♪ Modular Smartphone ဖြစ်တဲ့ Fairphone 2 ကိုရောင်းပြီ” ♫

အစိတ်အပိုင်းများကို ဖြုတ်တပ် လဲလှယ်နိုင်တဲ့ Fairphone 2 ကို MWC မှာ မိတ်ဆက်လိုက်ပါတယ်။ Fairphone 2 မှာ Display ပျက်ဆီးသွားရင်ဖြစ်ဖြစ်၊ ဟောင်းနွမ်းသွားရင် ဖြစ်ဖြစ် အလွယ်တကူ ဖြုတ်ပြီးလဲလှယ်နိုင်ပါတယ်။

ကင်မရာ၊ Headphones နဲ့ အခြားအစိတ်အပိုင်းများစွာကိုလည်းဒီလိုပဲ လဲလှယ်နိုင်ပါတယ်။ ပျက်စီးသွားတဲ့ အစိတ်အပိုင်းများကို ကိုယ်တိုင် ပြင်ဆင် နိုင်မှာလည်း ဖြစ်ပါတယ်။ Fairphone 2 ကိုယူရို ၅၂၉ သတ်မှတ်ထားပါ တယ်။ Dual-SIM Handset ဖြစ်ပြီး ၅ လက်မ Full HD Display တပ်ဆင်ထား ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၄၆ ဖြစ်ပါတယ်။ Android 5.1 ကိုFairphone GUI နဲ့ ပေါင်းစပ်ထားပါတယ်။ 4G , WiFi, Bluetooth 4.0 ဆက်သွယ်မှုများကိုအသုံးပြုနိုင် ပါတယ်။

အနောက်ဘက်မှာ 8MP Camera နဲ့ အရှေ့ဘက်မှာ 2MP Camera တပ်ဆင်ထားပါတယ်။ 2.26GHz Quad-Core Snapdragon 801 CPU, 2GB RAM, 32GB Storage, microSD Card Slot တို့ ပါရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment