♪ “ထောက်လှမ်းခံနေရပါသလား မိတ်ဆွေ” ♫

ခေတ်ဆိုးကြီးထဲမှာ ဖြတ်သန်းကြီးပြင်းလာရလို့လားမပြောတတ်ပါဘူး။ ထောက်လှမ်းတယ်ဆိုတဲ့ ဝေါဟာရ ကို မြင်ပြင်းကတ်သလို ထောက်လှမ်းရေး သမားဆိုတဲ့ ဝေါဟာရကိုလည်း မကြားချင်ပါဘူး။ ဒါပေမယ့် အိုင်တီခေတ်၊ မိုဘိုင်းခေတ်ကြီးထဲမှာ လူအတော်များများဟာ လုံခြုံရေးကိစ္စအတွက် ၊ စီးပွားရေးကိစ္စအတွက်၊ လူမှုရေးကိစ္စအတွက် ထောက်လှမ်းခံနေကြရ ပါတယ်။ ဘယ်နေရာကနေထောက်လှမ်းတာလဲ။ ကျွန်တော်တို့ သုံးတဲ့ စမတ်ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် ထောက်လှမ်းတာဖြစ်ပါတယ်။ထောက်လှမ်းတယ်ဆိုတာက လိုအပ်ချက် တစ်ခုဖြစ်ပေမယ့် လိုတာထက်ပိုပြီး ထောက်လှမ်းခံရတာမျိုး မဖြစ်သင့် ပါဘူး။ ဒါကြောင့် မလိုအပ်ဘဲ ထောက်လှမ်းခံရတာ၊ သတင်းအချက်အလက် ယူခံရတာ။ အဲဒီကတစ် ဆင့် hack ခံရတာမျိုးမဖြစ်အောင် မိတ်ဆွေတို့ ကိုယ့်ကိုယ်ကို ကာကွယ်ရပါလိမ့်မယ်။ ထောက်လှမ်းဖို့အတွက် တစ်ဖက်လူ က tool နှစ်မျိုးအနည်းဆုံးလိုပါတယ်။ ပထမ tool ကကျွန်တော်တို့ device ထဲမှာရှိတဲ့ ဆော့ဝဲပါ။ ဒုတိယ tool က ကွန်ရက်ချိတ်ဆက်မှုပါ။ အဖျင်းဆုံး ဒီနှစ်မျိုးမရှိဘဲ လူမသိ၊ သူမသိထောက်လှမ်းလို့မရပါဘူး။ဒါကြောင့် ကျွန်တော်တို့သုံးတဲ့ device ထဲမှာ ထောက်လှမ်းရေး လုပ်နိုင်တဲ့ malware တစ်ခုရှိနေပြီ လား။ အရင်ရှာကြပါမယ်။ အခမဲ့သုံးနိုင်တဲ့အထဲမှာ ကောင်းတာက Malwarebyte Anti-malware ပါ။ သူက ကွန်ပျူတာမှာ သုံးနိုင်သလို စမတ်ဖုန်းမှာလည်းသုံးနိုင်ပါတယ်။

ကွန်ပျူတာမှာသုံးမယ်ဆိုရင်ဖြင့် hard drive ကြီးရင်ကြီးသလောက် တစ်နာရီထက်မက ပိုကြာနိုင်ပါတယ်။ Malware bytes က device ထဲမှာ အားလုံး ကောင်းတယ်။ ဘာမှစိတ်ပူစရာမလိုဘူးဆိုတာ သိဖို့လောက် အသုံးတည့်တာပါ။ အချိန်ပေးနိုင်ဦးမလား ဒါဆိုရင် tool အသစ်ဖြစ်တဲ့ Spy Detect Free ကိုစမ်းသုံးကြည့်စေချင်ပါတယ်။ သူကမေးခွန်းနှစ်ခုမေးပြီး မိတ်ဆွေဆီက ဘာလိုချင်သလဲဆိုတဲ့အဖြေတောင်းပါမယ်။ အဲဒီ မေးခွန်း နှစ်ခုက Am I being Spied on? နဲ့ Am I being monitored? တွေဖြစ်ပါ တယ်။ ထောက်လှမ်းခံနေရသလား၊ စောင့်ကြည့်ခံနေရသလား ဆိုတာ တွေဖြစ်ပါတယ်။ သူကကွန်ပျူတာအတွက်ပဲ အသုံးတည့်ပါတယ်။

ထောက်လှမ်းခံနေရသလားဆိုတဲ့ကိစ္စအတွက် သူကကိုယ့်ကွန်ပျူတာမှာ အလုပ်လုပ်နေတဲ့ Unknown process တွေကို ဖော်ထုတ်ပေးပါတယ်။ အခြေအနေကိုချက်ချင်းသိနိုင်ပါတယ်။ Unknown process တွေရှိနေရင် ကီးဘုတ်ပေါ်မှာ ကိုယ်ရိုက်သမျှစာတွေကို ထောက်လှမ်းပြီးယူနိုင်တယ်။ account တစ်ခုထဲဝင် မယ့် Username နဲ့ Password ကိုခိုးနိုင်တယ်။ ဘဏ်နဲ့ပတ်သက်တဲ့ အသေး စိတ်အချက်အလက်တွေယူသွား ပြီဆိုရင်ဖြင့် ပြီးရောပေါ့။

စောင့်ကြည့်ခံနေရသလားဆိုတဲ့ ကိစ္စကို ဒီဆော့ဝဲက အဖြေပေးနိုင်ဖို့ စက္ကန့်ခြောက်ဆယ်လောက် အချိန်ယူပါတယ်။ ကိုယ်ဖွင့်သမျှ Window (browser Window အပါအ၀င်) ကိုဘယ်သူစောင့်ကြည့်ပြီးနေ သလဲဆိုတဲ့ Process တွေကို သူကရှာဖွေပြီး အဖြေပေးမှာပါ။ ကိုယ်ဖွင့်သမျှ Window တွေကို စောင့်ကြည့်ခံ နေရတယ်ဆိုတာက ဒီအတိုင်းဆိုဘာမှ ကြောက်စရာ မရှိဘူးလို့ ထင်ရပါတယ်။ဒါပေမယ့် Keylogger ဆော့ဝဲတွေက ခိုးသွားတဲ့ data တွေနဲ့ ကွန်ပျူတာထဲက မသင်္ကာစရာ process တွေပေါင်းလိုက်တဲ့အခါ အင်တာနက်ပေါ်က ရာဇ၀တ်ကောင်တွေဟာ ကိုယ်ဘယ် website တွေသွား တယ်ဆိုတာသိနေပါတယ်။ ဘယ် account ကို ဘယ်လိုနည်းနဲ့သုံးပြီး ၀င်သွားတယ်ဆိုတာ သိနေပါတယ်။ Spy Detect Free ဟာ တခြားဆော့ဝဲ တွေလောက် သုံးတဲ့နေရာမှာ ရိုးရှင်းလွယ်ကူမှုမရှိပါဘူး။ပထမဆုံးဒီဆော့ဝဲ ကို run ရပါမယ်။ ပြီးရင် Check Now ကို နှိပ်ပြီး အပေါ်မှာပြောခဲ့တဲ့ ကိစ္စနှစ်ခုရဲ့ အဖြေကိုသိရဖို့ Test နှစ်ခုလုပ်ပါမယ်။ ဆော့ဝဲကနေပြီး ထိတ်စရာလန့်စရာအကြောင်းတွေဖော်ထုတ် ပြတိုင်းလည်း ကြောက်စရာ မလိုပါဘူး။ တချို့ကိစ္စတွေဟာ လိုအပ်ချက် အရတရားဝင်ထောက်လှမ်းတဲ့ ကိစ္စမျိုး ဖြစ် လို့ပါ။ ဆိုကြပါစို့ Search Engine တွေ။ Search box ထဲမှာ ကိုယ်ရိုက်သမျှစာကို မှန်းဆအဖြေပေးဖို့ ကိုယ်ရိုက် တဲ့စာတွေကို သူတို့ စောင့်ကြည့်ပါတယ်။ browser ထဲမှာ ကိုယ်ဖွင့်တဲ့ Windows အပေါ် မူတည်ပြီး လိုအပ်တာ တွေ လုပ်ပေးနိုင်အောင် ကြည့်ပါတယ်။

ဒါကြောင့် အဖြေတွေထွက်လာပြီဆိုရင် Details မှာကလစ်နှိပ်ပြီး အဖြေ တစ်ခုချင်းကိုကြည့်ပါ။ ကိုယ်မသိတဲ့ Process တွေကိုတွေ့ရမယ် ဆိုရင် Google သုံးပြီး ဒီ Process တွေအကြောင်းသိအောင်လုပ်ပါ။ ကိုယ့် PC ပေါ်မှာ သူတို့ရဲ့ကဏ္ဍဘယ်လိုပတ်သက်တယ်ဆိုတာ အသေအချာသိအောင် လုပ်ရမှာပါ။ SpyDetect Free ဟာ သီးသန့် network တစ်ခုထဲဝင်ချိတ်တဲ့ ဆော့ဝဲတွေကို မီးမောင်းထိုးပြီး ပြပေးနိုင်ပါတယ်။ ဒါကြောင့် အတိအကျ သိတဲ့ဆော့ဝဲတွေကို စိတ်ပူစရာမလိုပါဘူး။ စိတ်ပူစရာဆော့ဝဲရှိနေရင်လည်း antimalware တစ်ခုခု သုံးပြီး အဲဒီအန္တရာယ်ကို ဖယ်နိုင်ပါတယ်။ SpyDetectFree ဟာ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် ကွန်ပျူတာ နဲ့စမတ်ဖုန်းကို ပိုက်စိပ်တိုက်ပြီး စနစ်တကျရှာဖွေ ရေးလုပ်တဲ့ Malwarebytes ကို အစားမထိုး နိုင်ပါဘူး။

Malware-bytes ကိုသုံးရင် အလှည့်အပြောင်းလေးတွေ လုပ်ပေးဖို့လိုပါတယ်။ ဒါမှ ပိုပြီးစေ့စေ့စပ်စပ် အလုပ်လုပ်နိုင် ပါတယ်။ device ထဲက ဖြစ်နိုင်ခြေရှိသမျှ အန္တရာယ်အားလုံး ကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါမယ်။ ဘာကြောင့် အလှည့်အပြောင်းလုပ် ဖို့လိုသလဲဆိုတဲ့ ဥပမာတစ်ခုပေးပါမယ်။ပုံမှန် အတိုင်းဆိုရင် Malwareby-tes ဟာ rootkit ဆိုတဲ့ အဖျက် အမှောင့်ဆော့ဝဲကို မရှာနိုင်ပါဘူး။ rootkit ဟာ Keylogger နဲ့ Virus တွေဝှက် ထားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ antivirus အတော်များများဟာ default မှာ rootkit ကိုရှာမပေးပါဘူး။ low-level အထိ ဆင်းပြီးရှာရတဲ့အတွက် Scan လုပ်တဲ့အချိန်ကို သိသိသာသာပိုကြာစေ ပါတယ်။ rootkit ကိုရှာဖို့ကလည်း အမြဲတမ်း မဖြစ်မနေလုပ်ဖို့မလိုပါဘူး။ ဒါကြောင့် မရှာတာပါ။ ထားပါတော့ Malwarebytes မှာ rootkit ရှာနိုင်အောင် အလှည့်အပြောင်းလုပ် ကြည့်ပါမယ်။

ပထမဆုံး Malwarebytes မှာရှိတဲ့ Setting ကို ကလစ် နှိပ်ပြီး ဖွင့်လိုက်ပါ မယ်။ ပြီးရင် Detection နဲ့ Protection ဆိုတာကို ရွေးပါမယ်။ ပြီးရင် Scan for rootkit ဆိုတဲ့ option ကို ဆက်ရွေးပါမယ်။ rootkit ကိုရှာတွေ့ပြီဆိုရင် ပုံမှန်မှာ antimalware တွေလို ဖယ်ထုတ်ပြီး သီးခြားခွဲထားလိုက်လေ့ ရှိပါတယ်။ ဒါပေမယ့် Malwarebytes ကို ရေးတဲ့ပရိုဂရမ်မာတွေက rootkit တိုင်းကို ဖယ်မထုတ်ဖို့သတိပေးပါတယ်။ တချို့ rootkit ၀င်စွဲတဲ့ အခြေအနေ မျိုးမှာ rootkit ကိုဖယ်ထုတ်ပစ်ရင် မထင်မှတ်လောက်အောင် ဆိုးရွားတဲ့ ရလဒ်တွေပေါ်လာနိုင်လို့ဖြစ်ပါသတဲ့။ဒါကြောင့် Malwarebytes သုံးပြီး စစ်လိုက်လို့ Unknown Rootkit တွေတွေ့တယ်ဆိုရင် Support.malwarebytes.org ကတစ်ဆင့် Malwarebytes Support team ကိုဆက်သွယ်ဖို့ အကြံပြုထား ပါတယ်။ unknown rootkit တွေအတွက် ပိုကောင်းတဲ့အကြံပေးနိုင်ဖို့လို့ ပြောပါတယ်။ အဲဒါတွေကို ရှာဖွေ ဖော်ထုတ် ပြီးရင် Webpage တွေပေါ်ကတစ်ဆင့် မိတ်ဆွေတို့ကို ထောက်လှမ်းရေး လုပ်နေတာတွေကို ရှာဖွေဖော်ထုတ်ရပါမယ်။ ပြီးရင်ပိတ်ဆို့ရပါမယ်။ အွန်လိုင်း blocker တွေရှာဖွေဖော်ထုတ်ပေးထားတာဟာ လုံးလုံး မှန်နိုင် သလို လုံးလုံးမှားပြီး တကယ်အသုံးတည့်တဲ့လုပ်ငန်းတွေကို ဒုက္ခရောက်သွား တာမျိုးလည်း ရှိပါတယ်။

ဒါကြောင့် blocker ထဲမှာ စိတ်ချရတဲ့ Privacy Badger ကိုသုံးပါမယ်။ Privacy Badger တွေထဲ မှာတော့ သူကအကောင်းဆုံးပါ။ အကောင်းဆုံး ဖြစ်တဲ့ဒီ add-on ကို Chrome နဲ့ Firefox browser တွေနဲ့ တွဲပြီးသုံးနိုင် ပါတယ်။ Webpage တွေပေါ်က အဆိုးဆုံး Cookies တွေကို အလိုအလျောက် ရှာဖွေဖော် ထုတ်ပြီး ပိတ်ဆို့ပေးသွားပါလိမ့်မယ်။ ထောက်လှမ်းနေတဲ့သတ္တ၀ါတွေကို toolbar button နှိပ်ပြီး အသေးစိတ် ကြည့်နိုင်ပါတယ်။ထောက်လှမ်းရေးသမားတွေကို နောက်ထပ်ရှာသင့်တဲ့ နေရာက ကွန်ပျူတာထဲမှာပါ။ သူတို့ကို ရုတ်တရက်မမြင်ရပါဘူး။ နောက်ကွယ် ကနေ အလုပ်လုပ်လို့ပါ။ နောက်ကွယ် ကအလုပ်လုပ်တဲ့အထဲမှာ Hardware နဲ့ Software တွေ ကောင်းကောင်းမွန်မွန်ရှိနေအောင် အထောက် အကူပြုနေတာတွေလည်း ရှိပါတယ်။

ဒါကြောင့် လူကောင်းနဲ့လူဆိုး ခွဲခြားဖို့ Microsoft က အခမဲ့ပေးထားတဲ့ Process Explorer ကို သုံးနိုင်ပါတယ်။ ဒါကိုသုံးရင် ကွန်ပျူတာပေါ်က Program တွေနဲ့ Process တွေအားလုံးကို ပြနိုင်ပါတယ်။ ဒါကြောင့် သံသယရှိတဲ့ဟာတွေကို အသေးစိတ်စောင့်ကြည့် နိုင်ပါတယ်။သံသယရှိစရာ Process တစ်ခုတွေ့နေရပြီလား။ ကွန်ပျူတာကို အင်တာနက်ချိတ်လိုက်ပါ။ ပြီးရင် သံသယရှိတဲ့ Process နေရာမှာ ညာကလစ် ထောက်ပြီး Check virus total ကို ရွေးပေးလိုက်ပါ။ virus total က အခုဆိုရင် anti-malware အမျိုးပေါင်း ငါးဆယ်လောက်နဲ့ ပိုက်စိပ်တိုက် ပြီးစစ်ပါတယ်။ ဒုက္ခပေးမယ့် process ကိုပြပေးပါမယ်။ ဒုက္ခပေးတာ သေချာတဲ့ Process ကိုရွေးပြီး Kill Process လုပ်လိုက်ပါ။ ပြီးရင် Anti-malware (Anti-virus) သုံးပြီး ကိုယ့်ကွန်ပျူတာကို total scan လုပ်ပါတော့။ Virus Signature တွေ Update လုပ်ပြီးသားဖြစ် ရမယ့်အပြင် ကိုယ်သုံးတဲ့ Anti-virus ကလည်း အရည်အသွေးကောင်းဖို့ လိုပါတယ်။ ဒီလိုတွေ စေ့စေ့ စပ်စပ်လုပ်ကြမယ်ဆိုရင် မိတ်ဆွေတို့ဟာ ထောက်လှမ်းခံနေရတဲ့ဘေးကနေ ကင်းဝေးကြပါလိမ့်မယ်။

Credit to
နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment