ဘဝ ဆက်ဖီ


ဒီနေ့ခေတ်မှာ စမတ်ဖုန်း ယဉ်ကျေးမှုနဲ့ အတူ လူငယ်တွေသာ မက လူကြီးတွေပါ ဆက်ဖီ (Selfi) ဆွဲလာကြပါပြီ … ကျွန်တော့် သင်တန်းမှာလည်း သင်တန်းသား/သူတွေ အတွက် Selfi Corner တစ်ခု လုပ်ပေးထားပါတယ် … တစ်ခါတစ်လေ သူတို့တွေက Selfi Corner မှာသာမက အတန်းထဲမှာလည်း လစ်ရင် လစ်သလို Selfi ဆွဲ တက်ကြပါသေးတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ရံဖန် ရံခါ ဆက်ဖီဆွဲ ပါတယ်။ ကျွန်တော်တို့တစ်တွေ ဆက်ဖီဆွဲပီးတဲ့အခါ တစ်ခါတစ်လေ ဖုန်းထဲမှာပဲ သိမ်းထားတတ်သလို အလျင်းသင့်သလို Facebook ပေါ်ကိုလည်း တင်တတ်ကြပါတယ် … ။
ဲဒီ လို Selfi ဆွဲပြီး Facebook ပေါ်တင်တဲ့အခါ ခုရိုက်ခုတင်ဆိုရင်တောင်မှ အနည်းဆုံး မိန်းကလေးတွေဆိုလည်း နှုတ်ခမ်းစူလိုက်၊ ပါးဖောင်းလိုက်၊ လက်ထောင်လိုက် စသည်ဖြင့် post တွေ အမျိုးမျိုးပေးပြီး စိတ်ကြိုက်ရတော့မှ ရိုက်ကြသလို စိတ်ကြိုက် post လေး ရတဲ့အခါ အဲဒီပုံကို B612 တို့ Photo Wonder တို့ 360 တို့နဲ့ ပုံကို effect တွေ သုံးပြီး လှအောင် (အနည်းဆုံးတော့ ကြည့် ကောင်းအောင်) ပြင်ကြပါသေးတယ် … တကယ်လို့ No effect တို့ No caption တို့ တင်တယ် ဆိုရင်တောင်မှ Post ကိုတော့ အတတ်နိုင်ဆုံး စိတ်ကြိုက်ပြင်ကြပါသေးတယ် … ။ အဲဒီလို စိတ်ကြိုက်ပြင်ဆင်ပြီးလို့ Facebook ပေါ်ကို တင်တဲ့အခါ ကိုယ့်ပုံလေးကို Like လုပ်တဲ့သူများမယ်၊ “အရမ်းလှတယ် … So Cute …. ချောချက်” စသည်ဖြင့် Comment လေးတွေ ပေးကြတယ်ဆိုရင် ကိုယ့် Wall က ကိုယ့်ပုံကိုကြည့်ပြီး စိတ်ကျေနပ် နေကြပါလိမ့်မယ် … ။
ကျွန်တော် ဆက်တွေးကြည့်ပါတယ် … ဒါဆိုရင် ကျွန်တော်တို့ ဘဝကို ပုံဖော်တဲ့အခါ ဆက်ဖီဆွဲသလိုမျိုး စိတ်ကြိုက် post (ရာထူး/နေရာ/ အလုပ်အကိုင် စသည်ဖြင့်) ရတဲ့အထိ ပြင်ဆင်ဖို့ လိုသလို … B612 တို့ Photo Wonder တို့ 360 တို့နဲ့ ပုံကို effect တွေ သုံးပြီး လှအောင် ပြင်သလိုမျိုး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ အစရှိတဲ့ effect တွေ ထည့်ရင် ပိုမကောင်းဘူးလား …
Selfi ဆွဲတဲ့အခါ Post ကို အမျိုးပေးပြီး စိတ်ကြိုက်ရွေးသလို ကိုယ်လုပ်မယ့် အလုပ်ကို သေသေချာချာ ဆန်းစစ်လေ့လာပြီးမှ … လုပ်ကြမယ်ဆိုရင် …. ရလာတဲ့ ပုံလေးကို အချိန်ပေးပြီး စိတ်ရှည် လက်ရှည်နဲ့ Effect တွေနဲ့ ပြင်သလို … ကိုယ့်ဘဝကို လှပစေမယ့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေ ကို ဖြည့်တင်းတဲ့အခါ အချိန်ပေးပြီး လေ့လာသင်ယူပြီး ဖြည့်တင်းကြမယ် ဆိုရင် ကိုယ့်ရဲ့ ဘဝဆက်ဖီလေး လှလှပပလေးနဲ့ လူတွေကြားထဲရောက်သွားမယ်ဆိုရင် … ကိုယ့်ရဲ့ အရည်အချင်း၊ အရည်အသွေး ကို အသိအမှတ်ပြုတဲ့ Like တွေ ရလာမှာဖြစ်သလို … “အရမ်းတော်တယ် … လေးစားစရာပဲ … လိမ္မာလိုက်တာ” စတဲ့ Comment လေးတွေ ရလာမယ်ဆိုရင် ကိုယ့်ဘဝ ဆက်ဖီ လေးဟာ အင်မတန် စိတ်ကျေနပ်စရာ ကောင်းနေလိမ့်မယ်လို့ ယုံကြည်ပါတယ် … ။
လူငယ်တွေ Facebook ကို Selfi ပုံမတင်ခင် သေသေချာချာ ပြင်ဆင်ကြသလို ဘဝဆက်ဖီ ကို စိတ်ရှည်လက်ရှည် ဂရုတစိုက် သေသေချာချာ စိတ်ကြိုက် ပြင်ဆင်ကြမယ်ဆိုရင် …
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

Credit to Aung Ko Oo - UMK


ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment