See you at the bottom


-----------------------------
ဒီခေါင်းစဉ်နဲ့ ဒီစာကို ရေးဖို့ တော်တော်လေး စဉ်းစားရပါတယ် … ဘာကြောင့်လဲ ဆိုတော့ ဒီခေါင်းစဉ်ဟာ ကမ္ဘာကျော် Motivation Speaker ကြီးဖြစ်တဲ့ Zig Ziglar ရဲ့ See you at the top ဆိုတဲ့ စကားနဲ့ ပြောင်းပြန်ဖြစ် နေသလို မြန်မာပြည်ရဲ့ ထင်ရှားလှတဲ့ ဘဝအောင်မြင်ရေး စာပေများ ရေးသားနေတဲ့ လူငယ် စာရေးဆရာ တစ်ယောက်ရဲ့ slogan လည်းဖြစ်နေလို့ပါ … ။
ဒီခေါင်းစဉ် See you at the bottom ကိုလည်း တကယ်တော့ ကျွန်တော်ပေးတာ မဟုတ်ပါဘူး … မနေ့က တောင်ငူမြို့တည်၊ နန်းတည် ၅၀၄ နှစ်ပြည့် အထိမ်းအမှတ် နဲ့ အတူ ကျင်းပတဲ့ Barcamp Taungoo နဲ့ ပတ်သက်ပြီး ဟောပြောဆွေးနွေးခဲ့တဲ့ ဆရာတစ်ယောက် ရေးထားတဲ့ status မှာ ပါတာကို ကြိုက်လို့ ယူသုံးလိုက်ပါတယ် … ။
ဆရာ စိုးသီဟနောင်က “ဘားကမ့် (တောင်ငူ)မှာ လူငယ်တွေနဲ့ စကားပြောဖြစ်တော့ မထင်မှတ်တဲ့ ထူးခြားတဲ့ အရွေ့တွေ သိခဲ့ ခံစားခဲ့ရတာ ဝမ်းသာစရာပဲ။ အဲဒီအရွေ့တွေဟာ ရုတ်တရက် ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် နိုင်ငံအတွက် အင်မတန် အရေးပါတဲ့ အရွေ့တွေပါပဲ။ See you at the bottom!” လို့ ရေးထားပါတယ် … ။
ကျွန်တော်လည်း Barcam Yangon 2013 ကအစပြုပြီး ပြည်၊ မန္တလေး၊ မိထ္ထီလာ၊ ပခုက္ကူ၊ တောင်ငူ အပါအဝင် နည်းပညာ/ကွန်ပျူတာ တက္ကသိုလ်တွေကလုပ်တဲ့ Barcamp တွေမှလည်း ရွှေပြည်သာ၊ သန်လျင်၊ မှော်ဘီ၊ ပြည်၊ လာရှိုး စသည်ဖြင့် တော်တော်လေး ရောက်ဖြစ်ပါတယ် … ပွဲတိုင်းမှလည်း လူငယ်တွေအတွက် အတွေးတစ်စုံတစ်ရာ ရဖို့ အကြောင်းတွေ … စိတ်ဓါတ် ခွန်အား ဖြည့်ပေးနိုင်မယ့် အကြောင်းအရာတွေကို ပြောဖြစ်တယ် … ပွဲပြီးသွားလို့ မေးခွန်းတွေ မေးကြတဲ့အခါ … စကားတွေ ပြောကြတဲ့အခါ … သူတို့တစ်တွေမှာ လုပ်ချင်ကိုင်ချင်စိတ်တွေ အပြည့်ရှိကြပါတယ် … လိုအပ်နေတာက လမ်းကြောင်းရယ် … လိုအပ်တဲ့ အထောက်အပံ့ တွေပါ … ဆရာစိုးသီဟနောင်ပြောသလို အဲဒီ အရွေ့တွေကို အရှိန်မြှင့်တင်ပေးဖို့ လိုပါတယ် … ။
ထိပ်ဆုံးမှာတွေ့ကြဖို့ အတွက် အောက်ခြေမှာ အရင်တွေ့ဖို့ လိုပါတယ် … ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နေပြည်တော်မှာ ထိပ်ပိုင်း ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြပါတယ် … ဒါဟာ တကယ့်ကို ကောင်းပါတယ် … ထို့အတူပဲ ခေါင်းဆောင်တွေ … တတ်သိပညာရှင်တွေ အောင်မြင်နေတဲ့ သူတွေအနေနဲ့ ထိပ်ဆုံးမှာ တွေ့ကြသလို … အောက်ခြေမှာလည်း တွေ့ဖို့လို အပ်ပါတယ် … ဒါမှသာ … အောက်ခြေကလူတွေ အပေါ်ရောက်ဖို့ ဘာတွေ လိုအပ်နေလဲ ဆိုတာ သိနိုင်မှာ ဖြစ်သလို … လိုအပ်တာတွေကို လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ် …
ဒါကြောင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် See you at the top အတွက် See you at the bottom first! လို့ ကျွန်တော်တို့တစ်တွေ အောက်ခြေမှာ အရင်တွေ့ကြရအောင်ဗျာ ….

အောင်ကိုဦး(UMK)
Be the Best !

-----------------------------------------------------------------------
(ဒုတိယမြောက် စာအုပ် "အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ" စာအုပ် မှ ကောက်နှုတ် ချက်)

Credit to Aung Ko Oo - UMK

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment