အောင်မြင်သူတို့ အမူအကျင့် (၁၀၀) ၁၇။ မတူကွဲပြားမှုတွေကို လက်ခံပါ


အောင်မြင်သူတို့ အမူအကျင့် (၁၀၀)
၁၇။ မတူကွဲပြားမှုတွေကို လက်ခံပါ
လူတွေကို တစ်ဦးတစ်ယာက်ခြင်းဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် ကြည့်လိုက်ပါ။ မတူညီတဲ့ နိုင်ငံ၊ ယဉ်ကျေးမှု နဲ့ လာကြတဲ့ လူသားတွေ အားလုံးကို ပြိုင်ဆိုင်မှု၊ အသားအရောင်၊ ဘာသာ၊ အယူဝါဒ၊ ကျား/မ မခွဲခြားပဲ အားလုံးအတူတူပဲလို့ မြင်တတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိနဲ့ တွေ့ကြုံဆက်ဆံ ရတဲ့လူတွေ အားလုံးကို တူညီသည်ဖြစ်စေ၊ ကွဲပြားသည်ဖြစ်စေ သူငယ်ချင်းအဖြစ်ပဲ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းလုပ်ဖို့ပဲ ဖြစ်ဖြစ် ယုံယုံကြည်ကြည် ဆက်ဆံပါ။
လူတွေဟာ မွေးရာပါ ဗီဇ အရတော့ ကောင်းကြပါတယ်၊ (ဆိုလိုတာက ဘယ်သူမဆို ကလေးဘဝ တုန်းက အားလုံးက ဖြူစင်ကြပါတယ်။) လူတော်တော်များများဟာ ယုံကြည်မှုနဲ့ အလုပ်လုပ်ကြတာပါ။ လူတွေဟာ အကြောင်းမဲ့သက်သက် ကိုယ့်ကို ထိခိုက်နာကျင်အောင် မလုပ်တတ်ကြသလို၊ လိုအပ်ရင် လည်း ကူညီပေးတတ်ကြပါတယ်။ တတ်နိုင်သမျှ အပြုသဘော တွေးပါ၊ အပျက်သဘောတွေ တွေးပြီး အချိန်တွေ မဖြုန်းပါနဲ့။ အတတ်နိုင်ဆုံး သူများ မကောင်းကြောင်းတွေ၊ အတင်းအဖျင်းတွေ မပြောပါနဲ့။
လူတွေနဲ့ သဘောထားကွဲလွဲထားများ မဖြစ်စေဘဲ အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ် နှိမ့်ချဆက်ဆံပါ။ လူတွေနဲ့ ဆက်ဆံတဲ့အခါ လူတွေကို နားလည်ပေးနိုင်ဖို့၊ ပြဿနာတွေကို ခံနိုင်ရည်ရှိဖို့ ကြိုးစားပါ။

“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ …”
အောင်ကိုဦး (UMK)
Be the Best !


Credit to Aung Ko Oo - UMK

Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment