♪ မတ်လ ၁၅ ရက်တွင် iPad Air 3 နှင့် ၄ လက်မ iPhone သစ်ကို Apple မိတ်ဆက်ဖွယ်ရှိ ♫



Apple သည် မတ်လ ၁၅ ရက်တွင် ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း 9to5Mac မှ Apple သတင်းများစွာ ရေးသားသူ မာ့ခ်ဂါမန်း၏ သတင်းတစ်ပုဒ်၌ ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် Apple အနေဖြင့် အဆင့်မြှင့်တင်ထားသော iPad Air အပြင် iPhone 5S နေရာ၌ အစားထိုးမည့် မျက်နှာပြင် ၄ လက်မအရွယ် iPhone ကိုလည်း ထုတ်ဖော်မိတ်ဆက်သွားဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် အဆင့်မြှင့်တင်မှု အနည်းငယ်ပြုလုပ်ထားသော Apple Watch ကိုလည်း မိတ်ဆက်ဖွယ်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။

အကယ်၍ အဆိုပါသတင်းအတိုင်းသာ မှန်ကန်ခဲ့ပါက Apple မှ မတ်လ ထုတ်ကုန်မိတ်ဆက်ပွဲကို နှစ်နှစ်ဆက်တိုက် ပြုလုပ်သည့် မှတ်တမ်းဝင်မည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကလည်း Apple သည် မတ်လ ထုတ်ကုန်သစ် မိတ်ဆက်ပွဲတွင် အလွန်ပါးလွှာသည့် MacBook ကို ထုတ်ဖော်မိတ်ဆက်ခဲ့သလို Apple Watch ကို တရားဝင် ထုတ်ပြန်ခဲ့သည်။

ယခုအချိန်အတောအတွင်း Apple က မျက်နှာပြင် ၄ လက်မအရွယ် iPhone 5SE ကို ထုတ်ဖော် မိတ်ဆက်ဖွယ်ရှိကြောင်း သတင်းများစွာ ထွက်ပေါ်နေသည်။ ၎င်းစမတ်ဖုန်းတွင် iPhone 6S/6S Plus ၌ အသုံးပြုထားသော Apple A9 ချစ်ပ်ကို အသုံးပြုထားဖွယ်ရှိပြီး Apple Pay နှင့် Live Photos ထောက်ပံ့မှု ပါဝင်လာဖွယ်ရှိသည်။ ဒီဇိုင်းပိုင်းမှာလည်း 6/6S ဖုန်းများနှင့်ဆင်တူပြီး ကိုယ်ထည်မှာ အကွေးဖြင့် ပွဲထွက်လာဖွယ်ရှိသည်။

ကောလာဟလ သတင်းများအရ မျက်နှာပြင် ၉.၇ လက်မအရွယ် iPad Air 3 တွင် iPad Pro မှ Smart Connector အပါအဝင် feature အချို့ ပါဝင်လာဖွယ်ရှိသည်။

Ref: Mashable
Credit to ==> Internet Journal
 
ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment