မြန်မာလူငယ် နှင့် ယနေ့ကမ္ဘာ


*********************************
မကြာခင် (၃) လပိုင်းမှာ ထွက်ရှိလာမယ့် ကျွန်တော့်ရဲ့ (၅) အုပ်မြောက်စာအုပ်ရဲ့ Title စာစုလေးကို စာဖတ်သူများအတွက် တင်ပေးလိုက်ပါတယ် …
နည်းပညာ တက္ကသိုလ် (စစ်ကိုင်း) မှာ ပြောခဲ့တဲ့ အကြောင်းလေးပါ … ။ အခမ်းအနားကို နည်းပညာတက္ကသိုလ် (စစ်ကိုင်း) က ကမ်းလင့်လက် လူမှုထောက်ပံ့ရေးအသင်း နဲ့ စာပေ၊ယဉ်ကျေးမှု နှင့် အနုပညာ အသင်းက ကျောင်းသား၊ သူတွေ အားလုံး အစစ အရာရာ ကူညီပေးကြပါတယ် … ။
ဟောပြောပွဲ လုပ်တဲ့အချိန်က နေ့လည် (၁) နာရီ ဆိုတော့ တကယ့်ကို ထမင်းဆီတက်ပြီး အိပ်ချင်တဲ့ အချိန်၊ ဒါပေမယ့် ကျောင်းသား/သူတွေ တက်တက်ကြွကြွ လာကြသလို၊ ဆရာမ အချို့ပါ လာရောက်နားထောင်ကြပါတယ် … ။ ပြောဖြစ်တဲ့ ခေါင်းစဉ်က “မြန်မာလူငယ် နဲ့ ယနေ့ကမ္ဘာ” ဒီနေ့ခေတ်အချိန်မှာ ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်လာရင် ကမ္ဘာနဲ့ အညီ ရင်ဘောင်တန်း နိုင်ကြပါတယ် … ။
အထူးသဖြင့် ကိုးရီးယားဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုနဲ့ အတူ ကိုရီးယား ဖက်ရှင်တွေကို ကိုရီးယားနဲ့ အပြိုင် ဝတ်နိုင်၊ စားနိုင်ကြပါတယ် … ။ ထို့အတူ နိုင်ငံတကာမှာ I phone အသစ်ထွက်တာနဲ့ မြန်မာပြည်မှာလည်း ချက်ချင်းမဟုတ်ရင်တောင်မှ လပိုင်းလောက် အတွင်းမှာ ကိုင်နိုင်ကြပါတယ် … ဆိုင်တွေကလည်း နိုင်ငံတကာမှာ ပစ္စည်းအသစ်သစ်တွေ ထွက်တိုင်း pre order တွေ ကြော်ငြာကြတယ် … ။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင် ဝယ်ကြတယ် …. ။ တကယ်ကို ခေတ်မီလှပါတယ် … ။
ဒါပေမယ့် အဲဒီလို ရုပ်ပိုင်းဆိုင်ရာတွေ ကမ္ဘာနဲ့ အညီ နိုင်ငံတကာမှာ I phone 6 + ကိုင်ရင် မြန်မာပြည်မှာလည်း ကိုင်နိုင်ကြတယ် … နိုင်ငံတကာမှာ အတိုအပြတ်တွေ ဝတ်သလို မြန်မာပြည်မှာလည်း ဝတ်ကြတယ် … ဖြစ်နေကြပေမယ့် အရည်အချင်းတွေ ကမ္ဘာနဲ့ အညီ ရင်ဘောင်တန်းဖို့ မစဉ်းစားကြတော့ ဘူးလား … ၊ ဒါလေးကို ပြောချင်တာပါ … ။ ကျွန်တော်တို့ မြန်မာလူငယ်တွေကို လွှမ်းမိုးမှု အများဆုံး လောက် ဖြစ်နေတဲ့ ကိုရီးယားလည်း ဂျပန်ကိုလိုနီလက်အောက်မှာ (၃၅) နှစ်လောက် နေပြီးမှ ရုန်းထွက်လာရသလို ပြည်တွင်းစစ်ဒဏ် ကို ခံခဲ့ရတာပါ … ပြီးတော့ ကိုရီးယားဆိုတာ တစ်နိုင်ငံလုံး ကျောက်တောင် ကျောက်သား ၇၀% ကျော် နဲ့ သယံဇာတ မရှိတဲ့ နိုင်ငံပါ … ။ အဲဒီလို နိုင်ငံက ခုလို အခြေအနေမျိုး ဖြစ်အောင် ကြိုးစားလာခဲ့ကြတာ … ကျွန်တော် စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် ဆရာချစ်စံဝင်းရေးတာလို့ ထင်ပါတယ် … စာအုပ်နာမည်တော့ မမှတ်မိတော့ပါဘူး … မှတ်မိတာ တစ်ခုတော့ ရှိတယ် … ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်က အလုပ်ကို သူမတူအောင် ကြိုးစားလုပ်ကိုင်ခြင်း လို့ ဖတ်ဖူးပါတယ် … ။
ကြိုးစားတဲ့သူတိုင်း အောင်မြင်မယ် မသေချာပေမယ့် တိုးတက်အောင်မြင်လာတဲ့ လူတိုင်း၊ နိုင်ငံတိုင်းဟာ တကယ်ကို ကြိုးစားခဲ့ကြပါတယ် …။ ကျွန်တော် ကိုရီးယား ဇတ်လမ်းတွဲတွေ ကြည့်ခဲပါတယ် … ကျွန်တော်ကြည့်ဖူးတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ တစ်ခုရှိတယ် …. “တစ်ခါတုန်းက တက္ကသိုလ်မှာ” ဆိုတဲ့ ဇာတ်လမ်းတွဲပါ … တစ်ချို့ချို့လည်း ကြည့်ဖူးကြမှာပါ … ကိုရီးယား ဇာတ်လမ်းတွဲတွေမှာ တကယ်ကြည့် တတ်မယ်ဆိုရင် အတိုအပြတ်ဝတ်တာ … အိမ်ထောင်ရေး ဖောက်ပြန်တာတွေအပြင် … ကြိုစားတာတွေ … အလုပ်ကို ဘယ်လိုလုပ်ကြတာတွေ … စတာတွေကိုလည်း ယူလို့ရပါတယ် … ။ မြန်မာလူငယ်တွေ အနေနဲ့ ဒီနေ့ ကမ္ဘာကို ရုပ်ပိုင်းဆိုင်ရာတွေ အမီလိုက်နေကြသလို အရည်အချင်းတွေ အမှီလိုက်ဖို့လည်း ကြိုးစားကြ စေချင်ပါတယ်.. ။
ဒီနှစ်မှာ ဟောပြောပွဲ သုံးပွဲဆက် ဆိုဖြစ်တဲ့ သီချင်းတစ်ပိုဒ်ရှိတယ် … အဲဒါက “သင်္ချာသင်ခန်းစာမှာ၊ Base တူမှ Power ချင်းပေါင်းတယ် … အခြေအနေတွေ မတူညီတာက … မင်းရဲ့ ဘဝက လာခြင်းကောင်းတယ် … မင်း ငါ့ကို မကြိုက်ဘူး … လုံးဝကို မမိုက်ဘူး … ဒါနဲ့လည်း စိတ်မကုန်ဘူး … ငါ့ရဲ့ အဖြစ်က မိုက်ရူးရဲ …” ဟုတ်ပါတယ် … စိုင်းစိုင်း နဲ့ မိုးမိုး သီဆိုထားတဲ့ အထီးကျန် ဆိုတဲ့ သီချင်းထဲက စာသားတစ်ချို့ပါ …
ဘာကြောင့် အဲဒီစာသားတွေကို ရွက်ပြလဲဆိုတာ အကြောင်းရှိပါတယ် … အခုခေတ် လူငယ်တွေ မှတ်မိလွယ်ဖို့အတွက် ဥပမာ ပေးတာပါ …
ခုအချိန်မှာ အရည်အချင်းနဲ့ ပတ်သက်လို့ ကမ္ဘာ နဲ့ ရင်ပေါင်တန်းဖို့ကို ခဏထားလို့ နိုင်ငံတကာ ကုမ္ပဏီတွေက မြန်မာပြည်ကို ရောက်လာတဲ့အခါ ပြည်တွင်း ကုမ္ပဏီတွေရော … ဝန်ထမ်းတွေပါ … အားလုံးအဆင်သင့် မဖြစ်ကြဘူးလေး …
Base က မတူတော့ Power ပေါင်းဖို့ အခက်အခဲတွေ ရှိကြပါတယ် … ဒီလိုပဲ … သီချင်းထဲက အတိုင်း “မင်းရဲ့ဘဝက လာခြင်း ကောင်းတယ် ” ဆိုသလို … နိုင်ငံတကာက ကုမ္ပဏီတွေက သူ့အရည်အသွေးနဲ့ သူ လာခြင်းက ကောင်းပြီးသားပါ …
အဲဒါကို ကိုယ်က အလုပ်သွားလျှောက်လို့ မရတိုင်း … “မင်းငါ့ကို မကြိုက်ဘူး .. လုံးဝကို မမိုက်ဘူး” လို့ အပြစ်တင်မတင်ဘဲ ကိုယ့်နဲ့ သူနဲ့ Base မတူတာကို သတိထားသင့်ပါတယ် …။
“ဒါနဲ့လည်း စိတ်မကုန်ဘူး” ဆိုရင်တော့ “မိုက်ရူးရဲ” လုပ်လို့ မရဘဲ ကိုယ့်ရဲ့ Skill ကို ကမ္ဘာနဲ့ အညီ ရင်ဘောင်တန်းဖို့ … အနည်းဆုံးတော့ အာဆီယံ အဆင့်လောက် ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားကြရမှာပါ ။
ဒါကြောင့် မြန်မာလူငယ်တွေ … ရုပ်ဝတ္ထုပစ္စည်းတွေ … အသုံးအဆောင် ပစ္စည်းတွေ … ဟန်ပန် အမူအရာတွေလောက်သာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနေရုံ … ကမ္ဘာ့အဆင့်မီနေရုံ နဲ့ ကျေနပ်မနေဘဲ အရည်အချင်းရော … စည်းကမ်းပါ … ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့… ကမ္ဘာ့အဆင့်မီနိုင်ဖို့ ကြိုးစားကြ ပါစေကြောင်း တိုက်တွန်း ရေးသားလိုက်ပါတယ် … ။
“မြန်မာလူငယ်တွေ … ယနေ့ကမ္ဘာနဲ့ အညီ ရင်ဘောင်တန်းနိုင်ကြပါစေ …”
အောင်ကိုဦး(UMK)
Be the Best !
***********************************************************************************

Credit to Aung Ko U - UMK

Source => https://www.facebook.com/aungkouumk/posts/819200014873455:0

 ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment