င်ထားတဲ့ Apple ID ပေါ်ကိုနှိပ်လိုက်ပါ...
၆. View My ID (or) View Account ကိုနှိပ်ပါ...
၇. Country/Region ကိုနှိပ်ပါ...
၈. Change Country or Region ကိုနှိပ်ပါ... နိုင်ငံရွေးပေးပြီးလိုအပ်သည့်လိပ်စာများထည့်သွင်းပါ
(ဤနေရာတွင်မိမိပြောင်းလိုသည့် Country ရဲ့ Address ကိုသိရှိထားဖို့လိုပါတယ်... ကျွန်တော်ကတော့ US Store ကိုပြောင်းပြပါမယ်... လူသုံးများတဲ့Storeများရဲ့ Address ကိုလိုချင်တယ်ဆိုရင်တော့ "ဤနေရာ" ကိုနှိပ်ပါ)
ပြီးရင်တော့ Apple ID ရဲ့ Address ကို iPhone/iPod/iPad များပေါ်မှနေအလွယ်တကူပြောင်းလဲပြီးပြီပဲဖြစ်ပါတယ်....
အခုဆက်လက်ပြီးတော့ PC/Mac ပေါ်မှနေ၍ပြောင်းလဲပုံကိုတင်ပြပေးပါ့မယ်...
*** PC/Mac မှပြောင်းလဲပုံ***
၁. iTunes ကိုဖွင့်ပါ...ပြီးလျှင် Sign In ၀င်ပါ....
၂ Sign in ၀င်ပြီးလျှင် Account Info ကိုရွေးပါ...
၃. ထို့နောက် Change Country or Region ကိုနှိပ်ပါ...
၎. ထို့နောက်တွင် လိုအပ်သည် Address များကိုဖြည့်သွင်းပေးလိုက်ရင်တော့ မိမိရဲ့ Apple ID Billing Address ဟာပြောင်းလဲသွားပြီပဲဖြစ်ပါတယ်....
***ခြွင်းချက်အနေနဲ့ပြောချင်တာကတော့... Billing Info မှာ Bank Card/Credit Card နဲ့မဟုတ်ပဲ... iTunes Gift Card နဲ့အသုံးပြုထားသူတွေကတော့ Gift Card အတွင်း Amount မကုန်သရွေ့ ပြောင်းလဲခွင့်မရှိပါဘူး ***
အထက်ပါနည်းများနဲ့အလွယ်တကူပြောင်းလဲနိုင်ပါတယ်...
အဆင်ပြေကြပါစေ . . .
THINK DIFFERENT . . .
Ref : Apple Support
Be Positive!
0 comments:
Post a Comment