နည်းပညာလောက၏ အချမ်းသာဆုံး ဘီလျံနာ ၁၀ ဦး

ကမ္ဘာ့အချမ်းသာဆုံး နည်းပညာဘီလျံနာ ၁၀ ဦးအနက် ၄ ဦးမှာ ကောလိပ်မှထွက်ခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် အမျိုးသားများ ဖြစ်ကြပြီး နိုင်ငံကြီး ၂ နိုင်ငံမှ (အမေရိကန်နှင့် တရုတ်) ဖြစ်ကြသည်။ လက်ရှိတွင် ၎င်းတို့အားလုံးသည် ကုမ္ပဏီအကြီးအကဲများ ဖြစ်ကြသည့်အပြင် အကြီးအကဲများအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသူများ ဖြစ်သည်။
ယခုစာရင်းတွင်ပါဝင်သော ဘီလီယံနာ ၁၀ ဦး၏ အနိမ့်ဆုံးကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၈.၂ ဘီလီယံတန်ကြေး ရှိသည်။ ၎င်းတို့အနက် အချို့သည် ကမ္ဘာကြီးကို ပြောင်းလဲ ကြိုးစားရန် ကြွယ်ဝမှုများကို အသုံးချလျက်ရှိသလို အချို့ကလည်း အားကစားအသင်းများ ပိုင်ဆိုင်ထားကြသည်။ ဘီလီယံနာ အနည်းငယ်မှာ ကုမ္ပဏီကို ဆက်လက်ဦးစီးပြီး ဥစ္စာဓနကြွယ်ဝစေရန် ပြုလုပ်ပေးခဲ့သည်။


(၁၀) ပိုနီမာ
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၁၈.၂ ဘီလျံ
အသက် - ၄၄ နှစ်
နိုင်ငံ - တရုတ်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Tencent Holdings
စတော့ဈေးကွက်တွင် အစောပိုင်း ငွေကြေးအကျိုးအမြတ်ရအောင် ဆောင်ရွက်ခဲ့သူ မာဟွာတန် (ပိုနီမာ) သည် ကောလိပ်သူငယ်ချင်းများနှင့် Tencent ကို စတင်တည်ထောင်ခဲ့သည်။ ကုမ္ပဏီ၏ ပထမဆုံး အဓိကထုတ်ကုန်မှာ QQ အမည်ရ တရုတ်နိုင်ငံတွင်း အသုံးပြုနိုင်သော messaging ဝန်ဆောင်မှု ဖြစ်သည်။ ထို့နောက် Tencent သည် လုပ်ငန်းကို သိသိသာသာတိုးချဲ့ခဲ့ပြီး လုပ်ငန်းအမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ Riot Games (League of Legends နာမည်ကျော်ဂိမ်းများ ဖန်တီးသူ) ကဲ့သို့ အဓိကဂိမ်းစတူဒီယိုများမှ တေးဂီတဖြန့်ချိရေးအထိ လုပ်ငန်းများကို တိုးချဲ့ခဲ့သည်။
(၉) မိုက်ကယ်ဒဲလ်
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၁၈.၉ ဘီလျံ
အသက် - ၅၁ နှစ်
နိုင်ငံ - အမေရိကန်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Dell
မိုက်ကယ်ဒဲလ်သည် ၁၉၈၄ ခုနှစ် အော်စတင်မြို့ရှိ တက္ကဆက်တက္ကသိုလ်တွင် ဆေးပညာသင်ယူနေစဉ် Dell အဖြစ်မပြောင်းလဲမီက PC Ltd. အမည်ရ ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ထို့နောက် ၎င်းသည် ကွန်ပျူတာများ အချိန်ပြည့်တည်ဆောက်ရန် ကောလိပ်မှ ထွက်ခဲ့ပြီး နိုင်ငံတွင်းရှိ တိုးတက်မှု အမြန်ဆန်ဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် ၎င်း၏အသက်မှာ ၂၃ နှစ်သာရှိသေးပြီး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ကာ ကန်ဒေါ်လာသန်း ၃၀ မတည်နိုင်ခဲ့သည်။ ဒဲလ်သည် ၎င်းအတွက် ကန်ဒေါ်လာ ၁၈ သန်းရရှိခဲ့သည်။ ဒဲလ် ၎င်း၏ နာမည်တူ ကုမ္ပဏီကို ယနေ့တိုင် ဦးစီးလျက်ရှိသည်။ ကုမ္ပဏီသည် နိုင်ငံအများအပြားတွင် လူပေါင်း ၁၀၀,၀၀၀ ကျော်ကို အလုပ်ခန့်အပ်ထားသည်။ Dell သည် AT&T နောက်တွင် ရေနံနှင့်မသက်ဆိုင်သော တက္ကဆက်အခြေစိုက် ဒုတိယအကြီးဆုံး ကုမ္ပဏီ ရပ်တည်လျက်ရှိသည်။
(၈) စတိဗ်ဘောလ်မာ
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၂၅.၉ ဘီလျံ
အသက် - ၅၉ နှစ်
နိုင်ငံ - အမေရိကန်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Microsoft
စတိဗ်ဘောလ်မာသည် Microsoft တွင် ကုမ္ပဏီ၏ ပထမဆုံး စီးပွားရေးမန်နေဂျာအဖြစ် ဟားဗတ်တွင်အတူကျောင်းတက်ခဲ့သော ဘီလ်ဂိတ်နှင့်အတူ လုပ်ကိုင်ရန် ၁၉၈၀ ခုနှစ်တွင် စတန်းဖို့ဒ်ရှိ စီးပွားရေးတက္ကသိုလ်မှ ထွက်ခဲ့သည်။ ၎င်းသည် လစာအဖြစ် ကန်ဒေါ်လာ ၅၀,၀၀၀ ရရှိခဲ့ပြီး ကုမ္ပဏီတွင် ရှယ်ယာလည်း ရရှိခဲ့သည်။ ၎င်းအနေဖြင့် Microsoft တွင်ရှိနေစဉ်အတွင်း စီးပွားရေးမန်နေဂျာမှ အမှုဆောင်အရာရှိချုပ်အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ စတိဗ်ဘောလ်မာသည် ကုမ္ပဏီတည်ထောင်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါက ဝန်ထမ်းစတော့ရှယ်ယာမှ ဘီလျံနာဖြစ်လာသည့် ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်သည်။
၎င်းသည် ယခုအခါတွင် Microsoft ၌ လုပ်ကိုင်ခြင်းမရှိတော့ပေ။ စတိဗ်ဘောလ်မာသည် ၂၀၁၄ ခုနှစ်အတွင်း Los Angeles Clippers ဘက်စကက်ဘောအသင်းကို ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
(၇) ဂျက်မာ
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၂၆.၃ ဘီလျံ
အသက် - ၅၁ နှစ်
နိုင်ငံ - တရုတ်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Alibaba
ဂျက်မာသည် Amazon အွန်လိုင်းစတိုးနှင့်တူညီသော တရုတ်နိုင်ငံအခြေစိုက် Alibaba ကို တည်ထောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကုမ္ပဏီကို အများပိုင်အဖြစ်ပြောင်းလဲခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စတော့ရှယ်ယာရောင်းချမှုမှ ကန်ဒေါ်လာ ၂၅ ဘီလီယံရရှိခဲ့သည်။
(၆) ဆာဂျီဘရင်
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၃၆.၃ ဘီလျံ
အသက် - ၄၂ နှစ်
နိုင်ငံ - အမေရိကန်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Google
ဆာဂျီဘရင်နှင့် လယ်ရီပေ့ခ်ျတို့သည် ၁၉၉၅ ခုနှစ်တွင် စတန်းဖို့ဒ်တက္ကသိုလ်၌ တွေ့ဆုံခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် Google ကိုတည်ထောင်ခဲ့သည်။ Google သည် နှစ်ပေါင်းများစွာအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း ကုမ္ပဏီနှင့် ၎င်းတို့၏ထုတ်ကုန်များစွာမှာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် ဘရင်နှင့် ပေ့ခ်ျတို့ဖန်တီးခဲ့သော Google Search engine ကိုအခြေခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ဘရင်သည် Google ၏မိခင်ကုမ္ပဏီဖြစ်သော Alphabet ကို ဦးစီးပြီး အမြင့်ပေပေါင်းများစွာ၌ ပျံသန်းနိုင်သော ပူဖောင်းများ (Project Loon) မှတစ်ဆင့် ဝေးလံသော လူမှု့အသိုက်အဝန်းများသို့ Wi-Fi ထောက်ပံ့ပေးမည့် စီမံကိန်းကို အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။
(၅) လယ်ရီပေ့ခ်ျ
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၃၇.၈ ဘီလျံ
အသက် - ၄၂ နှစ်
နိုင်ငံ - အမေရိကန်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Google
Google ကိုတွဲဖက်တည်ထောင်သူ လယ်ရီပေ့ခ်ျသည် ပိုင်ဆိုင်မှု အနည်းငယ်များပြားသည်။ ပေ့ခ်ျသည် Alphabet အမှုဆောင်အရာရှိချုပ်ဖြစ်ကာ ဆာဂျီဘရင်မှာ ဥက္ကဋ္ဌဖြစ်သည်။ ပေ့ခ်ျသည် Google ၏ search engine ကို အဓိကလုပ်ကိုင်လျက်ရှိသည်။
အသက် ၃၀ နှစ်အရွယ်တွင် ပေ့ခ်ျသည် ဘီလျံနာတစ်ဦး ဖြစ်လာပြီး Google မှ Android ကိုဝယ်ယူရာတွင် ဦးဆောင်ခဲ့သည်။ Google အကြီးအကဲအဖြစ်မှ ဆယ်စုနှစ်တစ်ခုအကြာ နုတ်ထွက်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် အမှုဆောင်အရာရှိချုပ်ရာထူးကို ပြန်လည်ရယူခဲ့သည်။
(၄) လယ်ရီအယ်လီဆန်
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၄၆.၁ ဘီလျံ
အသက် - ၇၁ နှစ်
နိုင်ငံ - အမေရိကန်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Oracle
ကမ္ဘာ့အကြီးဆုံး software ကုမ္ပဏီများအနက် လယ်ရီအယ်လီဆန်တွဲဖက် တည်ထောင်သော Oracle လည်းပါဝင်သည်။ Oracle သည် လုပ်ငန်းများနှင့် အစိုးရအတွက် Database software ဖြစ်သည့် “middleware” ဟုအမည်ရသော software သည် software developer များက ကိုယ်ပိုင်ပရိုဂရမ်များ ဖန်တီးမှုကို အထောက်အကူဖြစ်စေသည်။ လုပ်ငန်းသုံး software သည် Oracle ၏ကျွမ်းကျင်ရာ နယ်ပယ်ဖြစ်သည်။ Microsoft ၏နောက်တွင် Oracle သည် ကမ္ဘာ့တစ်ဝန်း ဒုတိယအသုံးပြုမှု အများဆုံး software ဖြစ်သည်။
အယ်လီဆန်သည် ကမ္ဘာပေါ်တွင် လစာအများဆုံးရရှိသော အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ၎င်းသည် ဟာဝိုင်ယီကျွန်းတစ်ကျွန်း (လာနန်) ပိုင်ဆိုင်ပြီး ၄ ကြိမ်ခန့် လက်ထပ်ဖူးကာ စတိဗ်ဂျော့နှင့်လည်း အလွန်ခင်မင်ရင်းနှီးခဲ့သည်။ ထို့အပြင် ၎င်းသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော လူများအနက် စိတ်ဝင်စားစရာ အကောင်းဆုံးလူတစ်ဦးလည်း ဖြစ်သည်။
(၃) မာ့ခ်ဇူကာဘတ်
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၄၆.၂ ဘီလျံ
အသက် - ၃၁ နှစ်
နိုင်ငံ - အမေရိကန်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Facebook
မာ့ခ်ဇူကာဘတ်သည် ဟားဗတ်တွင် ကောလိပ်တက်နေစဉ်အတွင်း Facebook ကို တိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး ကျောင်းမှ ထွက်ခဲ့သည်။
လက်ရှိတွင် မာ့ခ်ဇူကာဘတ်သည် အသက် ၃၁ နှစ်ရှိပြီ ဖြစ်သည်။ မကြာသေးမီကလည်း ၎င်း၏ ဇနီးဖြစ်သူက ပထဦးဆုံးကလေးကို မွေးဖွားခဲ့သည်။ ၎င်းအနေဖြင့် ကန်ဒေါ်လာ ၅၀ ဘီလျံနီးပါး ပိုင်ဆိုင်ထားသည်။ ဇူကာဘတ်မိသားစုသည် ၎င်းတို့၏ ကြွယ်ဝချမ်းသာမှု ၉၉ ရာခိုင်နှုန်းကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ကတိပေးထားသည်။ ထို့အပြင် ငွေကြေးများ ပုံမှန်လှူဒါန်းခြင်း၊ အီဘိုလာရောဂါကို တိုက်ခိုက်ရန် Facebook မှကူညီခြင်းနှင့် နယူးဂျာစီပြည်နယ် အများပြည်သူဆိုင်ရာကျောင်း စနစ်ကိုတည်ထောင်၍ လူမှုအသိုက်အဝန်းကို ကူညီခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။
(၂) ဂျက်ဖ်ဘီဇော့
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၅၁.၂ ဘီလျံ
အသက် - ၅၂ နှစ်
နိုင်ငံ - အမေရိကန်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Amazon
ဂိုထောင်အတွင်း အောက်ခြေမှ လုပ်ငန်းစတင်ခဲ့သော ဂျက်ဖ်ဘီဇော့သည် အွန်လိုင်း၌ ပစ္စည်းများ အရောင်းအဝယ်လွယ်ကူစွာ ပြုလုပ်ခြင်းဖြင့် ဘီလျံနာတစ်ဦး ဖြစ်လာခဲ့သည်။ ကနဦးအနေဖြင့် စာအုပ်များကို စတင်ရောင်းချခဲ့ပြီး နောက်ပိုင်းတွင် ကုန်ပစ္စည်းများအားလုံးကို ရောင်းချခဲ့သည်။ ဂျက်ဖ်ဘီဇော့သည် အွန်လိုင်းလက်လီကုမ္ပဏီ Amazon ကို အာရုံစိုက်ခြင်းမှ သတင်းစာတိုက်ဦးစီခြင်း (the Washing Post) နှင့် အာကာသတွင်း ဒုံးပျံလွှတ်တင်ခြင်း (Blue Origin) စသည့်အရာများကို ပြုလုပ်ခဲ့သည်။
ထို့အပြင် Amazon ကို ကုန်ပစ္စည်းရောင်းချခြင်းအပြင် ဖျော်ဖြေရေး ထုတ်လုပ်မှုအတွက် Amazon Prime အားဖန်တီးခဲ့သလို Amazon Web Services ဌာနမှတစ်ဆင့် ဝက်ဘ်ဆိုက်များစွာကို ထောက်ပံ့ခြင်းနှင့် ကုန်စုံပစ္စည်းများကို AmazonFresh နှင့်ပေးပို့ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ မကြာမီတွင် ဘီဇော့၏ Amazon သည် အဝေးထိန်းလေယာဉ်များဖြင့် ကုန်ပစ္စည်းပေးပို့မှုကို တစ်ခေတ်ဆန်းစေမည် ဖြစ်သည်။
(၁) ဘီလ်ဂိတ်
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၈၉.၄ ဘီလျံ
အသက် - ၆၀ နှစ်
နိုင်ငံ - အမေရိကန်
လုပ်ငန်း - နည်းပညာ
ဓနဥစ္စာအရင်းအမြစ် - Microsoft
ဘီလ်ဂိတ်သည် ယခုစာရင်းတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ရုံမက ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ဘီလ်ဂိတ်သည် Microsoft အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲချိန် အသက် ၃၀ နှစ်အရွယ်တွင် ဘီလျံနာဖြစ်လာခဲ့သည်။ ၎င်းသည် ကုမ္ပဏီကို တွဲဖက်တည်ထောင်ခဲ့ပြီး နှစ်ပေါင်းများစွာ ဦးစီးခဲ့သည်။ ထို့နောက် ၂၀၀၀ ခုနှစ်တွင် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်မှ နုတ်ထွက်ခဲ့သည်။ ၎င်းသည် ကုမ္ပဏီဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ဆက်လက်ရယူထားသော်လည်း ပရဟိတလုပ်ငန်းများသာ လုပ်ကိုင်လျက်ရှိသည်။
ဘီလ်ဂိတ်သည် ဇနီးဖြစ်သူ မယ်လင်ဒါဂိတ်နှင့်အတူ Bill & Melinda Gates ဖောင်ဒေးရှင်းကို ဦးဆောင်သည်။ ဖောင်ဒေးရှင်း၏ လုပ်ငန်းနှင့်ပတ်သက်သော အင်တာဗျူးတွင် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာနှင့် ကျောက်မီးသွေးထုတ်လုပ်မှုနှင့် အသုံးပြုမှုနေရာတွင် အစားထိုးရန် ဈေးနှုန်းသက်သာ စိတ်ချရသော စွမ်းအင် အသစ်ရှာဖွေတွေ့ရှိခြင်းများ အရေးကြီးပုံကို ဂိတ်ဇနီးမောင်နှံက ဆွေးနွေးပြောကြားခဲ့သည်။ ကျောက်မီးသွေးနှင့် ကျောက်ဖြစ်ရုပ်ကြွင်းအသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ဖြေရှင်းနိုင်သော စွမ်းအင်သည် လာမည့် ၁၅ နှစ်အတွင်း ပေါ်ပေါက်လာမည်ဟု ဘီလ်ဂိတ်က ခန့်မှန်းထားသည်။

Ref: BusinessInsider
 
  အဆင်ပြေကြပါစေ။
 
 
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment