Google Play Store မှာ This item isn’t available in your country ဆိုပြီး Install လုပ်ခွင့်မပေးတဲ့ App ကို အလွယ်တကူ Install လုပ်နည်း..


Google Play Store မှာ ကျွန်တော်တို့ လိုချင်တဲ့ App ကိုတွေ့ပေမယ့် This item isn’t available in your country ဆိုပြီး Install လုပ်ခွင့်မပေးတာကို ကြုံဖူးကြမှာပါ။ ကိုယ့်နိုင်ငံကို Support မပေးတဲ့အတွက် Install လုပ်ခွင့်မပေးတာဖြစ်ပါတယ်။ ဒီပြဿနာကို လွယ်လွယ် ဖြေရှင်းတဲ့နည်းလေးတစ်ခု မျှဝေချင်ပါတယ်။
1.    ပထမဆုံး လိုအပ်တဲ့ App လေးတစ်ခု Download လုပ်ပြီး Install လုပ်လိုက်ပါ။ Google Play Store မှာ Cloud VPN ဆိုပြီး ရှာကာ Install လုပ်လိုက်ပါ။



Google Play Store Link >>> https://play.google.com/store/apps/details?id=net.bypass.vpn&hl=en-US

Play Store မှာ ရှာလို့ အဆင်မပြေရင် အောက်ကလင့်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ။

Download Link >>> http://adf.ly/1Y1Xs6

2.    ခုနက Install လုပ်ထားတဲ့ Cloud VPN App လေးကို ဖွင့်လိုက်ပါ။ ဘယ်ဘက်အပေါ်ထောင့်နားက ကမ္ဘာလုံးပုံလေးကို တစ်ချက်နှိပ်ပြီး နိုင်ငံ တစ်ခုခု ရွေးပေးလိုက်ပါ။ ပြီးရင် Tap to connect ဆိုတဲ့ အစိမ်းရောင် စက်ဝိုင်းကိုနှိပ်ပေးလိုက်ပါ။


3.    ဒီလိုပေါ်လာရင်တော့ Cloud VPN ချိတ်မိနေပါပြီ။

4.    Back Key နဲ့ပြန်ထွက်ပြီး Browser တစ်ခုခုကိုဖွင့်လိုက်ပါ ( ကျွန်တော်ကတော့ Google Chrome ကိုသုံးပါတယ်) ပြီးရင် ခုနက This item isn’t available in your country ဖြစ်နေတဲ့ App နာမည်ကိုရိုက်ပြီး ရှာလိုက်ပါ။
5.    ရှာလို့တွေ့ပြီဆိုရင် Google Play ပါတဲ့ လင့်ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ (တကယ်လို့များ Open With တောင်းလာရင် Browser ကိုပဲရွေးပေးလိုက်ပါ။ ကျွန်တော်ကတော့ Chrome Browser ကိုရွေးပေးလိုက်ပါတယ်)


6.    Browser ထဲမှာတော့ This item isn’t available in your country ဟာ Install လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကိုယ့်ဖုန်းနဲ့ ကိုက်တယ်ဆိုရင်တော့ Install ကိုနှိပ်ပြီး ရယူနိုင်ပါပြီ ( Install နှိပ်တဲ့အခါ အချို့ Browser မှာ Gmail password ပြန်တောင်းတတ်ပါတယ်။ Play Store ဝင်ထားတဲ့ Gmail နဲ့ Password ကိုထည့်ပေးလိုက်ရုံပါပဲ)

7.    အခုတော့ This item isn’t available in your country ဖြစ်နေတဲ့ App လေးဟာ Download လုပ်နေပါပြီ။ ပြီးရင် အလိုအလျောက် Install လုပ်သွားပါလိမ့်မယ်။



Ref : ဒီခေတ် ဂျာနယ် အတွဲ(၁)၊ အမှတ်(၁) တွင်ရေးသားခဲ့သော အကြောင်းအရာကို ပြန်လည်ဖေါ်ပြသည်။

အဆင်ပြေပါစေ...


Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment