မျက်မမြင် နဲ့ မီးအိမ်


==============
ဒီပုံပြင်လေးကို ဆရာကြီးဦးမြကြိုင်ဆီမှာ အင်္ဂလိပ်စာ တက်တုန်းက သင်ခဲ့ရတာပါ၊ ဒီနေ့မှ Level 1 ညနေတန်းမှာ ဒီပုံပြင်လေးကို ပြန်သင်ရင်းနဲ့ ရေးချင်စိတ်ဖြစ်လာလို့ပါ … တစ်ခါတုန်းက မျက်မမြင် တစ်ယောက်က လမိုက်ည တစ်ညမှာ မီးအိမ်လေးဆွဲပြီး လမ်းလျှောက်လာပါတယ် … အဲဒါနဲ့ လမ်းမှာ လူငယ် နှစ်ယောက်နဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့ပါတယ်၊ အဲဒီလူငယ်လေး နှစ်ယောက်က မျက်မမြင်က မီးအိမ်ကို ဆွဲလာတာမြင်တော့ လှောင်ရီပြီးတော့ နောက်ပြောင်ကြတယ် … အဲဒီတော့ မျက်မမြင်လူကြီးက အဲဒီကောင်လေးတွေကို ပြန်ရီပြီးတော့ ပြောပြပါတယ် … သူက ဒီမီးအိမ်ကို ဆွဲလာတယ် ဆိုတာက သူ့အတွက် မဟုတ်ပါဘူး … သူက အမှောင်ထဲမှာ လမ်းလျှောက်လို့ရပါတယ် … ဒါပေမယ့် တစ်ချို့သော နမော် နမဲ့ နိုင်တဲ့သူတွေက …. သူ့ကို အမှောင်ထဲမှာ သတိထားမိကြမှာ မဟုတ်ဘူး … အခုလှောင်ရီနေတဲ့ မင်းတို့လို ကောင်လေးတွေပေါ့ … ဒါကြောင့် ဒီမီးအိမ်ကို ဆွဲလာတာ လို့ ပြောလိုက်ပါတယ် …. ။ အဲဒီစကား လည်း ကြားရော လူငယ်နှစ်ယောက်က သိမ်ငယ်သွားပြီးတော့ သူတို့လမ်း သူတို့ ဆက်သွားကြပါတယ် … ပုံပြင်လေးကတော့ ဒါပါပဲ ….
ဒါပေမယ့် တွေးဆစရာ တွေ အများကြီးပါပါတယ် … တစ်ခါတစ်လေ လူတွေက ပုံပြင်ထဲက ကောင်လေး နှစ်ယောက်လိုပဲ တစ်ခုခုရဲ့ အခြေအနေကို ဘာကြောင့်လဲဆိုတာ သေသေချာချာ မဆန်းစစ်ပဲ အမြင်တစ်ခု တည်းနဲ့ ဆုံးဖြတ်ပြီး လှောင်ပြောင်ကြတာ … အထင်သေးကြတာ .. နှိမ့်ချတတ်ကြတာမျိုးတွေ တွေ့ရတတ် ပါတယ်။ ကိစ္စရပ်တစ်ခုခုကို ခြေခြေမြစ်မြစ် မသိဘဲ မပြောတာ ပိုကောင်းပါတယ် … ဒီနေ့ခေတ် အွန်လိုင်းမှာ အကြောင်းအရာ တော်တော်များများက အမှန်တွေရော … အမှားတွေရော ရောထွေးနေ တတ်ပါတယ် … သေသေချာချာ ရေရေ ရာရာ မသိဘဲ နဲ့ စွတ်ပြီး မပြောတာ ကောင်းပါတယ် … တကယ် သိတယ်ဆိုရင်တော့ မျှဝေ ပေးသင့်ပါတယ် … ။ Little knowledge is very dangerous. ဆိုတဲ့ စကားလိုပဲ နည်းနည်းလေးသိတာ အရမ်းအန္တရာယ် များပါတယ် … ကျွန်တော်ကိုယ်တိုင်လည်း သိလွန်းလို့ ရေးနေတာ မဟုတ်ပါ … သိသလောက်ကို မျှဝေ ပေးနေတာပါ … ကျွန်တော်ပြောတာကိုလည်း တစ်ထစ်ချ လက်ခံဖို့ မလိုပါဘူး … ကိုယ်တိုင် စဉ်းစားပြီးမှ လက်ခံပါ …. ။
ထုံးစံအတိုင်း ဆပွား ချဲ့ထွင် တွေးနိုင်ပါတယ် ….
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be The Best !

Credit to Aung Ko U - UMK

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment