အောင်မြင်သူတို့ အမူအကျင့် (၁၀၀) ၂၀။ ဝါနုတဲ့သူတွေကို ချီးကျူး ဂုဏ်ပြု လက်တွဲခေါ်ပါ


အောင်မြင်သူတို့ အမူအကျင့် (၁၀၀)
၂၀။ ဝါနုတဲ့သူတွေကို ချီးကျူး ဂုဏ်ပြု လက်တွဲခေါ်ပါ
ကရာတေး သင်တန်းကျောင်းတစ်ခုကို သင်တန်းတက်ဖို့ ရောက်သွားတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ကန်ကျောက်နေကြတာ၊ လက်သီးထိုးနေတာ၊ ကာကွယ်တာ၊ ကိုင်ပေါက်တာ၊ ကျွမ်းပစ်တာ စတာမျိုးတွေ တွေ့ရပါလိမ့်မယ်။ အဲဒါမျိုးအလုပ်တွေကို ကိုယ်က တစ်ခါမှ မလုပ်ဘူးတဲ့အခါ အဲဒါတွေဟာ ကိုယ့်အတွက် အခက်အခဲတွေ ဖြစ်ပါလိမ်မယ်။ အဲဒီလိုပဲ ရေခဲပြင်စကိတ်စီးတာ၊ နိုင်ငံခြားဘာသာစကား တစ်ခုကို လေ့လာတာမျိုးတွေ မှာလည်း အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အားမလျှော့ပါနဲ့၊ ဒါဟာ ကိုယ့်ရဲ့ ပထမဆုံးနေ့ပါ ဘယ်အလုပ်ပဲဖြစ်ဖြစ် ပထမဆုံးဆိုတာ တစ်ကြိမ်တည်းပါ၊ နောက်ထပ် ဘယ်တော့ မှ ထပ်မရှိနိုင်တော့ပါ။
ဘယ်အလုပ်ပဲဖြစ်ဖြစ် ပထမအကြိမ် ကြိုးစားအားထုတ်ရတဲ့အချိန်မှာ ခက်ခဲ ကြမ်းတမ်းနိုင်ပါတယ်။ အဲဒါကို လက်ခံနိုင်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို အသွေးထဲ အသားထဲက ယုံကြည်ပါ။ အစပိုင်းမှာတော့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အများတကာတွေရဲ့ ဝေဖန်မှုတွေ၊ လှောင်ပြောင်သရော်မှုတွေ၊ မဖြစ်နိုင်လို့ ပြောတာတွေ၊ ရူးနေပြီလို့ ပြောတဲ့အထိ ပုံစံမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ နောက်ဆုံး ကိုယ်တကယ် အောင်မြင်လာပြီ ဆိုရင်တော့ အများစုကို ကိုယ့်ကို တော်ကြောင်း၊ တတ်ကြောင်း၊ ကောင်းကြောင်းတွေ ပြောကြပါတော့မယ်။ ကိုယ့်အနားကို ရောက်လာကြပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဇွဲရှိရှိနဲ့ ကိုယ့်အလုပ်ကို ကိုယ် တစိုက်မတ်မတ် ဆက်လုပ်ပါ။ ကိုယ့်လိုပဲ စတင်ကြိုးစားနေတဲ့သူတွေကို ချီးကျူးဂုဏ်ပြုပါ၊ ဘာကြောင့်လဲ ဆိုတော့ ပထမဆုံး ခြေလှမ်းဟာ အခက်ခဲ အကြမ်းတမ်းဆုံး ဖြစ်နိုင် လို့ပါ။ ကိုယ့်ရဲ့ နယ်ပယ်ထဲမှာ ရှိတဲ့ အသစ်တွေ၊ ဝါနုတဲ့သူတွေကို ကြိုဆိုပါ၊ မျှဝေပါ၊ လက်တွဲခေါ်ပါ။

(ကျွန်တော်ကိုယ်တိုင် အင်္ဂလိပ်ဘာသာစကားကို အရူးအမူး စတင်လေ့လာတဲ့အခါ တစ်ချို့က ကျွန်တော့်ကို အဲဒီ ဂေါက်သီး လို့ ပြောခဲ့ကြတာကို ကြုံခဲ့ဘူးပါတယ်။)
“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ …”
အောင်ကိုဦး (UMK)
Be the Best !

Credit to Aung Ko Oo - UMK

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment