အောင်မြင်သူတို့ အမူအကျင့် (၁၀၀) ၁၆။ ဘဝစာမေးပွဲမှာ အမှတ်ကောင်းတွေ ရပါစေ


အောင်မြင်သူတို့ အမူအကျင့် (၁၀၀)
၁၆။ ဘဝစာမေးပွဲမှာ အမှတ်ကောင်းတွေ ရပါစေ
ဘဝဆိုတာ စာမေးပွဲတစ်ခုလိုပဲ၊ ဘဝစာမေးပွဲမှာ ပေးတဲ့အမှတ်တွေ ရတဲ့အမှတ်တွေက ကိုယ့်ဘဝ တိုးတက်ဖို့အတွက် ဘယ်လောက်အထိ အာရုံစူးစိုက်နိုင်တယ်၊ တစ်ပါးသူတွေကို ဘယ်လောက်အထိ ကူညီ ပေးနိုင်တယ် ဆိုတဲ့အပေါ်တွေမှာ မူတည်ပါတယ်။ ဘဝစာမေးပွဲမှာ ကိုယ်က အမှတ်တွေ ကောင်းခဲ့တယ်၊ အောင်မြင်ခဲ့တယ် ဆိုရင် အောင်မြင်မှုရအောင် ဘာတွေက ထောက်ပံ့ပေးခဲ့သလဲ … ? လေ့လာမှု၊ ကြိုးစားအားထုတ်မှု၊ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စ၊ ကျွမ်းကျင်မှု၊ အခွင့်အလမ်း၊ အဆက်အသွယ်၊ အာဏာ၊ ကံကြမ္မာ စတဲ့ ဘယ်လို အကြောင်းကြောင်း တွေကြောင့် အောင်မြင်နိုင်ခဲ့သလဲ … ? ဘဝစာမေးပွဲ မှာ အောင်မြင်ဖို့ အကြောင်းမတွေ့သေးရင်လည်း အောင်မြင်တဲ့အထိ ဆက်ပြီး ကြိုးစားပါ။
ကိုယ့်ရဲ့ပင်ကိုယ် အစွမ်းအစကို အကောင်းဆုံးတွေ ဖြစ်လာနိုင်အောင် အသုံးချပါ။ ကိုယ်ရဲ့ စွမ်းဆောင်ချက်တွေကို ပရဟိတလုပ်ငန်းတွေ၊ တရားမျှတမှုတွေ မှာ ပိုပြီးတော့ တွန်းအားပေး လုပ်ဆောင် နိုင်အောင် ကြိုးစားပါ။ တဖက်သားကို ဂရုဏာထားနိုင်ဖို့၊ အကြင်နာထားနိုင်ဖို့၊ အလိုက်သိတတ်ဖို့ စတာတွေကို မဖြစ်မနေ ဖြည့်တင်းထားပါ။ ကိုယ့်ရဲ့ ပစ္စည်းတွေကို စွဲလမ်းတပ်မက်လွန်းတဲ့ စိတ်ကို လျော့ချ နိုင်အောင်ကြိုးစားပါ။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးဟာ ကိုယ့်ဘဝ စာမေးပွဲအတွက် ရမှတ် တွေဖြစ်လာမှာပါ။ လက်ရှိအချိန်ဟာ အကောင်းဆုံးတွေ ဖန်တီးဖို့ အချိန်ပါ။ ဘဝစာမေးပွဲမှာ ရမှတ်တွေ ကောင်းစေဖို့ ခုပဲ စတင်နိုင်ပါပြီ။

“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ …”
အောင်ကိုဦး (UMK)
Be the Best !

Credit to Aung Ko Oo - UMK


ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment