Facebook ဟာ ဒီနေ့ခေတ် အင်တာနက်ရဲ့ အကြီးမားဆုံး ဗီဒီယို ၀က်ဆိုက်များထဲမှ တစ်ခုဖြစ်လာပါပြီ။ YouTube ကတော့ ဘုရင်ဖြစ်နေပေမယ့် Facebook ဟာ YouTube ကို အလျှင်မြန်ဆုံး အမီလိုက်လာနေပါပြီ။ Facebook က YouTube ကို မယှဉ်နိုင်သေးတဲ့ အကြောင်းအရင်းကတော့ ဗီဒီယိုဖန်တီးသူများအတွက် ၀င်ငွေဖန်တီးပေးမှုအပိုင်းမှာ အားနည်းနေသေးလို့ ဖြစ်ပါတယ်။ ဒီအပိုင်းကိုလည်း Facebook က ကြိုးစားပြင်ဆင်နေပါတယ်။
Facebook မှာ ဗီဒီယိုတစ်ခုကို ကြည့်ရင် Default အားဖြင့် SD Quality နဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ HD Quality ကို အထောက်အပံ့ပေးတဲ့ ဗီဒီယိုတစ်ခုကို ကြည့်ရင် Video Player Interface ကနေ အရည်အသွေးကို HD ပြောင်းနိုင်တဲ့ ခလုတ်ကို နှိပ်နိုင်ပါတယ်။ အင်တာနက်လိုင်းကောင်းမွန်ပြီး HD အရည်အသွေးကိုသာ ကြည့်ရှုချင်သူများအတွက် Default အားဖြင့် HD ကို ပြသပေးဖို့ သတ်မှတ်နိုင်ပါတယ်။
မှတ်ချက်။ ။ ဒီလိုပြုလုပ်ဖို့အတွက် Facebook Website ကနေသာ ပြုလုပ်နိုင်တာ ဖြစ်ပြီး Facebook Lite အပါအ၀င် Facebook Mobile Apps များမှာ မပြုလုပ်နိုင်သေးပါဘူး။
ဝက်ဘရောက်စာကနေ သင့်ရဲ့ Facebook အကောင့်ထဲကို Login ၀င်ပါ။ ညာဘက်အပေါ်ထောင့်ရှိ Drop-Down Menu ကို နှိပ်ပြီး Settings ကိုနှိပ်ပါ။

1
Settings Page ကိုရောက်ရင် ဘယ်ဘက်ခြမ်းရဲ့ အောက်ဆုံးမှ Videos ထဲသွားပါ။
2
Video Settings Page ရောက်ရင် ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး HD if available ကို နှိပ်ပါ။
3
ဒါဆိုရင်နောက်တစ်ခါ Facebook မှာ ဗီဒီယိုကြည့်ရင် Default အားဖြင့် HD Quality နဲ့ ပြသပေးမှာ ဖြစ်ပါတယ်။
မှတ်ချက်။ ။ HD Video များဟာ SD Video များထက် သင့်ရဲ့ Bandwidth ကို ပိုမိုစားသုံးတာကို သတိပြုပါ။ နောက်တစ်ချက်က အင်တာနက်လိုင်းကောင်းမှသာ HD Video များကို မထစ်မငေါ့ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Facebook Lite Mobile App မှာတော့ ဗီဒီယိုများကို ကြည့်ရှုလို့ မရသေးတာကိုတွေ့ရပါတယ်။ သာမာန် Facebook Mobile App မှာ Video Settings မပါရှိသေးတဲ့အတွက် ဗီဒီယိုများကို Default အားဖြင့် HD အရည်အသွေးနဲ့ ပြသပေးမှာမဟုတ်ပေမယ့် ဗီဒီယိုဟာ HD ကို Support လုပ်ရင် Video Player မှ HD Icon ကို နှိပ်ပြီး ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။