အောင်မြင်သူတို့ အမူအကျင့် (၁၀၀) ၁၃။ စွန့်စားပါ

 

အောင်မြင်သူတို့ အမူအကျင့် (၁၀၀)
၁၃။ စွန့်စားပါ
အဆင်သင့်ပြင်ပါ၊ အကောင်းဆုံး ဆောင်ရွက်ဖို့အတွက် လက်ရှိအချိန်ထက် ကောင်းသော အချိန်မရှိ တော့ပါဘူး။ လုပ်ငန်းကိစ္စတွေကို စူးစမ်းလေ့လာပါ၊ ကိုယ့်ရဲ့ ကြိုတင်ပြင်ဆင်မှုများ အတွက် ယုံကြည်မှု အပြည့်ရှိပါ။ လုပ်ငန်းတစ်ခု ဆောင်ရွက်တဲ့အခါ ချီတုံချတုံဖြစ်ခြင်းဖြင့် တွန့်ဆုတ်ခြင်း၊ တုန့်ဆိုင်းခြင်း မဖြစ်ပါစေနဲ့။ လက်ရှိအချိန်ဟာ အမှန်တကယ် လုပ်ဆောင်ရတော့မယ့် အချိန်ဆိုတာ သဘောပေါက် နားလည်ပါစေ။ အချိန်အကြာကြီး ချီတုံချတုံဖြစ်နေမယ် ဆိုရင် သံသယတွေ တရစ်ဝဲဝဲ ဖြစ်လာပြီး ကြောက်စိတ်တွေ ဖြစ်သွားပါလိမ့်မယ်။ မှန်ပါတယ်၊ လုပ်ငန်းကိစ္စတစ်ခု ဆောင်ရွက်တဲ့အခါ အထစ်အငေါ့ တစ်ခုခု ရှိနိုင်ပါတယ်၊ ပယ်ချခြင်း ခံရနိုင်ပါတယ်၊ ကျရှုံးသွားနိုင်ပါတယ်။ အဲဒါ ဘဝ ပါပဲ။ ဘဝမှာ အောင်မြင်သူတွေဟာ ကျရှုံးမှုတွေကို လက်ခံပြီး သင်ခန်းစာယူကာ အကြိမ်ကြိမ် ပြန်လည် စတင် ခဲ့ကြရပါတယ်။ အောင်မြင်သူတွေနဲ့ သာမန်သူတွေရဲ့ အဓိက ကွာခြားတာကတော့ အမှားအယွင်းတစ်ခုခု ဖြစ်တဲ့အခါ၊ ကျရှုံးမှုတစ်ခုနဲ့ တွေ့ကြုံရတဲ့အခါ ဘယ်လို တုန့်ပြန်လဲ ဆိုတဲ့ အချက်ပါ။
လူအများကတော့ ကိစ္စတစ်ခု မဆောင်ရွက်ခင်မှာ ကိုယ့်အတွက် သေချာမယ့် အာမခံချက်တွေကို ရှာဖွေလေ့ရှိကြပါတယ်။ ဒါပေမယ့် သေချာတာတွေကို ရှာဖွေနေရင်းမှာ ကိုယ်ကိုယ်တိုင်က ဘာမှ မလုပ်ချင်တဲ့အခါ ဆင်ခြေဆင်လက်တွေ အမျိုးမျိုး ပေးတတ်ကြပါတယ်။ စွန့်စားမှုတွေ မလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးတတ်ကြတဲ့ ကိုယ့်က ချစ်ခင်ရတဲ့သူတွေကို သတိထားပါ။ ရဲရဲဝံ့ဝံ့ စွန့်စားလိုက်ပါ။

“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ …”
အောင်ကိုဦး (UMK)
Be the Best !

Credit to Aung Ko U - UMK

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment