Android N 7.0 Developer Preview ကို Root လုပ်နည်း

Android N 7.0 Developer Preview ကို Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ထူးခြားဆန်းကျယ်လှတဲ့ နည်းပညာလောကထဲမှာ
အသစ်အဆန်းများနဲ့ စီးနှင်းလိုက်ပါနေရင်တော့ ပူပူနွေးနွေးထွက်ရှိထားပြီးခါစ 
ရှိသေးတဲ့ Android N 7.0 Developer Preview ကို Root လုပ်ကြည့်ချင်တယ်ဆိုရင်တော့
ခေါင်းစားစရာမလိုပဲ One Click တည်းနဲ့ ပွဲက ပြီးနေပါပြီ။

ဒီတော့ One click Root ကဘာ Root tool များလည်း အမျိုးအစားကတော့
CF-Auto-Root file ပါပဲ ဒီတော့ Samsung Device လိုမျိုး Odin ကို အသုံးပြုရမလား
မဟုတ်ပါဘူးခင်ဗျား အသုံးပြုသူများ လွယ်သထက်လွယ်ကူအောင် CF-Auto-Root file ကို
.bat ဖိုင်အဖြစ် ဖန်တီးပေးထားတာပါ၊ ပိုတောင် အဆင်ပြေသေးတာပေါ့ဗျာ...
ကွန်ပျူတာနဲ့ဖုန်း Device အချင်းအချင်း သိပြီဆိုတာနဲ့ .bat ဖိုင်လေးကို Run ပေး
လိုက်ရုံဖြင့် သက်ဆိုင်ရာ မိမိတို့ဖုန်းမှာ Root access ရရှိနိုင်မှာပဲဖြစ်ပါတယ်။
ယခုဖေါ်ပြပါ Root လုပ်နည်းသည် Nexus 6P, 5X, 6, Nexus 9, 
Nexus Player and Pixel C ဖုန်းများအတွက် သာဖြစ်ပါကြောင်း အထူးပြောကြားလိုပါတယ်။
Android N 7.0 Version ရဲ့ New Features အကြောင်းကိုတော့
အောက်ပါလင့်တွင် သွားရောက်လေ့လာကြည့်လိုက်ပါ
Android ‘N’ version 7.0 ကိုတော့ Nexus 6P, 5X, 6, Nexus 9,
 Nexus Player and Pixel C ဖုန်းများအတွက် images ဖိုင်အနေဖြင့်
 တိုက်ရိုက်ဒေါင်းလော့လင့်များဖြင့် အောက်ကလင့်မှာရယူနိုင်ပါပြီ။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
==================
၁။ ယခုဖေါ်ပြပါ Root လုပ်နည်းသည် Android N Developer Preview အတွက်သာ
သီးသန့်ဖြစ်ပါတယ်၊ Android Version 7.0 ပဲဖြစ်ပါတယ်။
၂။ တကယ်လို့ မိမိဖုန်းမှာ Android Version 7.0 မဟုတ်သေးရင်တော့
သက်ဆိုင်ရာ မိမိဖုန်းများတွင် Update ပြုလုပ်ထားရပါမယ်။
၃။ ဖုန်းတစ်လုံးကို Root လုပ်မယ်ဆိုရင်တော့ Battery ရဲ့ Charge ဟာ
 အနည်းဆုံး 50% လောက်တော့ ရှိနေသင့်ပါတယ်။
၎။ မိမိဖုန်းဟာ bootloader unlock ဖြစ်နေရပါမယ်၊ တကယ်လို့ bootloader unlock မရှိသေး
ရင်တော့ ဖုန်းကို Root ဖောက်ခြင်းကိစ္စ အောင်မြင်လိမ့်မည် မဟုတ်ပါ။
၅။ ဖုန်းတွင် OEM & Usb debugging ကို Enable ပြုလုပ်ထားပါ။
၆။ ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်အသုံးပြုဖို့ရန်အတွက် Cable ကိုသာ အသုံးပြုပြီး
Root လုပ်နည်းတွင်လည်း ယခုဖေါ်ပြပါ နည်းလမ်းအတိုင်းသာ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
၇။ ကွန်ပျူတာတွင် လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ထားပါ။

How to Root Android N Developer Preview
===========================
၁။ ဖုန်းကို Bootloader Mode သို့ဝင်ပေးရမှာဖြစ်တဲ့အတွက် ဖုန်းကို ပါဝါပိတ်လိုက်ပြီး
Volume Down + Power Key များကိုတွဲနှိပ်ထားပြီး ၀င်လိုက်ပါ။
၂။ CF-Auto-Root file များကို ဖုန်း Model အလိုက်ဒေါင်းလော့ရယူပြီး
ဒေါင်းလော့ရလာတဲ့ zip ဖိုင်များကို ဖြည်ထားလိုက်ပါ။
၃။ ဖုန်းမှာ bootloader mode ၀င်ပြီးတာနဲ့ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ။
၎။ CF-Auto-Root file တစ်ခုတွင် Windows, linux & mac များအတွက်
ဖိုင်များ သီးသန့်ပါဝင်တာမို့ မိမိအသုံးပြုနေတဲ့ ကွန်ပျူတာ Info အတိုင်း 
CF-Auto-Root ဖိုင်ကို အသုံးပြုရမှာပဲဖြစ်ပါတယ်။
ဥပမာ= For Windows run: root-windows.bat
For Linux run: root-linux.sh
For Mac OS X run: root-mac.sh 
၅။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေပြီဆိုတာနဲ့ 
သက်ဆိုင်ရာ CF-Auto-Root.bat ဖိုင်ကို Run ပေးလိုက်ပါ။
၆။ ဖုန်းကို Root process တစ်ခုပြုလုပ်နေတုန်း ပြီးအောင်စောင့်နေလိုက်ပါ
အားလုံးပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ
သင့်ဖုန်းမှာ Root access ရရှိနေပါလိမ့်မယ်၊ Root Checker ဖြင့် စမ်းသပ်လိုက်ပါ။
အဆင်ပြေပါစေ
Credit to ဇူးနစ်(နည်းပညာ) 
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment