♪ “ Dual ကင်မရာပါဝင်သော LG G5 “ ♫

LG G5 သည် modular ဖုန်းတစ်လုံးအဖြစ် ထူးခြားစွာထုတ်လုပ်ခဲ့ပြီး သတ္တုဖြင့်ကိုယ်ထည်တစ်ခုလုံးအား တည်ဆောက်ထားသည်။ Modular အစိတ်အပိုင်းများကိုပေါင်းထည့်နိုင်ပြီး LG Cam Plus မှာ Camera grip ဖြစ်ကာ add-on တစ်ခုဖြစ်ပြီး 1100mAh ဘက်ထရီအပြင် shutter key, video ခလုတ်၊ zoom dial စသည်တို့ပါဝင်သည်။

ပိုမိုကောင်းမွန်သော အသံထွက် Bang & Olufsen DAC လည်း ပါဝင်သည်။ Add-on များ အသစ်ထပ်မံထုတ်လုပ်နိုင်ရန် LG မှ စံသတ်မှတ်ချက်တစ်ခုအား ထားပေးသွားမည်ဟုသိရသည်။ LG G5 တွင် 5.3" LCD screen ပါဝင်ပြီး screen အား အမြဲဖွင့်ထားနိုင်သည့် always-on mode ပါဝင်ကြောင်းသိရ သည်။ Main chipset အား အနားပေးထားချိန်တွင် Secondary chip မှ screen ကို ဖွင့်ထားပေးမည်ဖြစ်သည်။

ထို chip သည် တစ်နာရီလျှင် ဘက်ထရီ၏ ၀.၈% ကိုသာ သုံးစွဲကြောင်းသိရသည်။ အဓိကကင်မရာမှာ dual ကင်မရာဖြစ်လာပြီး ကင်မရာတစ်ခုမှာ 16MP ၇၅ ဒီဂရီမြင်ကွင်းကျယ်ဖြစ်ပြီး ဒုတိယကင်မရာမှာ 8MP ၁၃၅ ဒီဂရီမြင်ကွင်းကျယ်ဖြစ်သည်။ 

ကင်မရာနှစ်ခုစလုံးမှ ပုံများကိုပေါင်းစည်းပေးနိုင်ပြီး effect များစွာလည်း ပါဝင် သည်။ LG G5 အတွက် Snapdragon 820 chipset အား သုံးထားပြီး RAM 4 GB နှင့် ထောက်ပံ့ပေးထား သည်။ 32GB storage ပါဝင်ပြီး micro SD ထည့်သွင်းနိုင်မည်ဖြစ်သည်။ Dual-camera အောက်ဖက်တွင် Fingerprint sensor ပါဝင်သည်။ LG G5 အား ဧပြီအစောပိုင်းတွင် စတင်ရောင်းချမည်ဟုသိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment