♪ “ဖုန်းကင်မရာဖြင့်ဓာတ်ပုံကောင်းကောင်းရိုက်ကူးနည်း” ♫

ဖုန်းကင်မရာကိုအသုံးပြုလို့ လူတိုင်းပုံကောင်းကောင်းရိုက်တတ်ချင်ကြမယ် လို့ ယုံကြည်ပါတယ်။ ဒီတော့ ပုံကောင်းကောင်းထွက်စေမယ့် နည်းလမ်းများ ကို မျှဝေပေးလိုက်ရပါတယ်။ ဒီတော့ နည်းလမ်းလေးတွေ စပြောကြရ အောင်..
(၁) Zoom ဆွဲမရိုက်ပါနဲ့..
အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ဖုန်းနဲ့ ရိုက်တဲ့အခါ Zoom ဆွဲပြီး ရိုက်မယ့် အစားပုံမှန်အတိုင်းရိုက်လို့ ကိုယ် လိုချင်တဲ့ နေရာကို Crop လုပ်ယူလို့ ရပါတယ်။ Zoom ဆွဲလိုက်ခြင်းကပုံရဲ့ အရည်အသွေးကိုကျဆင်း သွားစေမှာဖြစ် ပါတယ်။ ဒီတော့ စမ်းကြည့်ပါ။ Zoom ဆွဲပြီးရိုက်တာနဲ့ ခပ်ရိုးရိုးရိုက်ပြီးကိုယ်လိုချင်တဲ့အပိုင်းကို Crop လုပ်ဆွဲကြည့်ယူတာနဲ့ ဘယ်ဟာပိုကောင်းသလဲဆိုတာသိမြင်ပါလိမ့်မယ်။ ဒီတော့ ကိုယ်ရိုက်ချင်တဲ့ အရာနဲ့ ဝေးနေတယ်ဆိုရင် Zoom ဆွဲမယ့်အစားနီးနိုင်သမျှ နီးအောင်သွားရ ပါမယ်။
(၂) Original Mode ကိုသာသုံးပါ။
ကင်မရာတွေမှာ Mode အသီးသီးရှိပါတယ်။ Evening mode လား၊ Morning mode လား၊ night mode လားအစရှိသဖြင့် ရှိပါတယ်။ mode တွေ ဘယ်လောက်ပဲရှိရှိ Original နဲ့ ရိုက်ပြီးတော့ ပုံကို Edit လုပ်တဲ့အခါမှ mode ပြန်ပြင်နိုင်ပါတယ်။ အကယ်၍ Evening mode နဲ့ ရိုက်ထားဖြစ်ရင် အချို့ ဖုန်းဆိုရင် ပြန် edit လုပ်တဲ့အခါ Orignal mode ကို ပြန်ဆင်းလို့ မရတော့ ပါဘူး။ အဲ့ကျရင် edit ရ ပိုလို့ ခက်ခဲပါလိမ့်မယ်။ ပြီးတော့ Camera 360 နဲ့ အခြား သော ပြင်စရာ app များစွာရှိပေမယ့် သူတို့က ပြင်စရာ App ပါ။ ရိုက်စရာ App မဟုတ်ပါဘူး။ Instagramတောင်မှ ပုံရိုက်ပြီးမှ သူ့ထဲပြန်ထည့် ပြင်တာအကောင်းဆုံးဖြစ်ပါတယ်။
(၃) လက်ငြိမ်ငြိမ်ထားပါ
ကင်မရာဘယ်လောက်ကောင်းကောင်း၊ Image Stable ဖြစ်အောင် ထိန်းတဲ့ နည်းပညာတွေ ဘယ်လောက် တိုးတက်ပါစေပုံကောင်းကောင်းထွက်ချင်ရင် လက်ငြိမ်အောင် ထိန်းသင့်ပါတယ်။ အကယ်၍ လက်တင်စရာရှိရင် တင် ထားပြီးတင်စရာမရှိရင် ဖုန်းကသေးတယ်ဆိုရင် လက်တစ်ဖက်ရဲ့ လက်ခုံး ပေါက် တံတောက်ဆစ်တင်တဲ့ အနေ အထားနဲ့ ရိုက်နိုင်ပါတယ်။ အကယ်၍ ဖုန်းကအဲ့လောက် မသေးဘူးလက်နှစ်ဖက်လိုတယ်ဆိုရင်လည်း နှစ်ဖက်စလုံး ပေါင်းလို့ ခပ်ငြိမ်ငြိမ်လေးဖြစ်အောင် ကိုင်နိုင်ပါတယ်။
(၄) အသံတိုးအသံချဲ့ buttonကိုသုံးလို့ ရိုက်ပါ
ဖုန်းတွေမှာအသံတိုးအသံချဲ့ buttonကိုသုံးလို့ ရိုက်လို့ရတယ် ဆိုတာကို ရောသိကြပါသလား..တကယ့် ကင်မရာကိုင်တဲ့ အရသာကိုရရှိစေဖို့ ဖုန်း ကုမ္ဗဏီများကဖန်တီးပေးထားပါတယ်။ အရင် ဖုန်းအဟောင်းများတော့ မသိ iPhone, Samsung, နဲ့ အခြားသောဖုန်း brand အများစုရဲ့ ၂၀၁၂ လောက် ကနေစထုတ်တဲ့ ဖုန်းများကသုံးလို့ရပါ တယ်။ Screen ပေါ်က button ကိုသုံးဖို့ ကြိုးစားနေရင် တစ်ခါတလေလက်မငြိမ်ပါဘူး။ ဒီမှာ exception တစ်ခု ရှိပါတယ်။ buttonကိုသုံးတယ် ဆိုတာ landscape ရိုက်မှပါ။ Potrait (ဒေါင်လိုက်) ရိုက်ရင်တော့ screen ထဲက နှိပ်စရာကပိုအဆင်ပြေပါတယ်။
(၅) ရိုက်ကွက် အနေအထားကိုသိပါ
Landspace ပုံစံလိုချင်လား၊ Potraitပုံစံလိုချင်လားကိုယ်တိုင် စဉ်းစားပါ။ Landspace က ကင်မရာကလှဲ လိုက်တဲ့ အနေအထားဖြစ်ပြီးPotrait က ဖုန်းကိုအထောင်လိုက် အနေအထား ဖြစ်ပါတယ်။ အကယ်၍ ရှုခင်းပုံရိုက် တယ်ဆိုရင် Landspace က အကောင်းဆုံး ဖြစ်ပြီးလူတစ်ဦးသို့မဟုတ် Object တစ်ခုခုကိုဦးတည်တယ်ဆိုရင် ထောင် လိုက်ကကောင်းပါတယ်။ ဒါပေမယ့် နောက်ခံ ရှုခင်းနဲ့ လူကိုပါ ပါစေချင်တယ်ဆိုရင် Landspaceပုံရိုက် နိုင်ပါတယ်။
(၆) Focus ငြိမ်အောင် စောင့်ပါ
ယခုနောက်ပိုင်းဖုန်းတွေမှာဆိုရင် Auto Focus တွေ ပါပါတယ်။ Auto Focus ကိုမိမိက Focus ထားချင်တဲ့ အရာအပေါ် ရောက်အောင် လက်နဲ့တို့ထိပြီး တော့ ဆွဲယူပါ။ ပြီးရင် Focus ငြိမ်အောင် ခဏစောင့်ပါ။ Focus မငြိမ် သေးဘဲ ရိုက်မိရင် ပုံကမကောင်းတော့ပါဘူး။
(၇) HDR mode ဖွင့်ထားပါ
HDR mode ဖွင့်ထားရင် ဖုန်းတွေမှာပုံ နှစ်ပုံရိုက်ပေးတာမျိုးတို့ အချို့ဖုန်း မှာလုပ်ပေးပါတယ်။ တစ်ပုံကိုပုံမှန် ပုံရိုက်ပေးပြီးနောက်တစ်ပုံကို HDR mode နဲ့ ရိုက်ပါတယ်။ HDR Mode ကိုကိုယ်ရိုက်မယ့် ရိုက်ကွင်းရိုက်ကွက်မှာ လူများများပါတယ်၊ Object အများကြီးပါတယ်ဆိုရင် ဖွင့်ထားသင့်ပါတယ်။ ဒါဆိုရင် အားလုံးရဲ့ရုပ်ထွက်ကို ကောင်း အောင် လုပ်ပေးပါတယ်။ Hight Definition Resolution ဖြစ်ပါတယ်။
(၈) ပုံများများရိုက်ပါ
ရိုက်ကွင်းတစ်ကွက်ထဲမှာတစ်ပုံပဲမရိုက်ပါနဲ့။ အထူးသဖြင့် လူပုံတွေကို ရိုက်တဲ့အခါ ဖြစ်ပါတယ်။ မျက်လုံး မှိတ်သွားတဲ့အခါ ရှိမယ်။ အမူအရာ ပျက်တဲ့အခါ ရှိမယ်။ ဒါကြောင့်မို့ ရိုက်တဲ့အခါ ပုံတွေ အများကြီး ဆက်တိုက်ရိုက် သင့်ပါတယ်။ ၅ပုံ၊ ၆ ပေါက်လောက်ဖြစ်ပါတယ်။ ပြီးတော့မှ ကိုယ်ကအကောင်းဆုံးလို့ ထင်တဲ့ ပုံကိုရွေးချယ်နိုင်ပါတယ်။
(၉) အလင်းရောင်ကိုကောင်းကောင်းအသုံးချပါ
ပုံရိုက်တဲ့အခါ လူသို့မဟုတ် Object တစ်ခုခုကိုရှင်းရှင်းလင်းလင်း မြင်ချင်ရင် အလင်းရောင်လာရာဘက်ကို မျက်နှာမူပြီးတော့ မရိုက်သင့်ပါဘူး။ ဥပမာ ကိုယ်ရိုက်တဲ့လူကနေရောင်လာတဲ့ဘက်မှာရှိနေတယ် ဆိုရင် ပုံရိုက်တဲ့အခါ လူဟာမည်းနေပါလိမ့်မယ်။ အဲ့လိုအခြေအနေကျရင် လူကိုနေရောင်ဘက်ကို မျက်နှာမူစေပြီး ကိုယ်ကနေရောင်ကို နောက်ကျောယူလို့ ရိုက်သင့်ပါတယ်။ ဒါကနေရောင်ကိုပဲပြောတာမဟုတ်ပါဘူး။ ဘယ်အလင်းရောင်တွေတွက် မဆို ဖြစ်ပါတယ်။ အလင်းရောင်ကိုမဆန့်ကျင်ရပါဘူး။ အလင်းရောင်ကို အသုံးချ ရန်သာဖြစ်ပါတယ်။ ဒါပေမယ့် ထန်းပင် ကြားထဲကနေနေရောင်ခြည်ထွက် လာတဲ့ ပုံရိုက် ရိုက်ချင်တယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ညဘက်မှာ ရိုက်ရင် လည်း အလင်းရောင်လာရာကိုပိုလို့တောင် မဆန့်ကျင်သင့်ပါဘူး။
(၁၀) Flash ကိုသတိထားပါ
ဖုန်းတွေရဲ့ Flash တွေ တိုးတက်လာတယ်ပဲပြောပြောကျနော်ကတော့ ယနေ့အချိန်ထိ Flash ဖွင့်ရိုက်ရင် လူ့မျက်လုံးကမြေခွေးမျက်လုံးလို အလင်းရောင် ထွက်သွားတာမျိုး၊ မူလ Object ရဲ့ အရောင်ကိုကွဲပြား သွားစေတာမျိုး တို့ ဖြစ်သွားပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ သူငယ်ချင်းရှိရင် ကိုယ်ရိုက်တဲ့အချိန် သူ့ဖုန်းကို Flash လေး ဖွင့်ထားပေးပါ လားလို့ အကူအညီတောင်းသင့် ပါတယ်။ အကယ်၍ ကိုယ့်မှာဖုန်းနှစ်လုံးရှိရင် သူများအကူအညီမလို တော့ပါဘူး။ ဒါပေမယ့် လက်မငြိမ်ဘူးဆိုရင်တော့ အခြားလူကိုအကူအညီတောင်းနိုင်ပါတယ်။ ဒီတော့ကာ အကူသုံး မယ့် မီးကအဖြူရောင်ပဲ ဖြစ်ဖို့ လိုအပ် ပါတယ်။ အနီရောင်၊ အစိမ်းရောင် အစ ရှိသဖြင့် မီးများကိုမသုံးပါနဲ့။
(၁၁) Resolution အမြင့်နိုင်ဆုံး မြင့်အောင် ယူပါ
ဖုန်းတွေမှာပုံကို 960×580, 2860×1500 အစရှိသဖြင့် ရွေးခွင့်တွေလည်း ပေးထားပါတယ်။ အဲ့ဒါတွေကို ရွေးခွင့်ပေးထားသည့်တိုင် ကိုယ်ကတော့ Resolution အမြင့်ဆုံးကိုပဲရွေးချယ်သင့်ပါတယ်။ ပြီးတော့မှ ကိုယ်လို သလောက် ပြန်ဖြတ်ယူနိုင်မှာမို့ ဖြစ်ပါတယ်။
(၁၂) ရိုက်ကွင်းရိုက်ကွက် ထောင့်ချိုး၊ အမြင့် အနိမ့် သိပါစေ
သာမန်အားဖြင့် လူပုံကိုချိန်မယ်ဆိုရင် ဖုန်း screen ထဲမှာပေါ်လာပါမယ်။ အဲဒီမှာ ကြည့်ပါ။ ကိုယ့်အနေနဲ့ ကင်မရာကိုကင်မရာလို့ မမြင်တော့ဘဲဒါကို မဂ္ဂဇင်းသို့မဟုတ် ကိုယ်မြင်ချင်တဲ့ စာမျက်နှာတစ်ခုခုပေါ်မှာ မြင်မယ့်အရာ တစ်ခုအဖြစ် မြင်ကြည့်လိုက်ပါ။ စောင်းနေလား၊ တည့်နေလားပေါ့။ စောင်းတာကိုလိုချင်လို့ idea ဆန်းပြီးစောင်းအောင် ရိုက်သူများလည်း ရှိပါတယ်။ ပြီးတော့ ကိုယ်ရိုက်မယ့် သူကအရပ်ပုရင် အပေါ်စီးကနေမရိုက်ပါ နဲ့။ အောက်ကနေ ပင့်ရိုက်သင့်ပါတယ်။ ဖုန်းကိုကိုင်တဲ့အခါ ကိုယ်ရိုက်မယ့် Object ကိုအောက်ကနေလား၊ အလယ်ကနေလား၊ အပေါ်ကနေလား ကိုယ်တိုင်ချင့်ချိန်ယူနိုင်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပဲသူ့ကိုကိုယ်မြင့်ချင်တဲ့ မဂ္ဂဇင်းပေါ်ကအရာတစ်ခုအဖြစ် ခံစားပြီးတော့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။
(၁၃) Software တစ်ခုခုနဲ့ ပြန် Edit လုပ်ပါ
Software လို့ခေါ်တဲ့အခါ ဖုန်းဆော့ဖ်ဝဲရှိတယ်။ ကွန်ပျူတာဆော့ဖ်ဝဲ ရှိပါတယ်။ ဖုန်းဆော့ဖ်ဝဲဆိုရင် Instagram, Snapseed, Camear 360 အပြင် အခြားသော Software များစွာလည်းရှိပါတယ်။ ကွန်ပျူတာပေါ်မှာ ဆိုရင်တော့ အားလုံးသိကြတဲ့အတိုင်း Adobe Photoshop တို့လိုမျိုးတွေ ရှိပြီး Online ဆိုရင် picmonkey.com တို့လို အပြင် အခြားများစွာရှိပါတယ်။ Flicker iOSဆိုတာကိုလည်းအနောက်တိုင်းမှာအသုံးများပါတယ်။ ပြီးရင် ကိုယ်လိုချင် တဲ့အပိုင်းကို Crop လုပ်၊ အရောင်ပေါင်းတို့ကိုလုပ်လိုက်ရင် Perfect ဖြစ်တဲ့ ပုံများထွက်ပါပြီ။
(အကြံပြုချက်)
ကိုယ်သိထားရမှာကဖုန်းကင်မရာဟာပရော်ဖက်ရှင် ကင်မရာမဟုတ်တာ ကြောင့် သိပ်မျှော်လင့်ချက် အကြီး ကြီးမထားစေဖို့ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုလူတစ်ယောက်ရဲ့ မျက်နှာပုံကိုရိုက်ရင် DSLR က Zoom တွဲကြည့်တဲ့အခါ ပုံထွက်အိုကေပြီးအဆီပေါက်တွေမှာ မြင်နိုင်ပေမယ့် ဖုန်းကတော့ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့လုပ်နိုင်တဲ့ အလုပ်များကို သိထားဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ချက်၊ သူ့မှာ ပါဝင်နေတဲ့ Function တွေကိုလေ့လာကြည့်ပါ။ ကလိကြည့်ပါ။ ကိုယ့်ဖုန်း ကိုယ် ကလိရတာပိုက်ဆံမပေးရပါဘူး။ ယခုဖော်ပြချက် ကတော့ ကင်မရာ ဖြင့် ဓာတ်ပုံရိုက်နိုင်ရန် စတင်ကြိုးစားနေသူများအတွက် Beginner guide သာ ဖြစ်ပါတယ်။

Credit to  အောင်ခမ်း(ရိုးရာလေး)
Mobile Guide Journal (Every Monday) 
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment