♪ “ Sony Xperia Z5 “ ♫

Flagship တစ်လုံးဖြစ်တဲ့ Sony Xperia Z5 မှာ အကောင်းဆုံးအချက်တွေ အများစုပါဝင်နေပြီး အားလုံး မျှော်လင့်နေကြတဲ့ high-end စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ Full HD Display, အံမခန်းစွမ်းဆောင် ရည်၊ 23MP ကင်မရာတို့အပြင် ရေစိုဒဏ်ခံနိုင်တဲ့ ဒီဇိုင်းတို့နဲ့ပြည့်နှက်နေတာမို့ ၂၀၁၆ အတွက် အကောင်းဆုံး စမတ်ဖုန်းစာရင်းမှာ ဆက်လက်ပါဝင်နေပါတယ်။ အရင် Z Series ဖုန်းတွေအတိုင်း IPS အဆင့်ရှိတဲ့ Waterproofing feature ပါဝင်နေပြီး ရေအနက် ၁ မီတာမှာ မိနစ် ၃၀ ကြာ ရေစိုဒဏ်ခံနိုင်ရည်ရှိပါတယ်။ Samsung နဲ့ LG Flagship တွေလိုတော့ Ultra high-definition display ကို Z5 မှာမတွေ့ရဘဲ Sony Xperia Z5 ဟာ အရင်ထွက်ရှိပြီးသား Z3 နဲ့ အချက်အားလုံးနီးပါးတူညီနေပေမယ့်လည်း တန်ဖိုးအရတော့ လက်ရှိမှာ Sony ရဲ့ ဈေးနှုန်းအမြင့်ဆုံးဖုန်းတစ်လုံးဖြစ်ပါတယ်။ Sony ရဲ့ Fingerprint Scanner ထည့်သွင်းထားတဲ့ ပထမဆုံးစမတ်ဖုန်းအဖြစ် Xperia Z5 ကို လွယ်ကူတဲ့ပုံစံနဲ့ သက်သောင့်သက်သာသုံးနိုင်ပါတယ်။
* Design & Build *
Xperia Z5 ရဲ့ ဒီဇိုင်းမှာ ရှေ့မျက်နှာပြင်နဲ့ ကျောဘက်အတွက် ဖန်သားကို ဆက်လက်အသုံးပြုထားပြီး Sony စမတ်ဖုန်းမှန်းမြင်တာနဲ့သိနိုင်အောင် သတ္တုဘေးဘောင်တွေကို လေးထောင့်ကျကျတည်ဆောက်ထားပါတယ်။ Z5 ရဲ့ ကျောဘက်ဟာ အရင်ဖုန်းတွေလို ချောမွေ့ပြောင်လက်နေပြီး အထဲကိုထိုးဖောက်မြင်နိုင်ခြင်းမရှိတဲ့ ဖန်သားအထူနဲ့ဖွဲ့စည်းထားပါတယ်။ သတ္တုဘေးထောင့်တွေကို ကွေးညွတ်ထားခြင်းမရှိဘဲ လက်ထဲမှာ လေးထောင့်ကျကျကိုင်တွယ်နိုင်အောင် ခပ်ပြားပြားလေးဖန်တီးပေးထားပါတယ်။ Z5 ရဲ့ 7.3mm အထူကြောင့် အခြားပြိုင်ဘက်စမတ်ဖုန်းတွေလို ပါးလွှာမနေဘဲ အနည်းငယ်ထူပြီး အလေးချိန်ကတော့ 154g ရှိပါတယ်။ Z5 မှာ ထူးခြားချက်တစ်ခုက ဖုန်းရဲ့ပါဝါခလုတ်ဖြစ်ပါတယ်။ Sony ရဲ့ ၀ိုင်းစက်စက် ခလုတ်ဒီဇိုင်းကို Z5 အတွက် ဖယ်ရှားပေးခဲ့ပြီး ပြားချပ်ချပ်ရှည်လျားတဲ့ခလုတ်ဒီဇိုင်းနဲ့ အစားထိုးတပ်ဆင်ပေးခဲ့ပါတယ်။ ဒီဇိုင်းအရ ခလုတ်ပုံ သဏ္ဌာန်ကို ပြောင်းလဲရုံသာမက Power Button ဟာ Fingerprint ဖတ်နိုင်တဲ့ Function ကိုလည်း ဆောင် ရွက်ပေးပါတယ်။ ဖုန်းရဲ့ညာဘက်ခြမ်းမှာ ပါဝါ၊ အသံ အတိုး/အလျှော့ခလုတ်တို့နဲ့ ကင်မရာခလုတ်တို့ကို သီးသန့်တပ်ဆင်ပေးထားပါတယ်။
* Display *
Sony Xperia Z3 ရဲ့ Display နဲ့ ထပ်တူညီတဲ့ ၅.၂ လက်မအရွယ် Display ကို Full HD ချင်းလည်း ဆင်တူတဲ့ရုပ်ထွက်အရည်အသွေးရှိပြီး Pixel သိပ်သည်းဆပမာဏလည်း အတူတူပဲဖြစ်ပါတယ်။ Triluminos Display Feature ကြောင့် အရောင်အသွေးစုံလင်ပြီး ကြည်လင်ပြတ်သားပါတယ်။ Scratch-resistant glass နဲ့ ဖုံးအုပ်ထားပြီး ရုပ်ထွက်အရည်အသွေးဟာ 1080×1920 pixels ရုပ်ထွက်အရည်အသွေးရှိပါတယ်။
* Operating System and Camera *
Android OS 5.1.1 (Lollipop) on board နဲ့ ထွက်ရှိလာပြီး Google ရဲ့ နောက်ဆုံးပေါ် version ကို မြှင့်တင်နိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။ Z3 ထက် ပိုမိုကောင်းမွန်နေအောင် Sony ဟာ Z5 ရဲ့ ကင်မရာကို 23MP resolution အထိ တိုးမြှင့်ထားပါတယ်။ LED flash မီးပါဝင်ပြီး HDR, Panorama ရိုက်နိုင်ပါတယ်။ 4K ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာဟာ 5.1MP အရည်အသွေးရှိပါတယ်။ f/2.4 aperture lens သုံးထားတဲ့ ရှေ့ဘက်ကင်မရာနဲ့ Full HD ဗီဒီယိုကိုရိုက်ကူးနိုင်ပါတယ်။
* Performance *
Z5 ရဲ့ စွမ်းဆောင်ရည်အတွက် Qualcomm Snapdragon 810 Processor က မြန်နှုန်းမြင့်ဆောင်ရွက်ပေးပြီး 3GB RAM နဲ့လည်း ပံ့ပိုးပေးထားပါတယ်။ Z5 ရဲ့ အလုပ်တွေချောချောမွေ့မွေ့ run နိုင်ဖို့ စွမ်းအားအမြင့်ဆုံး chip တစ်ခုဆိုတာသေချာပြီး အပူချိန်ပြဿနာတော့ အနည်းနဲ့အများ ကြုံတွေ့နိုင်ပါတယ်။ GPU Processor ကိုတော့ Adreno 430 ကို သုံးစွဲပေးထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ကို ကောင်းကောင်း အသုံးချနိုင်ပြီး မလုံလောက်ခဲ့ရင် micro SD နဲ့ 200GB အထိ မြှင့်သုံးနိုင်ပါတယ်။ Quick Charge 2.0 Feature ပါဝင်ပြီး Li-ion 2900mAh ဘက်ထရီတပ်ဆင်ထားပါတယ်။
* Specification *
Display : 5.2 inches, IPS LCD capacitive touchscreen Memory : 32 GB, 3 GB RAM, microSD, up to 200GB Camera : 23 Megapixel, phase detection autofocus, LED flash OS : Android OS, v5.1.1 (Lollipop) Phone : 01-398436 (UNiQUE)

Price : 829,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment