♪ Dell ကိုမှကြိုက်နှစ်သက်သူများအတွက် Tablet - “Dell Venue 7” ♫

နေထိုင်မှုပုံစံများထဲတွင် ခေတ်ကာလအရ အအေးဆိုင်၊ ကော်ဖီဆိုင်များကို သပ်ရပ်ခမ်းနားစွာဖြင့် ဖွဲ့စည်းကာ ဖွင့်လှစ်ရောင်းချလာကြပါတယ်။ ဒါ့အပြင် လာရောက်သောစားသုံးသူများအား အဆင်ပြေစေအောင် ၀န်ဆောင်မှု ကောင်းများ ပေးတဲ့အထဲတွင် အခမဲ့ Network သုံးစွဲခွင့်များလည်း ပါဝင် ပါတယ်။

ဒါမှသာ ဆိုင်တွင်လာရောက်စားသုံးသော ဧည့်သည်များဟာ အစားအသောက်သုံးဆောင်ရင်း ပါရှိလာသောနည်းပညာပစ္စည်းများကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ နည်းပညာပစ္စည်းတွေထဲမှာ မျက်နှာပြင် ကျယ်ပြန့် သော Phablet (သို့) Tablet များကိုကြိုက်နှစ်သက်တဲ့ သူများလည်းရှိပါ တယ်။ အချို့သော Tablet တွေ ဟာ Wifi သာ သုံးစွဲနိုင်ပြီး၊ SIM Card ထည့်သွင်းလို့မရပါဘူး။

မျက်နှာပြင်အကျယ်အ၀န်း ၇ လက်မရှိသော Tablet တစ်လုံးကို ၀ယ်ယူမယ်ဆိုရင် Dell တံဆိပ်ထဲ၌ Venue 7 ရှိပါတယ်။ ထိုပစ္စည်းဟာ Wifi နှင့် SIM Card ထည့်နိုင်သော Model ဆိုပြီး၊ ကွဲပြားစွာ ရှိပါသေးတယ်။ အရွယ်အစားပမာဏကတော့ 193 x 118 x 9.6 mm ဖြစ်ကာ၊ အလေးချိန်ကတော့ 234g ရှိပါတယ်။

IPS LCD capacitive touchscreen တွင် ထည့်သွင်းပေးထားသော pixels ပမာဏကတော့ 800 x 1280 ဖြစ်ပါတယ်။ တစ် လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆ ကတော့ 216ppi ပါ။ Intel Atom Chipset ဖြင့် ဖွဲ့စည်းပေးထားသော ဒီ tablet တွင် RAM ပမာဏက 2GB ပါရှိပါတယ်။ ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး၊ အဓိက ကင်မရာကတော့ 3.15MP စွမ်းရည်ရှိကာ၊ ရှေ့ကင်မရာငယ်ကတော့ VGA စွမ်းရည်ပါ။ ဗီဒီယိုလည်း ရိုက်ကူးနိုင်ပါမယ်။

USB ကတော့ v2.0 ဖြစ်ပြီး၊ Sensor ပိုင်းမှာ Accelerometer, Proximity, Compass စသည်တို့ သုံးစွဲနိုင်ပါမယ်။ CPU အမျိုးအစား ကတော့ Dual Core 1.6GHz ဖြစ်ပါ တယ်။ Android Version သည် Jelly Bean ဖြစ်ပြီး၊ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Ion 4100mAh ဖြစ်ပါတယ်။

<Specification>
Network - Wifi
Screen - 7 inches
CPU - Dual Core 1.6GHz
OS - Android OS,v4.2.2
Memory - 16GB, up to 32GB
Bluetooth - v4.0
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment