ပန်းသီးပုတ်တစ်လုံး …


+++++++++++++++++
ကျွန်တော် စာရေးနေတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကိုယ်သိသလောက် … ကိုယ်ဖြတ်သန်း ခဲ့သလောက် … ကိုယ်ဖတ်ဖူး မှတ်ဖူးသလောက် ကို ပြန်မျှဝေပေးနေတာပါ၊ ဘာကြောင့်လဲ … မြန်မာလူငယ်တွေကို …. ကိုယ်ရည်ကိုယ်သွေး ပြည့်ဝစေချင်တယ် … အရည်အချင်း ရှိစေချင်တယ် … အသိပညာ ဗဟုသုတ ပြည့်စုံစေချင်တယ် … ဒါဆိုမင်းကရော … ဘယ်လောက်တော်လို့လဲ လို့ မေးစရာ ရှိပါတယ် … တော်လွန်းလို့တော့ မဟုတ်ပါ …. ပြည့်စုံလွန်းလို့တော့ မဟုတ်ပါ … ရှိသလောက်ကို ပြန်မျှပေး နေတာပါ …
ကျွန်တော်ရဲ့ ရည်ရွယ်ချက်က Bottom _ Up ဖြစ်တဲ့ အောက်ခြေကနေ အပေါ်ကို တဖြည်းဖြည်းချင်း တက်ဖို့အတွက် လုပ်နေတာပါ … အဲဒီအချိန်မှာ ဘယ်လောက်ပဲ ကြိုးစား … ကြိုးစား … ကြိုးစားသလောက် ရခွင့်မရှိတဲ့ စနစ်တခုမှာ ကြိုးစားသလောက် အရာမထင်ဘူးလို့ ယူဆကြတဲ့ သူတွေ ကလည်း အများကြီးပါ … အဲဒါကိုလည်း လက်ခံပါတယ် … ။ ဥပမာ - ပညာရေးစနစ်တစ်ခုပဲ ဆိုကြပါစို့ … လူ ၁၀ ယောက်မှာ မကြိုးစားတဲ့ လူတွေ မတော်လာတာဟာ စနစ်တစ်ခုမဆိုင်ဘဲ … ကြိုးစားမှုတွေရှိရက် နဲ့ မတော်လာဘူးဆိုရင် စနစ်တစ်ခုနဲ့ သက်ဆိုင်နေပါပြီ …
ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်ဟာ လူတစ်ယောက်ရဲ့ ဘဝကို အာမခံချက်မပေးနိုင်ဘူးဆိုတာ ကို လက်ခံပါတယ် … ဒီနေရာမှာ … ကျွန်တော့် အစ်ကို ညောင်တုန်းကနေ ကွမ်းရွက်တွေ သီရိမင်္ဂလာဈေးကို ပို့တဲ့အခါ သွားစောင့်ရင်းနဲ့ တွေ့ခဲ့ရတာကို သွားသတိရမိတယ် … အဲဒီမှာ ကွမ်းခြင်းကုန်တဲ့ အထိစောင့်နေရင်းနဲ့ လက်လုပ်လက်စား ကောင်လေးတွေ … ဈေးထဲမှာရှိတဲ့ ပန်းသီး အပုတ်လေးတွေကို စုနေကြတာကို တွေ့ခဲ့ပါတယ် … ဘာဖြစ်လို့ ပန်းသီးအပုတ်လေးတွေကို ယူကြလဲ … သူတို့ရွေးချယ်ခွင့်က အပုတ်လောက်ပဲ ရွေးချယ်နိုင်တာပါ … ဒါပေမယ့် အဲဒီအပုတ်ထဲက ရသလောက် ကောင်းသလောက်လေးကို စားဖို့ အတွက် ယူကြတာပါ …
ခုဏက စနစ်တစ်ခုနဲ့ ဒီပန်းသီးပုတ်နဲ့ ဘာဆိုင်လဲ လို့မေးစရာရှိပါတယ် … ကျွန်တော်က ဆက်စပ်ပြီး စဉ်းစားကြည့်ပါတယ် … ကျွန်တော်တို့ မြန်မာလူငယ်တွေ အထူးသဖြင့် အောက်ခြေက လူငယ်တွေမှာ ရွေးချယ်စရာ ပန်းသီးပုတ်တစ်လုံးပဲ ရှိပါတယ် … ကျွန်တော်တို့အတွက် အာမခံချက် မသေချာတဲ့ စနစ်တခုကို မကြိုက်ပေမယ့် အခြားရွေးချယ်ဖို့ အခွင့်အရေးနည်းလွန်းပါတယ် … ဆိုပါတော့ နိုင်ငံခြားလည်း ကျောင်းသွားမတက်နိုင်ဘူး … နိုင်ငံခြားကဘွဲ့ပေးတဲ့ ပုဂ္ဂလိက တက္ကသိုလ် တွေလည်း မတတ်နိုင်ပါဘူး … ကျွန်တော်ကိုယ်တိုင်လည်း ပန်းသီးပုတ်တစ်လုံးကိုပဲ ရခဲ့တာပါ … အဲဒီ ပန်းသီးပုတ် တစ်လုံးပဲ ရှိတာကို ရွေးချယ်ခွင့်လည်း မရှိတဲ့ … မရွေးချယ်နိုင်တဲ့ အခြေအနေမှာ အဲဒီပန်းသီးကို ပုတ်နေလို့ မစားဘဲ နေမလား … ပုတ်နေတဲ့ အထဲကပဲ ကောင်းတာလေးကို ရအောင် ရှာကြံပြီး စားကြမလား … စဉ်းစား ကြည့်ပါ …
အဲဒီအပုတ်ထဲက အကောင်းလေးကို စားပြီးတော့ နောက်ထပ်ရွေးချယ်နိုင်အောင် အားမွေးရပါမယ် … ဒီပန်းသီးမကောင်းလို့ မစားဘူးလို့ ရွေးချယ်ခွင့်ရှိတဲ့ သူတွေက ရွေးချယ်နိုင်ပါတယ် … ရွေးချယ်ခွင့်မရှိတဲ့ သူ … မရွေးချယ်နိုင်သေးတဲ့သူတွေကတော့ ဒီပန်းသီးပုတ်တစ်လုံးကို အကောင်းဆုံး အသုံးချဖို့ ကြိုးစား ရပါမယ် … နောက်ထပ်ပန်းသီး အကောင်းတစ်လုံးကို ရနိုင်အောင်လည်း ကြိုးစားရပါမယ် … လက်ထဲက ပန်းသီးပုတ်ကို ပန်းသီးအကောင်းတစ်လုံးမစားနိုင်သေးခင် အသက်ဆက်ဖို့ အသုံးချတတ်ဖို့ လိုပါတယ် …
ကဲ မြန်မာလူငယ်တွေ .. လောလောဆယ် လက်ထဲမှာ ရှိတဲ့ ပန်းသီးပုတ်တစ်လုံးကို လုံးဝမကောင်း လို့ဆိုပြီး … လွှင့်ပစ်မလား … ပန်းသီးအကောင်းတစ်လုံးစားနိုင်အောင် …. ပန်းသီးအပုတ်ထဲ ကောင်းတာလေး ရှာကြံစားပြီး ရှေ့ဆက်မလား … တွေးကြည့်ပါ …..
“လွပ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ် … ကျွန်တော်တွေးမိတာကို ပြန်မျှဝေတာပါ … ”
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be The Best !

Credit to Aung Ko Oo - UMK

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment