♪ Gmail ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင် ♫


ပြည်တွင်းရှိ Email အသုံးပြုသူများအနက် အများဆုံးအသုံးပြုကြသည့် Gmail ကို မြန်မာဘာသာဖြင့် စတင် အသုံးပြုနိုင်ရန် Google မှ စီစဉ်ပေးခဲ့သည်ဟု Google ၏ Product Manager ဖြစ်သူ Divon Lan က ပြောသည်။

Gmail ကို မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုလိုပါက Language Drop Down Menu မှတစ်ဆင့် Setting အတွင်းသို့ ၀င်ရောက်၍ Myanmar Language ကို ရွေးချယ်ပေးရမည်ဟု သိရသည်။ Gmail ကို မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုရာတွင် မြန်မာနိုင်တွင် အများဆုံးအသုံးပြုနေသည့် Zawgyi Font ကို အသုံးပြုနိုင်မည်မဟုတ်ဘဲ Unicode စံသတ်မှတ်ချက်ညီသည့် Font ကိုသာ အသုံးပြုနိုင်မည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ Product များကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်ဖို့အတွက်သာမကဘဲ မြန်မာစကား ပြောဆို သူများ ၀က်ဘ်ဆိုက်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘာသာစကား အခက်အခဲတွေ ကို လျော့နည်းစေဖို့ အတွက် အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်” ဟု Divon Lan က ဆိုသည်။

မြန်မာနိုင်ငံ၌ Gmail အသုံးပြုသူအရေအတွက်သည် ၁.၉၈ သန်းရှိပြီး ပြည်တွင်း Email အသုံးပြုသူများ အနက် အရေအတွက် အများဆုံးအသုံးပြုနေသည့် Email အမျိုးအစားတစ်ခုဖြစ်သည်ဟု သိရသည်။ အလား တူ ကမ္ဘာကျော် Email အမျိုးအစားတစ်ခုဖြစ်သည့် Yahoo ကို ပြည်တွင်း၌ အရေအတွက် ၁၇၀,၀၀၀ သာ အသုံးပြု ကြသည်ဟု သိရသည်။

Google သည် ၎င်းတို့၏ Search Engine ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်စေရန် google.com.mm ကို ၂၀၀၃ ခုနှစ်က စတင်မိတ်ဆက်ပေခဲ့ပြီး Gmail ကိုမူ မြန်မာဘာသာဖြင့် အသုံးပြုနိုင် သည့် စတုတ္ထမြောက် မြန်မာနိုင်ငံအတွက် ထုတ်ကုန်အဖြစ် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

Gmail ကို မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုရာတွင် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် အခြားသော Electronic Device များ၌ Font ပြဿနာများ အဆင်ပြေချောမွေ့နိုင်စေရန် Virtual Keyboard နှစ်ခု ကိုလည်း Google က အခမဲ့ပေးအပ်ထားသည်ဟု သတင်းထုတ်ပြန်ထားသည်။

Credit to Internet Journal

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment