Redmi Note 3 China Stable Version Redmi Note 3 ကို SP Flashtool ဖြင့် Rom ပြန်တင်ခြင်း


Redmi Note3 ကို Logo မှာရပ်ပြီး Recovery ခေါ်ရင် ကြိုးနဲ့ ဖုန်းကို ချိတ်ခိုင်းတဲ့ပုံလေး ပေါ်နေတဲ့သူတွေအတွက်ပါ … Mi PC Suit ကလည်း အလုပ်မလုပ်နိုင်သေးသလို Mi Flashtool လည်းပဲ အဆင်မပြေပါ။ ဒါကြောင့် SP Flashtool ကို အသုံးပြုပြီး ပြန်တင်ရပါလိမ့်မယ်။
Redmi Note 3 ရဲ့ နောက်ဆုံး Version ကို အောက်ကလင့်မှာ ဒေါင်းပါ


SP Flashtool ကိုအောက်မှာဒေါင်းပါ
တကယ်လို့များ Zip ဖိုင်ဖြည့်ဖို့ Software မရှိဘူးဆိုရင် Wrar ကိုဒီနေရာကဒေါင်းပါ
ဖုန်းအတွက် Driver မရဘူး သို့မဟုတ် သွင်းလို့ အဆင်မပြေဘူးထင်ရင် MTK driver ကိုအာက်က လင့်မှာ ဒေါင်းပြီး သွင်းထားလိုက်ပါ။
(၁) အကုန်အဆင်သင့်ဖြစ်ပြီဆိုရင် ဒေါင်းထားတဲ့ Firmware ဖိုင်ကို Zip ဖြည့်ပါ။ နောက်တစ်ဖိုင်ထွက်လာရင် အဲဖိုင်ကို Zip ထပ်ဖြည်ပါ Folder ကျလာပါလိမ့်မယ်။ အဲသည် ဖိုဒါလေးကိုမြင်သာအောင် Desktop ပေါ်တင်ထားစေလိုပါတယ်။ ဘယ်မှာထားထားရပါတယ်။
(၂) SP ကိုလည်း Zip ဖြည်လိုက်ပြီး ရလာတဲ့ထဲက flast_tool.exe ကို ညာဘက်ကလစ် Run as Administrator နဲ့ဖွင့်ပါ (တရုတ်လိုဖြစ်နေရင် Ctrl+Shift+O ကိုနှိပ်လိုက်ပါ Option ကျလာရင် ဘယ်ဘက် Panel ထဲက လေးခုမြောက် … ညာဘက် Drop down list ထဲကအပေါ်ဆုံးကို ရွေးပေးပါ)
(၃) Welcome .. Format .. Download .. စတဲ့Tab တွေထဲက Download ကိုဝင်ပါ
(၄) Download Agent ကို SP ဖိုဒါထဲက DA_SWSEC.bin ရွေးပေးပါ
Scatter-loading file ကို Firmware folder ထဲက Images ထဲမှာ MT6795_Android_scatter ဆိုတဲ့ ဖိုင်ကိုရွေးပေးလိုက်ပါ ၁ နှင့် ၂ ဝိုင်းပြထားသောနေရာ
(၅) အဲဒါဆို အောက်ဖက်မှာ Scatter တွေပေါ်လာပါလိမ့်မယ်။ အကုန်အမှန်ခြစ်ပေးလိုက်ပါ
ပြီးရင် ၃ ဝိုင်းပြထားတဲ့ Location ဆိုတဲ့အောက်ကနေရာမှာ ဖိုင်တွေကို Redirect လင့်တွေချိတ်ပေးဖို့လိုပါတယ်။ ပထမဆုံး တစ်ကွက်ကို နှိပ်လိုက်ပါ
Firmware Folder ထဲက Images ထဲက Signed Bin ကိုဝင်ရမှာဖြစ်ပါတယ် ပြီးရင် အောက်မှ ပြောထားတဲ့ဖိုင် တစ်ဖိုင်ချင်းစီကို တစ်ကွက်စီအလိုက် အစဉ်အတိုင်း နေရာချပေးပါ
preloader_lcsh6795_lwt_l-sign.bin
lk-sign.bin
boot-sign
recovery-sign
secro-sign
logo-sign.bin
trustzone-sign.bin
trustzone-sign.bin
system-sign
cache-sign
userdata-sign
မလွဲအောင် နောက်တစ်ကြိမ် အသေအချာ စစ်ဆေးစေလိုပါတယ် ရသွားပြီဆိုရင်ဖုန်းကို ပါဝါပိတ်လိုက်ပါ Recovery လည်းမရသလို Fastboot မှာလည်း ဝင်မနေရပါဘူး ပိတ်ကိုပိတ်နေရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ စက်ပိတ်လို့ မရဘူးဆိုရင် ပါဝါ ခလုတ်ကို ဆယ်စက္ကန့်လောက်ဖိထားပြီး ပိတ်သွားတာနဲ့ လွှတ်လိုက်ပါ။ သို့မဟုတ် Volume Down နဲ့ power ခလုတ်ကို တစ်ပြိုင်တည်း နှိပ်ထားပြီး ပါဝါပိတ်သွားတာနဲ့ လွှတ်လိုက်ပါ နောက်ကျရင် Fastboot ပြန်တက်လာနိုင်လို့ပါ။ ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ဆက်မထားရပါ။
စက်ကိုပိတ်ပြီးရင် အပေါ်နားက ဒေါင်းလုပ်ဆိုတဲ့ ခလုတ်အစိမ်းကို နှိပ်ရမှာဖြစ်ပါတယ်။ နှိပ်ပြီးတော့မှ Volume Down ခလုတ်ကိုနှိပ်ထားလျက် ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ပေးရမှာဖြစ်ပါတယ်။ အနီရောင် အတန်းလေးပေါ်လာရင် လက်လွှတ်လို့ရပါပြီ။ အဝါရောင်တန်းလေးတက်နေရင်တော့ စပြီး ရေးနေပြီဖြစ်ပါတယ်။
အစိမ်းရောင်အမှန်ခြစ်နဲ့ အဝိုင်းလေး မော်နီတာမှာ ပေါ်လာရင်တော့ အောင်မြင်ပါပြီ ဖုန်းကို ကွန်ပျူတာမှ ဖြုတ်ပြီး ပါဝါဖွင့်ကြည့်ပါ။ Logo မှာအနည်းငယ်လေး ကြာနိုင်ပါတယ် သုံးလေးငါးမိနစ်ပေါ့။
@http://www.myanmarmobileapp.com/
Share on Google Plus

About tuntin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

8 comments:

  1. thank you so much http://myanmarspirit.blogspot.com.
    i was share this post on facebook. please approve me.

    ReplyDelete
  2. ရသွားပါပြီဗျ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဗျဝေပေးတာကျေးဇူးပါ

    ReplyDelete
  3. zip ဖြေရင် error တက်တယ်ခင်ဗျ
    ကူညီပါဦးဆရာ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. mi note3 16gb no sim ဖြစ်နေတာဘယ်လိုအဆင်ပြေနိုင်မလဲဆိုတာ ကူညီကြပါအုံး

    ReplyDelete
  7. errorတက်​​နေ်​bro
    ယဟ

    ReplyDelete