L O V E is A Key To SUCCESS …



( V Day ဆိုတော့လည်း LOVE နဲ့ ပတ်သက်တာလေး ပြန်တင်ပေးလိုက်ပါတယ်)
ခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ လူငယ်တွေ စိတ်ဝင်စားစေချင်လို့
ဒီခေါင်းစဉ်ကို ပေးလိုက်တာပါ။
ဘဝအောင်မြင်ရေးနဲ့ ပတ်သက်လို့ ခေါင်းစဉ်ပေါင်းများစွာနဲ့ ပြောခဲ့ … ရေးခဲ့တဲ့အတွက် … အကြောင်းအရာတွေလည်း မထပ်စေချင်ဘူး … ကဲပြောနေရင်ကြပါတယ် … စလိုက်ကြရအောင်ပါ …
L O V E ဆိုတာဘာလဲ … ?

L – Learn everywhere

- နေရာတိုင်းမှာ လေ့လာသင်ယူပါ
ဘဝမှာအောင်မြင်ချင်တဲ့ သူတွေအတွက် … ကိုယ်ရဲ့ သက်မွေးဝမ်းကြောင်း အတတ်ပညာ ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တဲ့ အရာ၊ လိုအပ်ချက် စတာတွေကို နေရာတိုင်းမှာ လေ့လာသင်ယူ နေဖို့လိုပါတယ်။ ဆိုလိုတာက စာအုပ်၊ အင်တာနက် တွေကလည်း လေ့လာဖို့လိုသလို ကိုယ်ကို ပြောပြ လမ်းပြနိုင်တဲ့ သူတွေ ဆီက လည်း လေ့လာဖို့ လိုပါတယ်။ ကိုယ့်အတွက် ရနိုင်တဲ့ platform အားလုံးကနေ လေ့လာသင် ယူ ဖို့လိုပါတယ်။ နေရာတိုင်းမှာ လေ့လာသင်ယူနေခြင်းက ကိုယ့်ရဲ့ Skill အတွက် ဝမ်းစာပြည့်လာမှာ ဖြစ်ပါတယ်။

O – Overcome the challenges
 
- စိန်ခေါ်မှုတွေကို ကျော်ဖြတ်လိုက်ပါ
ဘဝမှာ အောင်မြင်ချင်တဲ့သူတိုင်း စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ တွေ့ကြုံရမှာ မလွဲဧကန်ပါ … အဲဒါတွေကို ကျော်ဖြတ်နိုင်မှသာ အောင်မြင်မှု ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်ကြမှာပါ၊ အဲဒီလို ဖြတ်ကျော်နိုင်ဖို့ ဆိုတာကလည်း Skill တွေပြည့်ဝနေမှသာ ဖြတ်ကျော်နိုင်ကြမှာပါ …. ။ ရေမကူးတတ်တဲ့ သူတစ်ယောကို ရေထဲတွန်းချမယ်ဆိုရင် ကြောက်ရွံ့နေမှာ ဖြစ်ပေမယ့် ရေကူးကျွမ်းကျင်တဲ့ သူတစ်ယောက်ကတော့ ရေထဲကျမှာ ကို မကြောက်ပါဘူး … ဒါဟာ သူ့မှာ ရေကူးကျွမ်းကျင်တယ် ဆိုတဲ့ Skill ရှိနေလို့ပါ။ စိန်ခေါ်မှုတွေ … အခက်အခဲတွေကို ကျော်ဖြတ်တဲ့ အခါ ကျွန်တော်ရေးဖူးတဲ့ ဆင်ပုံပြင် လိုပဲ တစ်ခါရှုံးတိုင်း အရှုံးမပေးပါနဲ့ … အောင်မြင်မှု ရတဲ့အထိ ကြိုးစားဖို့က ကိုယ့်တာဝန်ပါ။

V – Value your profession

 - ကိုယ့်ရဲ့သက်မွေးဝမ်းကြောင်းကို တန်ဖိုးထားပါ
ဘဝမှာအောင်မြင်ချင်တဲ့သူတိုင်းအတွက် မရှိမဖြစ်အရေးကြီးတာကတော့ ကိုယ့်ရဲ့ သက်မွေးဝမ်း ကြောင်း အလုပ်ကို တန်ဖိုးထားဖို့ပါ။ တန်ဖိုးထားဖို့ဆိုတာလည်း အဲဒီအလုပ်ကို ချစ်ဖို့လိုပါတယ်။ တကယ်ချစ်ရင် တကယ်တန်ဖိုးထားပါတယ်။ တကယ်မချစ်တဲ့ အလုပ်ကို လုပ်ရင်တော့ တန်ဖိုးမထားဘဲ ဖြစ်ကတတ်ဆန်း ပေါ့ပျက်ပျက် လုပ်တတ်ပါတယ်။ ကိုယ့်အလုပ်ကို ကိုယ်က တန်ဖိုးထားမှ ရလဒ်ကောင်းတွေနဲ့ အောင်မြင်မှု ရနိုင်ကြမှာပါ။

E – Encourage Yourself

- ကိုယ့်ကိုယ်ကို အားပေးပါ
အောင်မြင်မှု ပန်းတိုင်ကို လျှောက်နေတဲ့အခါ အမြဲတမ်းတော့ မဖြောင့်ဖြူးနိုင်ပါဘူး … အခက်အခဲတွေ ဒုက္ခတွေ … စိတ်ညစ်စရာတွေ … သောကတွေ အများကြီး ကြုံရတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝကို ကိုယ်ကပဲ ဖန်တီးရတာပါ။ ဘယ်သူကမှ လာဖန်တီးပေးလို့ မရတဲ့အတွက် ကိုယ်ဖန်တီးတဲ့ ဘဝမှာ ကြုံလာသမျှ ကိုယ့်ကိုယ်ကိုသာ အားပေးလိုက်ပါ။

L O V E
L – Learn everywhere
O – Overcome the challenges
V – Value your profession
E – Encourage Yourself
“လူငယ်တိုင်း အောင်မြင်နိုင်ကြပါစေ … ”
အောင်ကိုဦး(UMK)
Be the Best !

Credit to Aung Ko U - UMK

Source => https://www.facebook.com/aungkouumk/posts/817514301708693:0

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment