♪ စွမ်းဆောင်ရည်မြင့်မားသော - “ HTC One M9 “ ♫

Price » 699,000 Ks
Contact Phone » 01-385877 ( KMD Mobile )
* Specification *
» Network : GSM/CDMA/HSPA/EVDO/LTE (Nano-SIM)
» Weight : 157 g
» Display : 5.0", Super LCD3 capacitive touchscreen
» Dimensions : 5.69 x 2.74 x 0.38 inch
» Memory : 32GB, 3GB RAM, micro SD, up to 200GB
» Camera : 20 Megapixel, Front : 4MP, autofocus, dual-LED (dual tone) flash, geo-tagging, face/smile detection, touch focus, HDR, panorama
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Qulcomm MSM8994 Snapdragon 810 GPU : Adreno 430
» OS : Android OS, v5.0 (Lollipop), upgrade to v6.0
အရင်ထွက်ရှိပြီးသား One M8 နဲ့ ယှဉ်ကြည့်လိုက်ရင် အပေါ်ယံမှာတော့ အားလုံးဆင်တူနေသလို ခံစားရပေ မယ့် HTC ဟာ One တွေအတွက် အကောင်းဆုံးနာမည်နဲ့ ရပ်တည်နိုင်ဖို့ HTC One M8 ရဲ့ လိုအပ်ချက်တွေကို M9 မှာ ပြီးပြည့်စုံသွားအောင် ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ HTC ဟာ One M9 မှာ ကင်မရာနဲ့ အသံပိုင်းစနစ်တွေကိုလည်း မြှင့်တင်ပေးထားတာတွေ့ရပြီး နောက်ဆုံးပေါ် OS နဲ့ UI တို့ ထည့်သွင်းထားပြီး တော့လည်း M9 ကို အရင် series တွေထက် ပိုမိုပီပြင်လာအောင် ဖန်တီးပေးထားပါတယ်။ One M9 မှာ ဒီဇိုင်းနဲ့ အဆင့်မြင့် feature တို့ပေါင်းစပ်ပြီး ဖွဲ့စည်းထားတာဖြစ်တာကြောင့် ၂၀၁၅ ရဲ့ အကောင်းဆုံး Title ဆု ရယူနိုင်ခဲ့ပါတယ်။
HTC ရဲ့လက်ရှိမှာအကောင်းဆုံး One M9 ဟာ အရင် M8 ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံကိုပဲ ပြန်လည် အသုံးပြုထားပါတယ်။ M9 ရဲ့ ဒီဇိုင်းကို အသေးစိတ်ကြည့်လိုက်ရင် ပိုပြီးကောင်းမွန်တဲ့အဆင့်ကို ပြောင်းလဲ တိုးတက်လာတာကိုတွေ့ရပါတယ်။ M9 ရဲ့ ထူးခြားချက်ကတော့ Power ခလုတ်ကို ဖုန်းရဲ့ညာဘက်ဘေးမှာ တွေ့ရမှာဖြစ်ပြီး Volume ခလုတ်တွေနဲ့ ကပ်လျက်နေရာမှာ တပ်ဆင်ထားပါတယ်။ HTC ရဲ့ M series တွေကို ထူးခြားစေတဲ့အချက်ဟာ ရှေ့ဘက်မှာ BoomSound စပီကာပါဝင်နေတဲ့ အကြောင်းရင်းဆိုတာ သိသာပါတယ်။
HTC ဟာ One M9 ရဲ့ ရှေ့မျက်နှာပြင်တစ်ခုလုံးကို ပိုပြီးကြည့်ကောင်းလာအောင် ပြုပြင်ပေးထားတာတွေကို M9 နဲ့ M8 တို့ကို ဘေးတိုက်အနေအထားယှဉ်ကြည့်လိုက်ရင် ထင်ရှားပါတယ်။ နောက်ထပ် M9 ကို လှပစေ တာကတော့ ရှေ့မျက်နှာပြင်ပိုင်းနဲ့ ကျောဘက်ကိုခွဲခြားပေးထားတဲ့ dual-tone effect နဲ့ အလွှာနှစ်လွှာထပ် ထားတဲ့ ဒီဇိုင်းတို့ပဲဖြစ်ပါတယ်။ M9 ရဲ့ကိုယ်ထည်ဟာ သတ္တုဖြစ်တာကြောင့် ရှင်းလင်းသပ်ရပ်ပြီး အလေးချိန် ကလည်း 157g သာသာ ရှိပါတယ်။ M8 ထက်တော့ အနည်းငယ်လေး ပိုမိုပေါ့ပါးနေပါတယ်။ ကျောဘက်ဟာ လှနေအောင်ခုံးပေးထားပြီး အလယ်ပိုင်း HTC Logo ကို မြင်တွေ့နိုင်ပါတယ်။
ဖုန်းရဲ့ကျောဘက်ဒီဇိုင်းကို အားလုံးထဲမှာ ထင်ထင်ရှားရှားဖြစ်နေအောင် အပေါ်ဘက်နဲ့ အောက်ဘက်မှာ ပလတ်စတစ်လိုင်းနဲ့ ကန့်လန့်ဖြတ်ဒီဇိုင်းမျိုးဖန်တီးပေးထားပါတယ်။ One M8 နဲ့ M7 တို့မှာလည်း ဒီလိုဒီဇိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်မှာမို့ HTC ပရိသတ်တွေအတွက်တော့ သိပ်မထူးဆန်းပါဘူး။ Android OS 5.0 (Lollipop) Software ကို သုံးပေးထားတာဟာ top-end ဖုန်းတစ်လုံးအတွက် အသင့်တော်ဆုံးရွေးချယ်မှုဖြစ်ပါတယ်။ HTC ရဲ့ အကောင်းဆုံး Sense UI 7.0 နဲ့ Android အပေါ်မှာ သေသေချာချာ ဖန်တီးပြုလုပ်ပေးထားပါတယ်။ M8 ရဲ့ Sense 6 ထက် ပိုမိုကောင်းမွန်နေတာတွေ့နိုင်ပြီး App တွေ အရောင်အသွေးစုံလင်ပါတယ်။ ကြည့်ရတာ ရိုးရှင်းပြီး သတင်းတွေထောက်ပံ့ပေးနိုင်တဲ့ BlinkFeed လည်းပါဝင်ပြီး မလိုအပ်ရင် ပိတ်ထားနိုင်ပါတယ်။
M9 ရဲ့ကင်မရာအပိုင်းကတော့ ဖုန်းတစ်ခုလုံးမှာ အဓိကပြောင်းလဲသွားတဲ့နေရာအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါ တယ်။ 4MP Ultrapixel sensor ဟာ pixel ပမာဏများများနဲ့ အလင်းရောင်ကောင်းကောင်းရရှိနိုင်ဖို့ အသုံးဝင် ပါတယ်။ 4MP ရှေ့ဘက်ကင်မရာဟာ Full HD ဗီဒီယိုကိုတောင် အရည်အသွေးမီမီ ရိုက်ကူးနိုင်ပါတယ်။ ကျော ဘက်မှာလည်း 20MP ကင်မရာဖြစ်ပြီး Dual-LED flash နဲ့ တွဲဖက်ရိုက်နိုင်ပါတယ်။ ပင်မကင်မရာရဲ့ 27.8mm အကျယ်ရှိတဲ့ Lens ဟာ aperture f/2.2 ရှိပြီး Sapphire Lens cover နဲ့ ဖုံးအုပ်ထားပါတယ်။ 4K ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်သလို Full HD ဗီဒီယိုကိုလည်း 60fps နဲ့ ရိုက်ကူးနိုင်ပါတယ်။
HTC One M9 မှာ Qualcomm ရဲ့ အကောင်းဆုံး Snapdragon chip ကို သုံးထားပြီး Octa-core processor နဲ့ run ပေးထားပါတယ်။ Cortex-A57 core ၄ လုံးက 2.0GHz နဲ့ Cortex-A53 core ၄ လုံးကတော့ 1.5GHz မြန်နှုန်းတို့နဲ့ အလုပ်လုပ်ပေးပါတယ်။ ဂရပ်ဖစ်အတွက် Adreno 430 နဲ့ Multi-tasking လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ဖို့ RAM 3GB သုံးစွဲပေးထားပါတယ်။ Word, Excel နဲ့ PowerPoint file တွေအတွက် Polaris Office 5 ကို သုံးစွဲနိုင်ပြီး PDF အနေနဲ့ ဖော်ပြပေးနိုင်ပါတယ်။
* Battery Life *
One M8 ထက် အနည်းငယ်အားကောင်းလာတဲ့ ဘက်ထရီနဲ့ထုတ်ပိုးထားပြီး S6 ထက်လည်း ၁၁% ပိုမို ကောင်းမွန်တဲ့ 2840mAh ဘက်ထရီ ဖြစ်ပါတယ်။ Non-Removable Li-Po 2840mAh ဘက်ထရီဟာ 3G Network မှာ ၂၁ နာရီ စကားပြောနိုင်ပါတယ်။
* Design *
M8 ရဲ့ဒီဇိုင်းနဲ့ သိသိသာသာကွဲလွဲသွားတာမျိုး မတွေ့ရဘဲ သတ္တုကို ကိုယ်ထည်တစ်ခုလုံးအတွက် အခြေခံပြီး တည်ဆောက်ပေးထားပါတယ်။ ရှေ့မျက်နှာပြင် အပေါ်နဲ့ အောက်ဘက်တို့မှာ BoomSound စပီကာ တပ်ဆင်ထားပြီး ကျောဘက်ကို လှရုံလေးနဲ့ ကိုင်လို့အဆင်ပြေရုံလေး ခုံးပေးထားပါတယ်။
* Processor *
Qualcomm Snapdragon 810 chipset ကို CPU အတွက် အသုံးပြုထားပြီး octa-core processor ဟာ မြန်နှုန်းမြင့်ဆောင်ရွက်ပေးနိုင်လို့ စိတ်ချရပါတယ်။ ဂိမ်းနဲ့ multi-task တွေအတွက်ကတော့ GPU Adreno 430 နဲ့ 3GB RAM ပါဝင်နေမှာ ဖြစ်ပါတယ်။
* Display and Camera *
Full HD resolution ကို ခံစားနိုင်အောင် ပေးစွမ်းနိုင်တဲ့ ၅ လက်မအရွယ် display ပါဝင်ပြီး မျက်နှာပြင် အကြမ်းဒဏ်ခံနိုင်ဖို့ Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ထားပါတယ်။ M9 ရဲ့ ပင်မကင်မရာဟာ 20MP အရည် အသွေးနဲ့ ရှေ့ဘက်မှာတော့ အတော်လေးကောင်းမွန်တဲ့ 4MP ultra-pixel sensor ပါဝင်တဲ့ကင်မရာ တပ်ဆင် ထားပါတယ်။
* Verdict *
HTC One M9 မှာ အပြစ်ပြောစရာမရှိလောက်အောင် အကောင်းဆုံးဆိုတာတွေ အားလုံးနီးပါး ပါဝင် နေပါတယ်။ နောက်ဆုံးပေါ်မဟုတ်ပေမယ့် latest နီးပါးသုံးလို့ကောင်းတဲ့ Snapdragon, Android နဲ့ Sense တို့ အပြင် Dolby Surround Sound နဲ့ မျက်နှာပြင်အရည်အသွေးတို့ကြောင့် One M9 ဟာ လူတိုင်းနှစ်သက်နေ ကြတဲ့ ဖုန်းတစ်လုံးဖြစ်နေတာပါ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment