ဘဝ တန်ဖိုး


$$$$$$$$$
တစ်နေ့မှာ နာမည်ကြီး ဟောပြောသူတစ်ယောက်က လူ ၂၀၀ လောက်ရှိတဲ့ ခန်းမထဲမှာ ဒေါ်လာ တစ်ရာတန် တစ်ရွက်ကို ကိုင်ပြီး စတင်လိုက်ပါတယ်။ ခန်းမထဲမှာ ရှိတဲ့ လူတွေကို ဒီ ဒေါ်လာ ၁၀၀ ကို ဘယ်သူလိုချင်လဲ … ? လိုချင်တဲ့သူတွေ လက်ထောင်လိုက်ပါ လို့ ပြောပါတယ် …
အဲဒီအချိန်မှာ အားလုံးက လက်ထောင်ပြီးတော့ လိုချင်ကြောင်း ပြကြပါတယ်။ ပရိတ်သတ်တွေထဲ က တစ်ယောက် ကို ဒီ ဒေါ်လာ ၁၀၀ ကို ပေးပါမယ် … ဒါပေမယ့် ကျွန်တော့်ကို တစ်ခုတော့ လုပ်ခွင့်ပေးပါ လို့ပြောပြီးတော့ အဲဒီပိုက်ဆံကို လုံးချေလိုက်ပါတယ်။ ပြီးတော့ ဘယ်သူတွေ လိုချင်ကြသေးလဲ လို့ မေးပြန်ပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေကို မြှောက်ထားကြဆဲပါ …
ဟုတ်ပြီ … ဒါဆိုရင် ကျွန်တော် … ဘာဆက်လုပ်မလဲ ကြည့်ရအောင်ဗျာ … ဆိုပြီးတော့ ပိုက်ဆံကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီးတော့ ဖိနပ်နဲ့ နင်းချေလိုက်ပါတယ် … အဲဒီကြေမွ ပေရေ နေတဲ့ ပိုက်ဆံကို ပြန်ကောက်ပြီးတော့ ဘယ်သူတွေလိုချင်သေးလဲ လို့ ထပ်မေးပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေ မြှောက်ထားဆဲပါပဲ …
အဲဒီတော့မှ ပရိတ်သတ်ကြီးခင်ဗျာ … ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကို ပြောပြချင်လို့ပါ … ကျွန်တော် ဒီပိုက်ဆံကို ဘယ်လိုပဲ နင်းချေ ညစ်ပတ်ပေရေ လုပ်လိုက်ပေမယ့် ပရိတ်သတ်ကြီးက လိုချင်နေဆဲပါပဲ … ဘာကြောင့်လဲဆိုတော့ ပိုက်ဆံကို ညစ်ပတ်ပေရေ တွန့်ကြေ သွားအောင် လုပ်လိုက်ပေမယ့် သူရဲ့ တန်ဖိုးက ပြောင်းလဲမသွားလို့ပါ …
ကျွန်တော်တို့ ဘဝမှာ အကြိမ်ပေါင်းများစွာ ပြုတ်ကျနိုင်တယ် .. ကြေမွနိုင်တယ် … ညစ်ပတ်ပေရေ သလိုမျိုး ဘဝတွေ နွမ်းပါးနိုင်တယ်။ ကျွန်တော့်တို့ ကို ကျွန်တော်တို့ အသုံးမကျတော့ဘူးလို့တောင် ခံစားရကောင်းခံစားရမိနိုင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ခဲ့ခဲ့ … ဘာတွေပဲ ဖြစ်လာလာ ကိုယ့်ရဲ့တန်ဖိုးတော့ မမဲ့ပါစေနဲ့ .. ဒါလေးတော့ မမေ့စေချင်ပါဘူး လို့ ပြောလိုက်ပါတယ်
ဒီအကြောင်းအရာလေးကို အင်တာနက်မှာ ဖတ်မိတဲ့အခါ ဆက်စဉ်းစားဖြစ်ပါတယ် … ပိုက်ဆံ တစ်ရွက်မှာ ၂၀၀ … ၅၀၀ … ၁၀၀၀ .. ၅၀၀၀ …. ၁၀၀၀ စသည်ဖြင့် တန်ဖိုးတွေ ရှိသလို … လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ဘာလဲ … ကိုယ့်မှာ ဘယ်လိုတန်ဖိုးတွေ ရှိသင့်လဲ …
ရိုးသားမှု …
စာနာ နားလည်မှု …
တရားမျှတမှု …
ဉာဏ်ပညာ ကြီးမားမှု …
ခေါင်းဆောင်နိုင်မှု …
ပေးကမ်းစွန့်ကြဲနိုင်မှု …
ရဲရင့်မှု …
စွန့်လွှတ် အနစ်နာခံနိုင်မှု …
စတဲ့ စတဲ့ လောကပါလ တရားတွေထဲက
ကိုယ့်ရဲ့ တန်ဖိုးကို ဘယ်လို သတ်မှတ်ကြမလဲ …
အလေးအနက်ထားပြီး စဉ်းစားကြည့်ကြစေချင်ပါတယ် ….
“တန်ဖိုးရှိသော ဘဝကိုယ်စီကို ပိုင်ဆိုင် နိုင်ကြပါစေ …”
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

Credit to Aung Ko Oo - UMK

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment